ချဲလ်ဆီးမှာ ဒီဘရူနီ၊ ဆာလက်တို့ ကျရှုံးခဲ့ရတဲ့ အကြောင်းကို ထုတ်ဖော်ပြောခဲ့တဲ့ ကစားသမားဟောင်း အော်စကာ


ချဲလ်ဆီးအသင်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အော်စကာက အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပေမယ့် အသင်းကနေ ထွက်ပြီးနောက် ခြေစွမ်းပြပြီး နာမည်ကျော်ကစားသမားတွေဖြစ်လာတဲ့ ဒီဘရူနီနဲ့ ဆာလက်တို့အနေနဲ့ အသင်းမှာ ခြေစွမ်း မပြနိုင်တဲ့အကြောင်းတွေကို ထုတ်ဖော်ပြောကြာသွားခဲ့ပါတယ်။ ဒီဘရူနီဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူ တစ်ယောက်အဖြစ် သတ်မှတ်ခံနေရပြီး ဆာလက်ကလည်း လီဗာပူးအသင်းရဲ့တိုက်စစ်ကို ဦးဆောင်သူအဖြစ် သတ်မှတ်ခံ ထားရတာ ဖြစ်ပါတယ်။


ဒီဘရူနီ ၊ ဆာလက်တို့ နှစ်ယောက်စလုံး ချဲလ်ဆီးအသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ အော်စကာက ချဲလ်ဆီးမှာ ကစားခဲ့စဉ် က ဒီဘရူနီအနေနဲ့ အခုလိုမျိုး ခြေစွမ်းတစ်သမတ်တည်း မရှိသလို ဆာလက်ဆိုရင်လည်း အခုလောက် ရဲရဲဝံ့ဝံ့ မကစားရဲ သေးဘူးလို့ ပြောသွားခဲ့ပါတယ်။ အော်စကာဟာ ချဲလ်ဆီးအသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိကစားခဲ့ပြီး ပွဲ ပေါင်း ၂၀၃ ပွဲမှာ ၃၈ ဂိုးအထိသွင်းယူပေးပြီးမှ တရုတ်ကလပ် ရှန်ဟိုင်း SIPG ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။


Yellow and Green Football အစီအစဉ်နဲ့ တွေ့ဆုံမှုမှာတော့ အော်စကာက “ ဒီဘရူနီက ကျွန်တော်ကို အများကြီး ကူညီ ပေးနိုင်ခဲ့တဲ့သူပါ။ ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်မှာ ဒီဘရူနီ၊ ဟာဇက်နဲ့ ကျွန်တော်တို့ တွဲကစားမယ်ဆိုရင် သူက တိုက်စစ် ထက် ခံစစ်ကို ကူညီနေရပြီး တန်ပြန်တိုက်စစ်အတွက် ကျွန်တော်ကို ကူညီပေးခဲ့သူပါ။ ဆာလက်က တစ်ခြားကစားသမား တွေနဲ့ ကွဲပြားပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်တွေကို အကြိမ်များစွာလုပ်နိုင်ပေမယ့် တကယ်ပွဲကစားချိန်မှာတော့ သူအ နေနဲ့ ရဲရဲဝံ့ဝံ့ မကစားခဲ့ရတာကြောင့် နေရာမရခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ခ်ဲလ္ဆီးမွာ ဒီဘ႐ူနီ၊ ဆာလက္တို႔ က်ရႈံးခဲ့ရတဲ့ အေၾကာင္းကို ထုတ္ေဖာ္ေျပာခဲ့တဲ့ ကစားသမားေဟာင္း ေအာ္စကာ
ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေအာ္စကာက အသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိေပမယ့္ အသင္းကေန ထြက္ၿပီးေနာက္ ေျခစြမ္းျပၿပီး နာမည္ေက်ာ္ကစားသမားေတြျဖစ္လာတဲ့ ဒီဘ႐ူနီနဲ႔ ဆာလက္တို႔အေနနဲ႔ အသင္းမွာ ေျခစြမ္း မျပႏိုင္တဲ့အေၾကာင္းေတြကို ထုတ္ေဖာ္ေျပာၾကာသြားခဲ့ပါတယ္။ ဒီဘ႐ူနီဟာ လက္ရွိမွာ ကမ႓ာ့အေကာင္းဆံုးကြင္းလယ္လူ တစ္ေယာက္အျဖစ္ သတ္မွတ္ခံေနရၿပီး ဆာလက္ကလည္း လီဗာပူးအသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္သူအျဖစ္ သတ္မွတ္ခံ ထားရတာ ျဖစ္ပါတယ္။
ဒီဘ႐ူနီ ၊ ဆာလက္တို႔ ႏွစ္ေယာက္စလံုး ခ်ဲလ္ဆီးအသင္းမွာ အတူတြဲကစားခဲ့ဖူးတဲ့ ေအာ္စကာက ခ်ဲလ္ဆီးမွာ ကစားခဲ့စဥ္ က ဒီဘ႐ူနီအေနနဲ႔ အခုလိုမ်ိဳး ေျခစြမ္းတစ္သမတ္တည္း မရွိသလို ဆာလက္ဆိုရင္လည္း အခုေလာက္ ရဲရဲဝံ့ဝံ့ မကစားရဲ ေသးဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ေအာ္စကာဟာ ခ်ဲလ္ဆီးအသင္းမွာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိကစားခဲ့ၿပီး ပြဲ ေပါင္း ၂၀၃ ပြဲမွာ ၃၈ ဂိုးအထိသြင္းယူေပးၿပီးမွ တ႐ုတ္ကလပ္ ရွန္ဟိုင္း SIPG ကို ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ပါတယ္။
Yellow and Green Football အစီအစဥ္နဲ႔ ေတြ႕ဆံုမႈမွာေတာ့ ေအာ္စကာက “ ဒီဘ႐ူနီက ကၽြန္ေတာ္ကို အမ်ားႀကီး ကူညီ ေပးႏိုင္ခဲ့တဲ့သူပါ။ ခ်ဲလ္ဆီးအသင္းရဲ႕ကြင္းလယ္မွာ ဒီဘ႐ူနီ၊ ဟာဇက္နဲ႔ ကၽြန္ေတာ္တို႔ တြဲကစားမယ္ဆိုရင္ သူက တိုက္စစ္ ထက္ ခံစစ္ကို ကူညီေနရၿပီး တန္ျပန္တိုက္စစ္အတြက္ ကၽြန္ေတာ္ကို ကူညီေပးခဲ့သူပါ။ ဆာလက္က တစ္ျခားကစားသမား ေတြနဲ႔ ကြဲျပားပါတယ္။ ေလ့က်င့္ခန္းအစီအစဥ္ေတြကို အႀကိမ္မ်ားစြာလုပ္ႏိုင္ေပမယ့္ တကယ္ပြဲကစားခ်ိန္မွာေတာ့ သူအ ေနနဲ႔ ရဲရဲဝံ့ဝံ့ မကစားခဲ့ရတာေၾကာင့္ ေနရာမရခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။