ဒီမာရီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ စပါးအသင်း

စပါးအသ်းဟာ ပီအက်စ်ဂျီ တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ချဉ်းကပ်လာတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့တစ်လျှောက်လုံးမှာ ပြင်သစ်လီဂူး ၁ ချန်ပီယံအသင်းဟာ စပါးကွင်းလယ်ကစားသမား ဒယ်လီအလီကို ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။

သို့သော်လည်း သတင်းများအရ စပါးအသင်းကလည်း ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမားတစ်ယောက်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ပြန်ထွက်လာပါတယ်။ ဒီမာရီယာဟာ ပီအက်စ်ဂျီအသင်းနဲ့ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အခုအချိန်မှာ နိုင်ငံခြားက ဘယ်ကလပ်အသင်းနဲ့မဆို ဆွေးနွေးလို့ ရနေတာပဲ ဖြစ်ပါတယ်။

စပါးအသင်းဟာ ယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင်ကစားသမားအနေနဲ့ အင်္ဂလန်ကို ပြန်လာရန် စိတ်ဝင်စားသလားလို့ အရင်ဆက်သွယ်နေပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပုံမှန်ကစားခွင့်ရထားပြီး အသင်းအတွက် လီဂူး ၁ နဲ့ ချန်ပီယံလိဂ်မှာ (၂၁) ပွဲကစားထားပြီး (၃) ဂိုးသွင်း (၈) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

ဒီမာရီယာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခ်င္ေနတဲ့ စပါးအသင္း

စပါးအသ္းဟာ ပီအက္စ္ဂ်ီ ေတာင္ပံတိုက္စစ္ကစားသမား ဒီမာရီယာကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ ခ်ဥ္းကပ္လာတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဇန္နဝါရီအေျပာင္းအေရႊ႕တစ္ေလွ်ာက္လံုးမွာ ျပင္သစ္လီဂူး ၁ ခ်န္ပီယံအသင္းဟာ စပါးကြင္းလယ္ကစားသမား ဒယ္လီအလီကို ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ေနတာပဲ ျဖစ္ပါတယ္။

သို႔ေသာ္လည္း သတင္းမ်ားအရ စပါးအသင္းကလည္း ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္ကစားသမားတစ္ေယာက္ကို စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ျပန္ထြက္လာပါတယ္။ ဒီမာရီယာဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာ ျဖစ္ၿပီး အခုအခ်ိန္မွာ ႏိုင္ငံျခားက ဘယ္ကလပ္အသင္းနဲ႔မဆို ေဆြးေႏြးလို႔ ရေနတာပဲ ျဖစ္ပါတယ္။

စပါးအသင္းဟာ ယူႏိုက္တက္ကစားသမားေဟာင္းျဖစ္တဲ့ အာဂ်င္တီးနားလက္ေရြးစင္ကစားသမားအေနနဲ႔ အဂၤလန္ကို ျပန္လာရန္ စိတ္၀င္စားသလားလို႔ အရင္ဆက္သြယ္ေနပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ပံုမွန္ကစားခြင့္ရထားၿပီး အသင္းအတြက္ လီဂူး ၁ နဲ႔ ခ်န္ပီယံလိဂ္မွာ (၂၁) ပြဲကစားထားၿပီး (၃) ဂိုးသြင္း (၈) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။