ဂရင်းဝုဒ် ပိုပြီး ရင့်ကျက်လာပြီလို့ ဆိုလိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

နည်းပြဆိုးလ်ရှားက ယူနိုက်တက်အသင်းအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ဂရင်းဝုဒ်ရဲ့ စွမ်းဆောင်ရည်တိုးတက်လာတဲ့အပေါ် ပြောသွားခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ တနင်္ဂနွေနေ့က အိုးထရက်ဖိုဒ့်မှာ (၃-၂) နဲ့ အနိုင်ရခဲ့တဲ့ပွဲ၌ ယူနိုက်တက်အသင်းအတွက် ချေပဂိုး (၁) ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။ ဒါဟာ ဂရင်းဝုဒ်အတွက် ဒီဇင်ဘာလက ဝက်စ်ဟမ်းအသင်းနဲ့ ပွဲပြီးနောက်ပိုင်း ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်အသင်းမှာတုန်းက ဟိုတယ်ကို မိန်းကလေးခေါ်ခဲ့လို့ လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂရင်းဝုဒ်ရဲ့ ခက်ခဲတဲ့ အချိန်ကာလဟာ ပြီးဆုံးသွားပြီလို့ဆိုရမှာပါ။ သို့သော်လည်း ဆိုးလ်ရှားကတော့ အသက် ၁၉ နှစ်အရွယ်ကစားသမားအနေနဲ့ ရင့်ကျက်လာပြီး ဝါရင့်တိုက်စစ်မှူး ကာဗာနီဆီက အလေ့အကျင့်ကောင်းတွေ ရယူမယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့မေဆန်ဟာ ဒုတိယရာသီဝက်မှာ အရေးပါမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒါဟာ သူ့အလိုလိုဖြစ်လာတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ကောင်းကောင်းကစားနေပြီး ဂိုးလည်းသွင်းနေပါတယ်။သူဟာ လေ့ကျင့်ရေးမှာလည်း ကာဗာနီ နဲ့ ရာသီဝက်လောက်ဖြတ်သန်းခဲ့ရလို့ ပိုပြီး ရင့်ကျက်လာပါပြီ။ သူဟာ အလေ့အကျင့်အသစ်တွေကိုလည်း သင်ယူနေပါတယ်။ မေဆန်အနေနဲ့ ကောင်းမွန်တဲ့ ခြေစွမ်း၊ ဖန်တီးမှု နဲ့ ဂိုးတွေကို ရယူနိုင်တော့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ဆိုးလ်ရှားက ပြောသွားခဲ့ပါတယ်။

ဂရင္းဝုဒ္ ပိုၿပီး ရင့္က်က္လာၿပီလို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား

နည္းျပဆိုးလ္ရွားက ယူႏိုက္တက္အသင္းအႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ ဂရင္းဝုဒ္ရဲ႕ စြမ္းေဆာင္ရည္တိုးတက္လာတဲ့အေပၚ ေျပာသြားခဲ့ပါတယ္။ ဂရင္းဝုဒ္ဟာ တနဂၤေႏြေန႔က အိုးထရက္ဖိုဒ့္မွာ (၃-၂) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲ၌ ယူႏိုက္တက္အသင္းအတြက္ ေခ်ပဂိုး (၁) ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။ ဒါဟာ ဂရင္းဝုဒ္အတြက္ ဒီဇင္ဘာလက ၀က္စ္ဟမ္းအသင္းနဲ႔ ပြဲၿပီးေနာက္ပိုင္း ပထမဆံုး ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

အဂၤလန္လက္ေရြးစင္အသင္းမွာတုန္းက ဟိုတယ္ကို မိန္းကေလးေခၚခဲ့လို႔ လက္ေရြးစင္အသင္းကေန ထုတ္ပယ္ခံခဲ့ရတဲ့ ဂရင္းဝုဒ္ရဲ႕ ခက္ခဲတဲ့ အခ်ိန္ကာလဟာ ၿပီးဆံုးသြားၿပီလို ႔ဆိုရမွာပါ။ သို႔ေသာ္လည္း ဆိုးလ္ရွားကေတာ့ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားအေနနဲ႔ ရင့္က်က္လာၿပီး ဝါရင့္တိုက္စစ္မွဴး ကာဗာနီဆီက အေလ့အက်င့္ေကာင္းေတြ ရယူမယ္လို႔ ယံုၾကည္ေနတာ ျဖစ္ပါတယ္။

“ ကၽြန္ေတာ္တို႔ေမဆန္ဟာ ဒုတိယရာသီ၀က္မွာ အေရးပါမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ဒါဟာ သူ႔အလိုလိုျဖစ္လာတာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ေကာင္းေကာင္းကစားေနၿပီး ဂိုးလည္းသြင္းေနပါတယ္။သူဟာ ေလ့က်င့္ေရးမွာလည္း ကာဗာနီ နဲ႔ ရာသီ၀က္ေလာက္ျဖတ္သန္းခဲ့ရလို႔ ပိုၿပီး ရင့္က်က္လာပါၿပီ။ သူဟာ အေလ့အက်င့္အသစ္ေတြကိုလည္း သင္ယူေနပါတယ္။ ေမဆန္အေနနဲ႔ ေကာင္းမြန္တဲ့ ေျခစြမ္း၊ ဖန္တီးမႈ နဲ႔ ဂိုးေတြကို ရယူႏိုင္ေတာ့မယ္လို႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္” လို႔ ဆိုးလ္ရွားက ေျပာသြားခဲ့ပါတယ္။