အာဆင်လူငယ်ကစားသမားလေး ဆာကာရဲ့ ရင့်ကျက်လာမှုကို ချီးကျူးစကားပြောဆိုလိုက်တဲ့ ယူနိုက်တက်ဂန္တဝင် ဖာဒီနန်

ဖာဒီနန်က အာဆင်နယ်အသင်း ဆောက်သမ်တန်ကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ကစားသမားရဲ့ ရင့်ကျက်လာမှုဟာ သူ့အသင်းကို အခုအချိန်ကတည်းက ကူညီပေးနေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆) ပွဲမှာ (၅) ပွဲအထိ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၈) နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအစောပိုင်းပွဲတွေတုန်းက ရလဒ်တွေ မကောင်းခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ ခြေစွမ်းတွေနဲ့အတူ နိုင်ပွဲတွေ ပြန်လည်ရရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်း ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ဆောက်သမ်တန်ကို (၁-ဝ) နဲ့ ရှုံးခဲ့တာဖြစ်ပြီး ယခုတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ပြန်လည်ကလဲ့စားပြန်ချေနိုင်ခဲ့တာဖြစ်ပြီး ဖာဒီန်ကလည်း ပွဲအပြီးမှာ ဆာကာကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ သူဟာ အလွန်ကောင်းခဲ့ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု ၊ အတွေ့အကြုံတွေက အရမ်းကို အထင်ကြီးလောက်စရာပါ။ သူဟာ အသင်းမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ အာတီတာကလည်း သူ့ရဲ့ တန်ဖိုးကို ကောင်းကောင်းသိပြီလို့ ထင်ပါတယ်” လို့ အင်္ဂလန်နောက်ခံလူဟောင်းက ဘီတီစပေါ့သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

အာဆင္လူငယ္ကစားသမားေလး ဆာကာရဲ႕ ရင့္က်က္လာမႈကို ခ်ီးက်ဴးစကားေျပာဆိုလိုက္တဲ့ ယူႏိုက္တက္ဂႏၲ၀င္ ဖာဒီနန္

ဖာဒီနန္က အာဆင္နယ္အသင္း ေဆာက္သမ္တန္ကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ကစားသမားရဲ႕ ရင့္က်က္လာမႈဟာ သူ႔အသင္းကို အခုအခ်ိန္ကတည္းက ကူညီေပးေနၿပီလို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၆) ပြဲမွာ (၅) ပြဲအထိ အႏိုင္ရခဲ့ၿပီး အမွတ္ေပးဇယား အဆင့္ (၈) ေနရာအထိ တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေစာပိုင္းပြဲေတြတုန္းက ရလဒ္ေတြ မေကာင္းခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ အဂၤလန္လက္ေရြးစင္ကစားသမားရဲ႕ ေျခစြမး္ေတြနဲ႔အတူ ႏိုင္ပြဲေတြ ျပန္လည္ရရွိလာခဲ့ပါတယ္။ အာဆင္နယ္အသင္း ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ ေဆာက္သမ္တန္ကို (၁-၀) နဲ႔ ရႈံးခဲ့တာျဖစ္ၿပီး ယခုတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ ျပန္လည္ကလဲ့စားျပန္ေခ်ႏိုင္ခဲ့တာျဖစ္ၿပီး ဖာဒီန္ကလည္း ပြဲအၿပီးမွာ ဆာကာကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“ သူဟာ အလြန္ေကာင္းခဲ့ပါတယ္။ သူ႔ရဲ႕ ကၽြမ္းက်င္မႈ ၊ အေတြ႕အၾကံဳေတြက  အရမ္းကို အထင္ႀကီးေလာက္စရာပါ။  သူဟာ အသင္းမွာ အေကာင္းဆံုးလို႔ ေျပာလို႔ရပါတယ္။ အာတီတာကလည္း သူ႔ရဲ႕ တန္ဖိုးကို ေကာင္းေကာင္းသိၿပီလို႔ ထင္ပါတယ္” လို႔ အဂၤလန္ေနာက္ခံလူေဟာင္းက ဘီတီစေပါ့သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။