အဲရစ်ဘိုင်လီက မက်ဂွဲရားရဲ့ ပွဲထွက်ခွင့်ကိုတောင် ခြိမ်းခြောက်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက် ဂန္တဝင်နောက်ခံလူ ဝက်စ်ဘရောင်း

ယူနိုက်တက် ဂန္တဝင်နောက်ခံလူ ဝက်စ်ဘရောင်းက လက်ရှိ ယူနိုက်တက်ဗဟိုနောက်ခံလူ အဲရစ်ဘိုင်လီကို နှစ်သက်သဘောကျသူ ဖြစ်ပါတယ်။ အိုင်ဗရီကိုစ့်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီတွေက ဒဏ်ရာပြဿနာတွေနဲ့ လုံးပမ်းနေရပြီးတဲ့နောက်မှာတော့ အသင်းအတွက် ပြန်လည်ကစားခွင့်ရလာခဲ့ပါတယ်။ သို့သော်လည်း သူဟာ ဒီရာသီမှာ ခြေစွမ်းပြနေပြီး နည်းပြဆိုးလ်ရှားကို စိတ်ပျက်စေခြင်းမရှိထားပါဘူး။

ယူနိုက်တက် နောက်တန်းနဲ့ ဘိုင်လီအကြောင်းကို ဝက်စ်ဘရောင်းကို မေးမြန်းခဲ့ရာ သူက “ ယူနိုက်တက်အသင်းရဲ့ နောက်တန်းက ဒီနှစ်မှာ စွမ်းဆောင်ရည်ကောင်းနေပါတယ်။ သူတို့ဟာ ရာသီအစမှာ တစ်ဦးချင်း အမှားအချို့နဲ ရုန်းကန်ခဲ့ရပေမယ့် အခြားကစားသမားတွေ ပြန်လည်ကစားလာနိုင်ပြီးတဲ့နောက်မှာတော့ ပွဲကစားခွင့်ကို စိန်ခေါ်လာနိုင်နေပါတယ်။ ကျွန်တော့်အထင် သူတို့ဟာ တစ်ကယ်စုစည်းလာပါတယ်။ အဲလက်စ်တဲလ်လက်စ်ဆိုရင် လုခ်ရှောကို ဖိအားပေးလာပါတယ်။ ဘိုင်လီကလည်း လင်ဒီလော့ဖ်ကို ဖိအားပေးလာနေပါတယ်။

မက်ဂွဲရားကတော့ ကြံ့ခိုင်မှုသာပြည့်ဝရင် ပွဲတိုင်းကစားခွင့်ရမှာဖြစ်ပေမယ့် ဘိုင်လီက အခု နည်းပြဆိုးလ်ရှားကို ရွေးချယ်ရခက်အောင် လုပ်နေပါတယ်။ အဲ့ဒါကတော့ သူသာ ဒီလို ဆက်ပြီး ခြေစွမ်းပြနေရင် သူ့ကို မကြာခင်မှာ ပွဲထွက်ခွင့်ပုံမှန်ပေးရတော့မှာပါ။ ဒီလို ပြိုင်ဆိုင်မှုမျိုးကို ကျွန်တော်လည်း နှစ်သက်ပါတယ်။ ဒါက ကစားသမားတွေရဲ့ ခြေစွမ်းကို ပိုပြီး တိုးတက်စေပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အဲရစ္ဘိုင္လီက မက္ဂြဲရားရဲ႕ ပြဲထြက္ခြင့္ကိုေတာင္ ၿခိမ္းေျခာက္လာႏိုင္တယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ ဂႏၲ၀င္ေနာက္ခံလူ ၀က္စ္ဘေရာင္း

ယူႏိုက္တက္ ဂႏၲ၀င္ေနာက္ခံလူ ၀က္စ္ဘေရာင္းက လက္ရွိ ယူႏိုက္တက္ဗဟိုေနာက္ခံလူ အဲရစ္ဘိုင္လီကို ႏွစ္သက္သေဘာက်သူ ျဖစ္ပါတယ္။ အိုင္ဗရီကိုစ့္လက္ေရြးစင္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီေတြက ဒဏ္ရာျပႆနာေတြနဲ႔ လံုးပမ္းေနရၿပီးတဲ့ေနာက္မွာေတာ့ အသင္းအတြက္ ျပန္လည္ကစားခြင့္ရလာခဲ့ပါတယ္။ သို႔ေသာ္လည္း သူဟာ ဒီရာသီမွာ ေျခစြမ္းျပေနၿပီး နည္းျပဆိုးလ္ရွားကို စိတ္ပ်က္ေစျခင္းမရွိထားပါဘူး။

ယူႏိုက္တက္ ေနာက္တန္းနဲ႔ ဘိုင္လီအေၾကာင္းကို ၀က္စ္ဘေရာင္းကို ေမးျမန္းခဲ့ရာ သူက “ ယူႏိုက္တက္အသင္းရဲ႕ ေနာက္တန္းက ဒီႏွစ္မွာ စြမ္းေဆာင္ရည္ေကာင္းေနပါတယ္။ သူတို႔ဟာ ရာသီအစမွာ တစ္ဦးခ်င္း အမွားအခ်ိဳ႕နဲ ႐ုနး္ကန္ခဲ့ရေပမယ့္ အျခားကစားသမားေတြ ျပန္လည္ကစားလာႏိုင္ၿပီးတဲ့ေနာက္မွာေတာ့ ပြဲကစားခြင့္ကို စိန္ေခၚလာႏိုင္ေနပါတယ္။ ကၽြန္ေတာ့္အထင္ သူတို႔ဟာ တစ္ကယ္စုစည္းလာပါတယ္။ အဲလက္စ္တဲလ္လက္စ္ဆိုရင္ လုခ္ေရွာကို ဖိအားေပးလာပါတယ္။ ဘိုင္လီကလည္း လင္ဒီေလာ့ဖ္ကို ဖိအားေပးလာေနပါတယ္။

မက္ဂြဲရားကေတာ့ ၾကံ့ခိုင္မႈသာျပည့္၀ရင္ ပြဲတိုင္းကစားခြင့္ရမွာျဖစ္ေပမယ့္ ဘိုင္လီက အခု နည္းျပဆိုးလ္ရွားကို ေရြးခ်ယ္ရခက္ေအာင္ လုပ္ေနပါတယ္။ အဲ့ဒါကေတာ့ သူသာ ဒီလို ဆက္ၿပီး ေျခစြမ္းျပေနရင္ သူ႔ကို မၾကာခင္မွာ ပြဲထြက္ခြင့္ပံုမွန္ေပးရေတာ့မွာပါ။ ဒီလို ၿပိဳင္ဆိုင္မႈမ်ိဳးကို ကၽြန္ေတာ္လည္း ႏွစ္သက္ပါတယ္။ ဒါက ကစားသမားေတြရဲ႕ ေျခစြမ္းကို ပိုၿပီး တိုးတက္ေစပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။