မိုက်ကယ်ဘောလက် လက်သစ် ဟော့ဖန်ဟိမ်းကွင်းလယ်ကြယ်ပွင့် ဘမ်ဂါ့တ်နာ ကို ခေါ်ယူနိုင်ရန် ယူနိုက်တက်အသင်း ရေပန်းအစားဆုံး ဖြစ်နေ

ယူနိုက်တက်အသင်းဟာ ဟော့ဖန်ဟိမ်းလူငယ်ကြယ်ပွင့် ဘမ်ဂါ့တ်နာကို ခေါ်ယူနိုင်ရန် ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ သြစတီးယားရဲ့ အလားအလာရှိဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး အိုးထရက်ဖိုဒ့်က အကြီးအကဲတွေက သူ့ကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေးက ပေါင် ၁၆ သန်းဖြစ်ပြီး နွေရာသီမှာ ခေါ်ယူလို့ရဖို့ များနေတယ်လို့ The Sun သတင်းဌာနက ဖော်ပြချက်များအရ သိရပါတယ်။ ဘောလက်လက်သစ်လို့ နာမည်ကြီးနေတဲ့ သူ့ကို စိတ်ဝင်စားနေတာ အခြားသော ပရီးမီးယားလိဂ်အသင်းတွေလည်း စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်အသင်းက ရေပန်းအစားဆုံးပဲ ဖြစ်နေတာပါ။

ဘမ်ဂါ့တ်နာဟာ ဟော့ဖန်ဟိမ်းအသင်းကို ၂၀၁၇ ခုနှစ် အသက် ၁၆ နှစ်မှာ ရောက်ရှိလာသူဖြစ်ပြီး နည်းပြဟောင်း ဂျူလီယန်နာဂျယ်လ်စမန်းလက်ထဲမှာ ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပါတယ်။ သူရဲ့ ပထမဆုံးပွဲထွက်ရာသီမှာဆိုရင် အသင်းအတွက် (၂၈) ပွဲကစားခဲ့ပြီး (၇) ဂိုးအထိသွင်းယူပေးထားပါတယ်။ ဒီရာသီမှာတော့ သူဟာ (၂၅) ပွဲကစားထားပြီး (၅) ဂိုးသွင်း (၇) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ သူဟာ လက်ရွေးစင်အသင်းမှာလည်း (၅) ပွဲကစားထားပြီး မနှစ်က ရိုမေးနီးယား၊ ဂရိအသင်းတို့နဲ့ ပွဲတွေမှာ ပထမဆုံး (၂) ဂိုးကို သွင်းယူပေးထားပါတယ်။

မိုက္ကယ္ေဘာလက္ လက္သစ္ ေဟာ့ဖန္ဟိမ္းကြင္းလယ္ၾကယ္ပြင့္ ဘမ္ဂါ့တ္နာ ကို ေခၚယူႏိုင္ရန္ ယူႏိုက္တက္အသင္း ေရပန္းအစားဆံုး ျဖစ္ေန

ယူႏိုက္တက္အသင္းဟာ ေဟာ့ဖန္ဟိမ္းလူငယ္ၾကယ္ပြင့္ ဘမ္ဂါ့တ္နာကို ေခၚယူႏိုင္ရန္ ထိပ္ဆံုးကေန ဦးေဆာင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ၾသစတီးယားရဲ႕ အလားအလာရွိဆံုး ကစားသမားေတြထဲက တစ္ေယာက္ျဖစ္ၿပီး အိုးထရက္ဖိုဒ့္က အႀကီးအကဲေတြက သူ႔ကို အနီးကပ္ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

၂၀၂၃ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းမယ့္ ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကးက ေပါင္ ၁၆ သန္းျဖစ္ၿပီး ေႏြရာသီမွာ ေခၚယူလို႔ရဖို႔ မ်ားေနတယ္လို႔ The Sun သတင္းဌာနက ေဖာ္ျပခ်က္မ်ားအရ သိရပါတယ္။ ေဘာလက္လက္သစ္လို႔ နာမည္ႀကီးေနတဲ့ သူ႔ကို စိတ္၀င္စားေနတာ အျခားေသာ ပရီးမီးယားလိဂ္အသင္းေတြလည္း စိတ္၀င္စားေနေပမယ့္ ယူႏိုက္တက္အသင္းက ေရပန္းအစားဆံုးပဲ ျဖစ္ေနတာပါ။

ဘမ္ဂါ့တ္နာဟာ ေဟာ့ဖန္ဟိမ္းအသင္းကို ၂၀၁၇ ခုႏွစ္ အသက္ ၁၆ ႏွစ္မွာ ေရာက္ရွိလာသူျဖစ္ၿပီး နည္းျပေဟာင္း ဂ်ဴလီယန္နာဂ်ယ္လ္စမန္းလက္ထဲမွာ ပြဲထြက္ခြင့္ရခဲ့သူျဖစ္ပါတယ္။ သူရဲ႕ ပထမဆံုးပြဲထြက္ရာသီမွာဆိုရင္ အသင္းအတြက္ (၂၈) ပြဲကစားခဲ့ၿပီး (၇) ဂိုးအထိသြင္းယူေပးထားပါတယ္။ ဒီရာသီမွာေတာ့ သူဟာ (၂၅) ပြဲကစားထားၿပီး (၅) ဂိုးသြင္း (၇) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ သူဟာ လက္ေရြးစင္အသင္းမွာလည္း (၅) ပြဲကစားထားၿပီး မႏွစ္က ႐ိုေမးနီးယား၊ ဂရိအသင္းတို႔နဲ႔ ပြဲေတြမွာ ပထမဆံုး (၂) ဂိုးကို သြင္းယူေပးထားပါတယ္။