လေဗာကူဆင်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီဖြစ်တဲ့ လက်စတာတောင်ပံကစားသမား ဂရေး

လက်စတာအသင်းရဲ့ တောင်ပံကစားသမား ဂရေးဟာ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။ ဂရေးကို ခရစ္စတယ်ပဲလေ့စ် နဲ့ မာဆေးလ်အသင်းတို့ကလည်း စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ လက်စတာအသင်းနဲ့ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

ဂရေးဟာ ဒီရာသီမှာ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ လက်အောက်မှာ ပွဲကစားခွင့် နည်းပါးနေသူ ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ အသင်းကြီးအတွက် (၂) ပွဲပဲ ကစားခွင့် ရထားပါတယ်။ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်က လက်စတာအသင်းကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲလူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။

 


