စပါးအသင်းနဲ့ ကစားမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး အမှတ်ပေးဖလားကို ကာကွယ်သွားမယ်လို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

ယာဂင်ကလော့ပ်ဟာ လီဗာပူးလ်အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေမှုကို ကယ်တင်သွားရန် အဆင်သင့်ဖြစ်နေပါပြီ။ ကြာသပတေးနေ့မှာ စပါးအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲ့နောက်ပိုင်းမှာတော့ ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ မန်စီးတီး၊ လက်စတာ နဲ့ အဲဗာတန်အသင်းတို့ အားလုံးနဲ့ ဖေဖော်ဝါရီ ၂၀ မတိုင်ခက် ကစားရမှာဖြစ်ပြီး လက်ရှိချန်ပီယံအတွက် သရဖူကို ကာကွယ်နိုင်မလားဆိုတာ အဖြေထွက်မယ့် ပွဲတွေပဲ ဖြစ်ပါတယ်။


မော်ရင်ဟိုနဲ့ ကစားမယ့်ပွဲမတိုင်ခင်တော့ လီဗာပူးလ်အသင်းအတွက် အသင်းခေါင်းဆောင် ဟန်ဒါဆန် နဲ့ နောက်ခံလူ မာတစ်ပ်တို့ ပြန်ကစားနိုင်မှာပါ။ လီဗာပူးလ်အသင်းဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ကတည်းက တစ်ဂိုးမှ သွင်းထားနိုင်ခြင်းမရှိသေးဘူး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အက်ဖ်အေဖလားပွဲမှာ ယူနိုက်တက်ကို (၃-၂) နဲ့ ရှုံးခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
“ အသင်းအတွက် အလှည့်အပြောင်းလုပ်ပေးချင်ပါတယ်။ အက်ဖ်အေဖလားပွဲမှာတော့ ကျွန်တော် (၃) ဂိုးတောင် ပေးခဲ့ရပါတယ်။ ဒါက ကျွန်တော်လိုချင်တာမဟုတ်ပါဘူး။ ဒါက အလှည့်အပြောင်းမဟုတ်ပါဘူး။ ဒါက ဒါပဲထပ်နေတာပါ။ ဒါပေမယ့် ဒါမျိုး စိန်ခေါ်မှုကို ကျွန်တော်ကြိုက်ပါတယ်။

ကျွန်တော်က ကျွန်တော့်ဘဝဟာ အမြဲတမ်း အရာရာအဆင်ပြေနေမယ်၊ အသင်းကလည်း ပွဲတိုင်းနိုင်နေမယ်လို့ ထိုင်ပြီး တွေးနေမယ့်လူမဟုတ်ပါဘူး။ ကျွန်တော်တို့ အကောင်းမြင်ရပါမယ်။ မနက်ဖြန်တော့ ရင်ဆိုင်ရန်အသင့်ပါပဲ။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကတော့ ကျွန်တော်လည်းမသိပါဘူး။ ကျွန်တော်တို့ (၂) သင်းက ဒီဇင်ဘာလက ရင်ဆိုင်ခဲ့တာပါ” လို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

စပါးအသင္းနဲ႔ ကစားမယ့္ပြဲအတြက္ အဆင္သင့္ျဖစ္ေနၿပီး အမွတ္ေပးဖလားကို ကာကြယ္သြားမယ္လို႔ ဆိုလိုက္တဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးလ္အသင္းရဲ႕ ရလဒ္ေတြ ဆိုး႐ြားေနမႈကို ကယ္တင္သြားရန္ အဆင္သင့္ျဖစ္ေနပါၿပီ။ ၾကာသပေတးေန႔မွာ စပါးအသင္းနဲ႔ ကစားရမွာျဖစ္ၿပီး အဲ့ေနာက္ပိုင္းမွာေတာ့ ဝက္စ္ဟမ္း၊ ဘ႐ိုက္တန္၊ မန္စီးတီး၊ လက္စတာ နဲ႔ အဲဗာတန္အသင္းတို႔ အားလုံးနဲ႔ ေဖေဖာ္ဝါရီ ၂၀ မတိုင္ခက္ ကစားရမွာျဖစ္ၿပီး လက္ရွိခ်န္ပီယံအတြက္ သရဖူကို ကာကြယ္ႏိုင္မလားဆိုတာ အေျဖထြက္မယ့္ ပြဲေတြပဲ ျဖစ္ပါတယ္။

ေမာ္ရင္ဟိုနဲ႔ ကစားမယ့္ပြဲမတိုင္ခင္ေတာ့ လီဗာပူးလ္အသင္းအတြက္ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ နဲ႔ ေနာက္ခံလူ မာတစ္ပ္တို႔ ျပန္ကစားႏိုင္မွာပါ။ လီဗာပူးလ္အသင္းဟာ ဒီဇင္ဘာလ ၁၉ ရက္ေန႔ကတည္းက ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲေပ်ာက္ဆုံးေနခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလ ၂၇ ရက္ေန႔ကတည္းက တစ္ဂိုးမွ သြင္းထားႏိုင္ျခင္းမရွိေသးဘူး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကလည္း အက္ဖ္ေအဖလားပြဲမွာ ယူႏိုက္တက္ကို (၃-၂) နဲ႔ ရႈံးခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါတယ္။
“ အသင္းအတြက္ အလွည့္အေျပာင္းလုပ္ေပးခ်င္ပါတယ္။ အက္ဖ္ေအဖလားပြဲမွာေတာ့ ကြၽန္ေတာ္ (၃) ဂိုးေတာင္ ေပးခဲ့ရပါတယ္။ ဒါက ကြၽန္ေတာ္လိုခ်င္တာမဟုတ္ပါဘူး။ ဒါက အလွည့္အေျပာင္းမဟုတ္ပါဘူး။ ဒါက ဒါပဲထပ္ေနတာပါ။ ဒါေပမယ့္ ဒါမ်ိဳး စိန္ေခၚမႈကို ကြၽန္ေတာ္ႀကိဳက္ပါတယ္။

ကြၽန္ေတာ္က ကြၽန္ေတာ့္ဘဝဟာ အၿမဲတမ္း အရာရာအဆင္ေျပေနမယ္၊ အသင္းကလည္း ပြဲတိုင္းႏိုင္ေနမယ္လို႔ ထိုင္ၿပီး ေတြးေနမယ့္လူမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ အေကာင္းျမင္ရပါမယ္။ မနက္ျဖန္ေတာ့ ရင္ဆိုင္ရန္အသင့္ပါပဲ။ ဘယ္လိုေတြျဖစ္လာမလဲဆိုတာကေတာ့ ကြၽန္ေတာ္လည္းမသိပါဘူး။ ကြၽန္ေတာ္တို႔ (၂) သင္းက ဒီဇင္ဘာလက ရင္ဆိုင္ခဲ့တာပါ” လို႔ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။