တရားဝင်နည်းပြဖြစ်ပြီးတာနဲ့ အသင်းသားတွေနဲ့အတူ လေ့ကျင့်မှုချက်ချင်းပြုလုပ်ခဲ့တဲ့ ချဲလ်ဆီးနည်းပြသစ် တူချယ်

နည်းပြဟောင်းလမ်းပတ်ကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် တူချယ်ကို ချက်ချင်းခန့်အပ်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ဒီနေ့ညမှာတော့ ဝုလ်ဗာဟမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ နည်းပြသစ်တူချယ်လ်အနေနဲ့ ဒီနေ့ညပွဲမှာ အသင်းကို စတင်ကိုင်တွယ်မှာ ဖြစ်တာကြောင့် အသင်းသားတွေနဲ့ လေ့ကျင့်မှုအစီအစဉ်ကို တစ်ရက်အတွင်းမှာပဲ ချက်ချင်း ပြုလုပ်ခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားအဆင့်-၉ နေရာရောက်နေပြီး နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၈ ပွဲမှာ လည်း ၅ ပွဲအထိရှုံးခဲ့တာကြောင့် တူချယ်အနေနဲ့ ရလဒ်ကောင်းရဖို့အတွက် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားအများအပြားကို ခေါ်ယူထားတာကြောင့် ခက်ခဲမှုတွေရှိနေတယ် ဆိုပေမယ့် တူချယ်အနေနဲ့ အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့လည်း အသင်းတာဝန်ရှိသူတွေက ယုံကြည်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


နည်းပြသစ်ဖြစ်လာတဲ့ တူချယ်ဟာ ချဲလ်ဆီးအသင်းမှာတော့ အတူလက်တွဲကစားခဲ့ဖူးတဲ့ သီယာဂိုဆေးလ်ဗား၊ ပူလီဆစ်တို့ နဲ့ ပြန်ပြီး အတူလုပ်ဆောင်ရမှာဖြစ်သလို ဂျာမန်မြေမှာ ရင်းနှီးခဲ့တဲ့ တီမိုဝါနာ၊ ကိုင်ဟာဗက်ဇ်တို့ကိုလည်း နည်းပြခွင့်ရရှိမှာ ဖြစ်ပါတယ်။ တူချယ်အနေနဲ့ ၃-၄-၃ ကစားကွက်ကို အသုံးပြုလေ့ရှိတာကြောင့် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတဲ့ ရူဒီဂါ၊ ကန်တီတို့အနေနဲ့ ပွဲထွက်ခွင့်ပြန်ရနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

zawgyi version

တရားဝင္နည္းျပျဖစ္ၿပီးတာနဲ႔ အသင္းသားေတြနဲ႔အတူ ေလ့က်င့္မႈခ်က္ခ်င္းျပဳလုပ္ခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပသစ္ တူခ်ယ္
နည္းျပေဟာင္းလမ္းပတ္ကို ထုတ္ပယ္ၿပီးေနာက္ နည္းျပသစ္အျဖစ္ တူခ်ယ္ကို ခ်က္ခ်င္းခန္႔အပ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ ဒီေန႔ညမွာေတာ့ ဝုလ္ဗာဟမ္တန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။ နည္းျပသစ္တူခ်ယ္လ္အေနနဲ႔ ဒီေန႔ညပြဲမွာ အသင္းကို စတင္ကိုင္တြယ္မွာ ျဖစ္တာေၾကာင့္ အသင္းသားေတြနဲ႔ ေလ့က်င့္မႈအစီအစဥ္ကို တစ္ရက္အတြင္းမွာပဲ ခ်က္ခ်င္း ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ လက္ရွိမွာ အမွတ္ေပးဇယားအဆင့္-၉ ေနရာေရာက္ေနၿပီး ေနာက္ဆံုးကစားခဲ့တဲ့ၿပိဳင္ပြဲစံု ၈ ပြဲမွာ လည္း ၅ ပြဲအထိရႈံးခဲ့တာေၾကာင့္ တူခ်ယ္အေနနဲ႔ ရလဒ္ေကာင္းရဖို႔အတြက္ လုပ္ေဆာင္ရမွာပဲ ျဖစ္ပါတယ္။ ခ်ဲလ္ဆီး အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားအမ်ားအျပားကို ေခၚယူထားတာေၾကာင့္ ခက္ခဲမႈေတြရွိေနတယ္ ဆိုေပမယ့္ တူခ်ယ္အေနနဲ႔ အေကာင္းဆံုးေျဖရွင္းႏိုင္မယ္လို႔လည္း အသင္းတာဝန္ရွိသူေတြက ယံုၾကည္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
နည္းျပသစ္ျဖစ္လာတဲ့ တူခ်ယ္ဟာ ခ်ဲလ္ဆီးအသင္းမွာေတာ့ အတူလက္တြဲကစားခဲ့ဖူးတဲ့ သီယာဂိုေဆးလ္ဗား၊ ပူလီဆစ္တို႔ နဲ႔ ျပန္ၿပီး အတူလုပ္ေဆာင္ရမွာျဖစ္သလို ဂ်ာမန္ေျမမွာ ရင္းႏွီးခဲ့တဲ့ တီမိုဝါနာ၊ ကိုင္ဟာဗက္ဇ္တို႔ကိုလည္း နည္းျပခြင့္ရရွိမွာ ျဖစ္ပါတယ္။ တူခ်ယ္အေနနဲ႔ ၃-၄-၃ ကစားကြက္ကို အသံုးျပဳေလ့ရွိတာေၾကာင့္ ပံုမွန္ပြဲထြက္ခြင့္အတြက္ ႐ုန္းကန္ေနရတဲ့ ႐ူဒီဂါ၊ ကန္တီတို႔အေနနဲ႔ ပြဲထြက္ခြင့္ျပန္ရႏိုင္တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။