အိုဒီဂတ်ကို အငှားနဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် မာတင်အိုဒီဂတ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်နည်းပြ အာတီတာ နဲ့ သီးသန်းဆွေးနွေးပြီးနောက် အခြားသော ပြိုင်ဘက်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သူပါ။

အိုဒီဂတ်ဟာ နည်းပြဇီဒန်းရဲ့ အသင်းမှာ ပွဲကစားခွင့် ရုန်းကန်နေရသူဖြစ်သော်လည်း မနှစ်က ရီးရဲလ်ဆိုစီဒက်အသင်းမှာ အငှားထွက်ကစားခဲ့တုန်းက ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ နော်ဝေးလက်ရွေးစင်ကစားသမားဟာ အမ်းမရိတ်မှာ ကျောနံပတ် (၁၁) ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး သူဟာ အာဆင်နယ်ကြယ်ပွင့်ကစားသမားဟောင်း ဖာဘရီဂတ်စ်ကို လေးစားအားကျအတုယူပြီး ကြီးပြင်းလာတာပါလို့ ဝန်ခံပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ လက်မှတ်ထိုးပြီးနောက်မှာတော့ အိုဒီဂတ်က “ အာဆင်နယ်အသင်းမှာ ကျွန်တော်လေးစားကြည်ညိုတဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အကြိုက်ဆုံးက ဖာဘရီဂတ်လို့ ထင်ပါတယ်။ ငယ်ငယ်က သူ့ကို ကြည့်ပြီး ကျွန်တော်ကြီးပြင်းလာခဲ့တာပါ” လို့ ထုတ်ဖော်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ္ကို အငွားနဲ႔ ေခၚယူလိုက္ႏိုင္ၿပီျဖစ္တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ မာတင္အိုဒီဂတ္ကို ရာသီကုန္အထိ အငွားနဲ႔ ေခၚယူလိုက္ၿပီလို႔ အတည္ျပဳေၾကညာလိုက္ၿပီျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ အာဆင္နယ္နည္းျပ အာတီတာ နဲ႔ သီးသန္းေဆြးေႏြးၿပီးေနာက္ အျခားေသာ ၿပိဳင္ဘက္အသင္းေတြရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့သူပါ။

အိုဒီဂတ္ဟာ နည္းျပဇီဒန္းရဲ႕ အသင္းမွာ ပြဲကစားခြင့္ ႐ုန္းကန္ေနရသူျဖစ္ေသာ္လည္း မႏွစ္က ရီးရဲလ္ဆိုစီဒက္အသင္းမွာ အငွားထြက္ကစားခဲ့တုန္းက ေျခစြမ္းျပခဲ့သူ ျဖစ္ပါတယ္။ ေနာ္ေ၀းလက္ေရြးစင္ကစားသမားဟာ အမ္းမရိတ္မွာ ေက်ာနံပတ္ (၁၁) ကို ၀တ္ဆင္ကစားမွာျဖစ္ၿပီး သူဟာ အာဆင္နယ္ၾကယ္ပြင့္ကစားသမားေဟာင္း ဖာဘရီဂတ္စ္ကို ေလးစားအားက်အတုယူၿပီး ႀကီးျပင္းလာတာပါလို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းနဲ႔ လက္မွတ္ထိုးၿပီးေနာက္မွာေတာ့ အိုဒီဂတ္က “ အာဆင္နယ္အသင္းမွာ ကၽြန္ေတာ္ေလးစားၾကည္ညိဳတဲ့ကစားသမားေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ အႀကိဳက္ဆံုးက ဖာဘရီဂတ္လို႔ ထင္ပါတယ္။ ငယ္ငယ္က သူ႔ကို ၾကည့္ၿပီး ကၽြန္ေတာ္ႀကီးျပင္းလာခဲ့တာပါ” လို႔ ထုတ္ေဖာ္ေျပာသြားခဲ့တာ ျဖစ္ပါတယ္။