ဝက်စ်ဘရွန်းကို ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ မန်စီးတီးအတွက် ပွဲပေါင်း ၁၀၀ ပြည့်ခဲ့တဲ့ ကွင်းလယ်လူ ဖိုဒန်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းအတွက် ကွင်းလယ်လူ ဖိုဒန်က ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဖိုဒန်ဟာ အသင်းခေါင်းဆောင်းဟောင်း တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားမရှိတော့တဲ့နောက်မှာ နည်းပြ ဂွါဒီယိုလာရဲ့ နှစ်သက်ခြင်းခံရတဲ့ ကစားသ မား တစ်ဦးလည်း ဖြစ်ပါတယ်။


မန်စီးတီးလူငယ်အကယ်ဒမီက ပေါ်ထွက်လာတဲ့ ဖိုဒန်ဟာ ၂၀၁၇ ခုနှစ်နိုဝင်ဘာလတုန်းက ဖီယင်နုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးပေမယ့် ဖိုဒန်ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလား တစ်ကြိမ်စီရထားတဲ့အထိ အောင်မြင်မှုတွေ ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲအထိပါဝင်ကစားခွင့်ရခဲ့တဲ့ ဖိုဒန်ဟာ ဒီရာသီပြိုင်ပွဲစုံမှာ လည်း ၂၅ ပွဲကစားပြီး သွင်းဂိုး ၉ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းရဲ့အဓိကကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဒီဘရူနီအနေနဲ့ ဒဏ်ရာကြောင့် သီတင်း ၆ပတ်ခန့်အထိ အနားယူရဖို့ ရှိနေတာကြောင့် ဖိုဒန်အနေနဲ့ အသင်း ရဲ့ကွင်းလယ်မှာ အဓိကပါဝင်ကစားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

zawgyi version

ဝက္စ္ဘရြန္းကို ဂိုးျပတ္အႏိုင္ရတဲ့ပြဲမွာ မန္စီးတီးအတြက္ ပြဲေပါင္း ၁၀၀ ျပည့္ခဲ့တဲ့ ကြင္းလယ္လူ ဖိုဒန္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္စ္ဘရြန္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္စီးတီးအသင္းအတြက္ ကြင္းလယ္လူ ဖိုဒန္က ပြဲေပါင္း ၁၀၀ ျပည့္ေျမာက္ခဲ့ၿပီလို႔ သိရပါတယ္။ အသက္ ၂၀ အရြယ္သာရွိေသးတဲ့ ဖိုဒန္ဟာ အသင္းေခါင္းေဆာင္းေဟာင္း တစ္ဦးျဖစ္တဲ့ ကြင္းလယ္လူ ေဒးဗစ္ေဆးလ္ဗားမရွိေတာ့တဲ့ေနာက္မွာ နည္းျပ ဂြါဒီယိုလာရဲ႕ ႏွစ္သက္ျခင္းခံရတဲ့ ကစားသ မား တစ္ဦးလည္း ျဖစ္ပါတယ္။
မန္စီးတီးလူငယ္အကယ္ဒမီက ေပၚထြက္လာတဲ့ ဖိုဒန္ဟာ ၂၀၁၇ ခုႏွစ္ႏိုဝင္ဘာလတုန္းက ဖီယင္ႏုအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့တာပဲ ျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္သာရွိေသးေပမယ့္ ဖိုဒန္ဟာ မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံ ႏွစ္ႀကိမ္၊ အက္ဖ္ေအဖလားနဲ႔ လိဂ္ဖလား တစ္ႀကိမ္စီရထားတဲ့အထိ ေအာင္ျမင္မႈေတြ ရယူထားႏိုင္သူလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေဘာလံုးရာသီက မန္စီးတီးအသင္းအတြက္ ၿပိဳင္ပြဲစံု ၃၈ ပြဲအထိပါဝင္ကစားခြင့္ရခဲ့တဲ့ ဖိုဒန္ဟာ ဒီရာသီၿပိဳင္ပြဲစံုမွာ လည္း ၂၅ ပြဲကစားၿပီး သြင္းဂိုး ၉ ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။ လက္ရွိမွာ မန္စီးတီးအသင္းရဲ႕အဓိကကြင္းလယ္လူ တစ္ဦးျဖစ္တဲ့ ဒီဘ႐ူနီအေနနဲ႔ ဒဏ္ရာေၾကာင့္ သီတင္း ၆ပတ္ခန္႔အထိ အနားယူရဖို႔ ရွိေနတာေၾကာင့္ ဖိုဒန္အေနနဲ႔ အသင္း ရဲ႕ကြင္းလယ္မွာ အဓိကပါဝင္ကစားရဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။