ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ဒီယေဂိုကော်စတာက မန်စီးတီးအတွက် အကျိုးရှိစေမယ်လို့ ပြောခဲ့တဲ့ မီကာ ရစ်ချတ်


မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချတ်က အားနည်းနေတဲ့အသင်းရဲ့တိုက်စစ်အတွက် အက်သလက်တီကိုနဲ့ စာချုပ် ဖျက်သိမ်းထားတဲ့ ဒီယေဂိုကော်စတာကို ခေါ်ယူနိုင်မယ်ဆိုရင် အကျိုးရှိမှာဖြစ်တယ်ဆိုပြီး အကြံပေးသွားခဲ့ပါတယ်။ ဒီယေဂို ကော်စတာကို အက်သလက်တီကိုအသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းထားခဲ့တာကြောင့် သူကိုခေါ်ယူချင်တဲ့အ သင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။


ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းတဲ့အစီအစဉ်တစ်ခုမှာတော့ မီကာရစ်ချတ်က “ ဒီယေဂိုကော်စတာကို ကာလတိုစာချုပ်နဲ့ ရာသီ ကုန်အထိ အသင်းအနေနဲ့ ဘာကြောင့်ခေါ်ယူလို့မရနိုင်ရမှာလဲ။ သူက ချဲလ်ဆီးအသင်းမှာလည်း ကစားဖူးတာကြောင့် ပရီး မီးယားလိဂ်အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ နည်းပြဂွါဒီယိုအနေနဲ့ အသင်းရဲ့တိုက်စစ်အတွက် နောက်ထပ် အစီအစဉ်တစ်ခုကို ဒီယေဂိုကော်စတာနဲ့ အကောင်အထည်ဖော်သင့်ပါတယ်” လို့ အကြံပေးပြောဆိုခဲ့ပါတယ်။


ဆက်လက်ပြီး မီကာရစ်ချက်က အသင်းအနေနဲ့ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ အဂူရိုနဲ့ ဂျီးဆပ်စ်တို့ ဒဏ်ရာပြဿနာ ရှိနေ ချိန်မှာ တောင်ပံတိုက်စစ်ကစားသမားတွေနဲ့ နောက်ချန်တိုက်စစ်မှူးတွေကို အထောင်တိုက်စစ်မှူးအဖြစ်ထားပြီး နည်းပြ ဂွါ ဒီယိုလာအနေနဲ့ အသုံးပြုခဲ့ပေမယ့် တိုက်စစ်မှူးစစ်စစ် လိုအပ်ကြောင်းလည်း ပြောခဲ့ပါတယ်။ လက်ရှိဇန်နဝါရီအပြောင်းအ ရွှေ့မှာ မန်စီးတီးအနေနဲ့ တိုက်စစ်မှူးခေါ်ယူဦးမှာ မဟုတ်ဘူးလို့ သိရပေမယ့် လာမယ့်နွေရာသီမှာတော့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူႏိုင္မယ့္ ဒီေယဂိုေကာ္စတာက မန္စီးတီးအတြက္ အက်ိဳးရွိေစမယ္လို႔ ေျပာခဲ့တဲ့ မီကာ ရစ္ခ်တ္
မန္စီးတီးေနာက္ခံလူေဟာင္း မီကာရစ္ခ်တ္က အားနည္းေနတဲ့အသင္းရဲ႕တိုက္စစ္အတြက္ အက္သလက္တီကိုနဲ႔ စာခ်ဳပ္ ဖ်က္သိမ္းထားတဲ့ ဒီေယဂိုေကာ္စတာကို ေခၚယူႏိုင္မယ္ဆိုရင္ အက်ိဳးရွိမွာျဖစ္တယ္ဆိုၿပီး အၾကံေပးသြားခဲ့ပါတယ္။ ဒီေယဂို ေကာ္စတာကို အက္သလက္တီကိုအသင္းနဲ႔ ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းထားခဲ့တာေၾကာင့္ သူကိုေခၚယူခ်င္တဲ့အ သင္းေတြအေနနဲ႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွာပဲ ျဖစ္ပါတယ္။
ဘီဘီစီနဲ႔ ေတြ႕ဆံုေမးျမန္းတဲ့အစီအစဥ္တစ္ခုမွာေတာ့ မီကာရစ္ခ်တ္က “ ဒီေယဂိုေကာ္စတာကို ကာလတိုစာခ်ဳပ္နဲ႔ ရာသီ ကုန္အထိ အသင္းအေနနဲ႔ ဘာေၾကာင့္ေခၚယူလို႔မရႏိုင္ရမွာလဲ။ သူက ခ်ဲလ္ဆီးအသင္းမွာလည္း ကစားဖူးတာေၾကာင့္ ပရီး မီးယားလိဂ္အေတြ႕အၾကံဳရွိတဲ့ တိုက္စစ္မွဴးတစ္ေယာက္ပါ။ နည္းျပဂြါဒီယိုအေနနဲ႔ အသင္းရဲ႕တိုက္စစ္အတြက္ ေနာက္ထပ္ အစီအစဥ္တစ္ခုကို ဒီေယဂိုေကာ္စတာနဲ႔ အေကာင္အထည္ေဖာ္သင့္ပါတယ္” လို႔ အၾကံေပးေျပာဆိုခဲ့ပါတယ္။
ဆက္လက္ၿပီး မီကာရစ္ခ်က္က အသင္းအေနနဲ႔ အဓိကတိုက္စစ္မွဴးေတြျဖစ္တဲ့ အဂူ႐ိုနဲ႔ ဂ်ီးဆပ္စ္တို႔ ဒဏ္ရာျပႆနာ ရွိေန ခ်ိန္မွာ ေတာင္ပံတိုက္စစ္ကစားသမားေတြနဲ႔ ေနာက္ခ်န္တိုက္စစ္မွဴးေတြကို အေထာင္တိုက္စစ္မွဴးအျဖစ္ထားၿပီး နည္းျပ ဂြါ ဒီယိုလာအေနနဲ႔ အသံုးျပဳခဲ့ေပမယ့္ တိုက္စစ္မွဴးစစ္စစ္ လိုအပ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ လက္ရွိဇန္နဝါရီအေျပာင္းအ ေရႊ႕မွာ မန္စီးတီးအေနနဲ႔ တိုက္စစ္မွဴးေခၚယူဦးမွာ မဟုတ္ဘူးလို႔ သိရေပမယ့္ လာမယ့္ေႏြရာသီမွာေတာ့ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔လည္း သတင္းေတြထြက္ေနတာပဲ ျဖစ္ပါတယ္။