မန်စီးတီးနောက်ခံလူ အဲရစ်ဂါစီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ရန် အာဆင်နယ်နဲ့ ဘာစီလိုနာအသင်း အပြိုင်ဖြစ်နေ

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းရဲ့ ဗဟိုနောက်ခံလူ အဲရစ်ဂါစီယာကို ခေါ်ယူမယ့် အသင်းတွေထဲမှာ ပါဝင်လာပြီလို့ စပိန်က သတင်းများအရ သိရပါတယ်။ အသက် ၂၀ အရွယ်နောက်ခံလူဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး (၆) လထဲကို ဝင်ရောက်နေတာဖြစ်ပြီး မန်စီးတီးအသင်းဟာ သူ့ကို ပြောင်းရွှေ့ကြေး ပေါင် ၄.၄ သန်းလောက်နဲ့ ထွက်ခွာခွင့် ပေးရဖို့ များနေတာဖြစ်ပါတယ်။

ဗဟိုနောက်ခံလူကို ခေါ်ယူနိုင်ရန် ဘာစီလိုနာအသင်းက ရေပန်းအစားဆုံးဖြစ်နေပေမယ့် စပိန်ကလပ်အသင်းဟာ ဥက္ကဌအသစ်ရွေးကောက်ပွဲကြောင့် ဒီလမှာ ကစားသမားအသစ် ခေါ်ယူရန် မရှိလောက်ဘူးလို့ သိရပါတယ်။ အခုအခါ အာဆင်နယ်အသင်းဟာ စပိန်လက်ရွေးစင်ကစားသမားကို နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာပြီဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့စဉ်က ဂါစီယာရဲ့ တိုးတက်မှုမှာ အကူအညီပေးခဲ့သူဖြစ်ပြီး ပြန်လည်လက်တွဲချင်နေတယ်လို့ သိရပါတယ်။ ဂါစီယာကို လီဂူး ၁ ကလပ်အသင်း ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေပြီး နည်းပြသစ် ပိုချက်တီနိုဟာ စပါးအသင်းမှာတုန်းက ဂါစီယာရဲ့ တိုးတက်လာမှုကို စောင့်ကြည်ခဲ့သူလည်းဖြစ်ပါတယ်။ အာဂျင်တီးနားလူမျိုးနည်းပြဟာ စပိန်လက်ရွေးစင်ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ အိုင်ဗန်ဒီလာပန်နာ နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလို့လည်း သိရပါတယ်။

မန္စီးတီးေနာက္ခံလူ အဲရစ္ဂါစီယာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ရန္ အာဆင္နယ္နဲ႔ ဘာစီလိုနာအသင္း အၿပိဳင္ျဖစ္ေန

အာဆင္နယ္အသင္းဟာ မန္စီးတီးအသင္းရဲ႕ ဗဟိုေနာက္ခံလူ အဲရစ္ဂါစီယာကို ေခၚယူမယ့္ အသင္းေတြထဲမွာ ပါ၀င္လာၿပီလို႔ စပိန္က သတင္းမ်ားအရ သိရပါတယ္။ အသက္ ၂၀ အရြယ္ေနာက္ခံလူဟာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုး (၆) လထဲကို ၀င္ေရာက္ေနတာျဖစ္ၿပီး မန္စီးတီးအသင္းဟာ သူ႔ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၄.၄ သန္းေလာက္နဲ႔ ထြက္ခြာခြင့္ ေပးရဖို႔ မ်ားေနတာျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူကို ေခၚယူႏိုင္ရန္ ဘာစီလိုနာအသင္းက ေရပန္းအစားဆံုးျဖစ္ေနေပမယ့္ စပိန္ကလပ္အသင္းဟာ ဥကၠဌအသစ္ေရြးေကာက္ပြဲေၾကာင့္ ဒီလမွာ ကစားသမားအသစ္ ေခၚယူရန္ မရွိေလာက္ဘူးလို႔ သိရပါတယ္။ အခုအခါ အာဆင္နယ္အသင္းဟာ စပိန္လက္ေရြးစင္ကစားသမားကို ေႏြရာသီအေျပာင္းအေရႊ႕မွာ အလြတ္ေခၚယူရန္ စိတ္၀င္စားေနတဲ့ အသင္းေတြထဲ ပါ၀င္လာၿပီျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာဟာ မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕ လက္ေထာက္အျဖစ္ လုပ္ကိုင္ခဲ့စဥ္က ဂါစီယာရဲ႕ တိုးတက္မႈမွာ အကူအညီေပးခဲ့သူျဖစ္ၿပီး ျပန္လည္လက္တြဲခ်င္ေနတယ္လို႔ သိရပါတယ္။ ဂါစီယာကို လီဂူး ၁ ကလပ္အသင္း ပီအက္စ္ဂ်ီကလည္း စိတ္၀င္စားေနၿပီး နည္းျပသစ္ ပိုခ်က္တီႏိုဟာ စပါးအသင္းမွာတုန္းက ဂါစီယာရဲ႕ တိုးတက္လာမႈကို ေစာင့္ၾကည္ခဲ့သူလည္းျဖစ္ပါတယ္။ အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ စပိန္လက္ေရြးစင္ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္တဲ့ အိုင္ဗန္ဒီလာပန္နာ နဲ႔လည္း ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူလို႔လည္း သိရပါတယ္။