အသင်းရဲ့လူစာရင်းမှာ အရည့်အချင်းရှိသူတွေပြည့်နေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လူမခေါ်ဘူးလို့ ပြောတဲ့ ဆိုးလ်ရှား


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့လူစာရင်း အရည့်အချင်းရှိသူတွေပြည့်နေတာကြောင့် ပိတ်တော့မယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းအတွက် လူခေါ်ယူမှုပြုလုပ်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ဗန်ဒီဘိတ်ခ်၊ တဲလက်စ်၊ ကာဗာနီ၊ ပယ်လီစထရီတို့ကို ခေါ်ယူထားသလို နွေရာသီက တည်းက ခေါ်ယူခဲ့ပေမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှ ရောက်လာတဲ့ အတ္တလန္တာမှ ဒါရယ်လို ကြောင့် အသင်းမှာ အရည် အချင်းရှိသူတွေများနေပြီလို့ ဆိုးလ်ရှားက ပြောခဲ့တာပဲ ဖြစ်ပါတယ်။


လက်ရှိအမှတ်ပေးဇယား ဒုတိယနေရာမှာဆိုပေမယ့် ဒီနေ့ညမှာကစားမယ့် ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာသာ အနိုင်ရခဲ့မယ်ဆို ရင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်တာကြောင့် အဆင့်-၁ နေရာအတွက် စိုးရိမ်မှုမရှိကြောင်းလည်း ပြောခဲ့ပါ တယ်။ လက်ရှိအသင်းက အကောင်းဆုံးအနေအထားမှာရှိနေတယ်ဆိုပေမယ့် ပရိသတ်တွေကတော့ ဇန်နဝါရီအပြောင်း အရွှေ့မှာ ကစားသမားကောင်း တစ်ယောက်မဟုတ်ရင် နှစ်ယောက်ခေါ်ယူဖို့ အလိုရှိနေတယ်ဆိုပြီး သိရပါတယ်။


ဇန်နဝါရီ ၃၁ ရက်နေ့မှာပိတ်သိမ်းမယ့် ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ ယူနိုက်တက်အနေနဲ့ ညာ တောင်ပံကစားသမားတစ်ဦးနဲ့ နောက်ခံလူတစ်ဦးခေါ်ယူဖို့ ရှိနေတယ်ဆိုပြီး သတင်းတွေက ဖော်ပြခဲ့ကြပေမယ့် ဆိုးလ်ရှား ကတော့ ဒီသတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ ဆိုးလ်ရှားက “ လက်ရှိအသင်းရဲ့ လူအင်အားက အကောင်းဆုံးအနေ အထားမှာ ရှိနေပါတယ်။ တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး ကစားသွားမယ်ဆိုရင် ချန်ပီယံဆုကို ရရှိမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

အသင္းရဲ႕လူစာရင္းမွာ အရည့္အခ်င္းရွိသူေတြျပည့္ေနတာေၾကာင့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ လူမေခၚဘူးလို႔ ေျပာတဲ့ ဆိုးလ္ရွား
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက အသင္းရဲ႕လူစာရင္း အရည့္အခ်င္းရွိသူေတြျပည့္ေနတာေၾကာင့္ ပိတ္ေတာ့မယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းအတြက္ လူေခၚယူမႈျပဳလုပ္ေတာ့မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ဗန္ဒီဘိတ္ခ္၊ တဲလက္စ္၊ ကာဗာနီ၊ ပယ္လီစထရီတို႔ကို ေခၚယူထားသလို ေႏြရာသီက တည္းက ေခၚယူခဲ့ေပမယ့္ ဇန္နဝါရီအေျပာင္းအေရႊ႕မွ ေရာက္လာတဲ့ အတၱလႏၲာမွ ဒါရယ္လို ေၾကာင့္ အသင္းမွာ အရည္ အခ်င္းရွိသူေတြမ်ားေနၿပီလို႔ ဆိုးလ္ရွားက ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
လက္ရွိအမွတ္ေပးဇယား ဒုတိယေနရာမွာဆိုေပမယ့္ ဒီေန႔ညမွာကစားမယ့္ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာသာ အႏိုင္ရခဲ့မယ္ဆို ရင္ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာျဖစ္တာေၾကာင့္ အဆင့္-၁ ေနရာအတြက္ စိုးရိမ္မႈမရွိေၾကာင္းလည္း ေျပာခဲ့ပါ တယ္။ လက္ရွိအသင္းက အေကာင္းဆံုးအေနအထားမွာရွိေနတယ္ဆိုေပမယ့္ ပရိသတ္ေတြကေတာ့ ဇန္နဝါရီအေျပာင္း အေရႊ႕မွာ ကစားသမားေကာင္း တစ္ေယာက္မဟုတ္ရင္ ႏွစ္ေယာက္ေခၚယူဖို႔ အလိုရွိေနတယ္ဆိုၿပီး သိရပါတယ္။
ဇန္နဝါရီ ၃၁ ရက္ေန႔မွာပိတ္သိမ္းမယ့္ ေဆာင္းရာသီအေျပာင္းအေရႊ႕ေစ်းကြက္ မပိတ္ခင္မွာ ယူႏိုက္တက္အေနနဲ႔ ညာ ေတာင္ပံကစားသမားတစ္ဦးနဲ႔ ေနာက္ခံလူတစ္ဦးေခၚယူဖို႔ ရွိေနတယ္ဆိုၿပီး သတင္းေတြက ေဖာ္ျပခဲ့ၾကေပမယ့္ ဆိုးလ္ရွား ကေတာ့ ဒီသတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။ ဆိုးလ္ရွားက “ လက္ရွိအသင္းရဲ႕ လူအင္အားက အေကာင္းဆံုးအေန အထားမွာ ရွိေနပါတယ္။ တစ္ပြဲခ်င္းစီကို အာရံုစိုက္ၿပီး ကစားသြားမယ္ဆိုရင္ ခ်န္ပီယံဆုကို ရရွိမွာပါ” လို႔ ေျပာခဲ့ပါတယ္။