ဘောလုံးလောကကနေ အနားယူသွားပြီဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ဝေးလ်လက်ရွေးစင်အသင်းခေါင်းဆောင် အက်ရှ်လေဝီလီယမ်စ်

နောက်ခံလူ အက်ရှ်လေဝီလီယမ်စ်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီလို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဝေးလ်ကစားသမားဟာ နိုင်ငံအသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသော်လည်း ပြီးခဲ့တဲ့နွေရာသီကတည်းက ကလပ်အသင်းလက်မဲ့ ဖြစ်နေသူပါ။

ဝီလီယမ်စ်ဟာ ဇွန်လ ၂၀၂၀ မှာ ဘရစ္စတိုးလ်အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗာဟမ်တန်နွယ်ဖွား ဝီလီယမ်စ်ဟာ ကလပ်အသင်းတွေအတွက် ကစားသမားဘဝတစ်လျှောက်မှာ ပွဲပေါင်း (၇၀၀) ကျော် ကစားထားခဲ့ပြီး အဲဗာတန်ကို မပြောင်းမီ စတုတ်ပေ့ါတ်ကောင်တီ နဲ့ ဆွမ်ဆီးအသင်းတို့မှာ ကစားခဲ့သူပါ။
ဝီလီယမ်စ်ဟာ သူ့အနားယူလိုက်ပြီဆိုတဲ့ သတင်းကို လူမှုကွန်ယက်ကနေ တစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဝီလီယမ်စ်က “မကြာသေးခင် ဘောလုံးဆက်ကစားဖို့ ကမ်းလှမ်းမှုတွေကို စဉ်းစားပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူပြီလို့ ကြေညာချင်ပါတယ်။ အင်္ဂလန်ထိပ်တန်းဘောလုံးလိဂ်တွေမှာ ပွဲပေါင်း (၇၄၁) ပွဲလောက်ကစားခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ခရီးက မယုံနိုင်စရာဖြစ်ခဲ့ပြီး ကျွန်တော့်မိသားစုကို ပြန်ကြည့်ရတော့မှာပါ။ အပျော်တမ်းလိဂ်ကနေ စတင်ကစားခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ကစားခဲ့ရတဲ့အပြင် နိုင်ငံလက်ရွေးစင်အသင်းအတွက် (၈၆) ပွဲလောက်ကစားခဲ့ရတာက ကျွန်တော်ရဲ့ အကြီးမားဆုံး အိမ်မက်ကြီးတွေပါ။

ဝေးလ်လက်ရွေးစင်အသင်းကို ဦးဆောင်ပြီး ယူရို ၂၀၁၆ မှာ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာက ကျွန်တော့်ရဲ့ အကြီးမားဆုံး အောင်မြင်မှုဖြစ်ပြီး ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါဘူး။ ဘောလုံးက ကွင်းတွင်း ကွင်းပြင်မှာ ကျွန်တော့်ကို အများကြီး သင်ပေးခဲ့ပါတယ်။ ကျွန်တော့်ဘဝရဲ့ နောက်ထပ် စာမျက်နှာတစ်ခုကို ဖြတ်သန်းရတော့မှာပါ။ ဘောလုံးပွဲတွေက ကျွန်တော့်အနာဂတ်မှာ ဆက်ပြီး ပါဝင်နေမလားဆိုတာကို စောင့်မျှော်သွားမယ်” လို့ ရေးသားခဲ့ပါတယ်။

ေဘာလုံးေလာကကေန အနားယူသြားၿပီျဖစ္တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ေဝးလ္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ အက္ရွ္ေလဝီလီယမ္စ္

ေနာက္ခံလူ အက္ရွ္ေလဝီလီယမ္စ္ဟာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝကေန အနားယူလိုက္ၿပီလို႔ ေၾကညာလိုက္ၿပီျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ ေဝးလ္ကစားသမားဟာ ႏိုင္ငံအသင္းအတြက္ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ္လည္း ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ကလပ္အသင္းလက္မဲ့ ျဖစ္ေနသူပါ။

ဝီလီယမ္စ္ဟာ ဇြန္လ ၂၀၂၀ မွာ ဘရစၥတိုးလ္အသင္းနဲ႔ လမ္းခြဲခဲ့တာျဖစ္ပါတယ္။ ဝုလ္ဗာဟမ္တန္ႏြယ္ဖြား ဝီလီယမ္စ္ဟာ ကလပ္အသင္းေတြအတြက္ ကစားသမားဘဝတစ္ေလွ်ာက္မွာ ပြဲေပါင္း (၇၀၀) ေက်ာ္ ကစားထားခဲ့ၿပီး အဲဗာတန္ကို မေျပာင္းမီ စတုတ္ေပ့ါတ္ေကာင္တီ နဲ႔ ဆြမ္ဆီးအသင္းတို႔မွာ ကစားခဲ့သူပါ။
ဝီလီယမ္စ္ဟာ သူ႔အနားယူလိုက္ၿပီဆိုတဲ့ သတင္းကို လူမႈကြန္ယက္ကေန တစ္ဆင့္ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ဝီလီယမ္စ္က “မၾကာေသးခင္ ေဘာလုံးဆက္ကစားဖို႔ ကမ္းလွမ္းမႈေတြကို စဥ္းစားၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္ဟာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝကေန အနားယူၿပီလို႔ ေၾကညာခ်င္ပါတယ္။ အဂၤလန္ထိပ္တန္းေဘာလုံးလိဂ္ေတြမွာ ပြဲေပါင္း (၇၄၁) ပြဲေလာက္ကစားခြင့္ရတာ ကြၽန္ေတာ့္အတြက္ ဂုဏ္ယူစရာပါ။ ခရီးက မယုံႏိုင္စရာျဖစ္ခဲ့ၿပီး ကြၽန္ေတာ့္မိသားစုကို ျပန္ၾကည့္ရေတာ့မွာပါ။ အေပ်ာ္တမ္းလိဂ္ကေန စတင္ကစားခဲ့ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲႀကီးမွာ ကစားခဲ့ရတဲ့အျပင္ ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္ (၈၆) ပြဲေလာက္ကစားခဲ့ရတာက ကြၽန္ေတာ္ရဲ႕ အႀကီးမားဆုံး အိမ္မက္ႀကီးေတြပါ။

ေဝးလ္လက္ေ႐ြးစင္အသင္းကို ဦးေဆာင္ၿပီး ယူ႐ို ၂၀၁၆ မွာ ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့တာက ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံး ေအာင္ျမင္မႈျဖစ္ၿပီး ဘယ္ေတာ့မွ ေမ့လို႔ရမွာ မဟုတ္ေတာ့ပါဘူး။ ေဘာလုံးက ကြင္းတြင္း ကြင္းျပင္မွာ ကြၽန္ေတာ့္ကို အမ်ားႀကီး သင္ေပးခဲ့ပါတယ္။ ကြၽန္ေတာ့္ဘဝရဲ႕ ေနာက္ထပ္ စာမ်က္ႏွာတစ္ခုကို ျဖတ္သန္းရေတာ့မွာပါ။ ေဘာလုံးပြဲေတြက ကြၽန္ေတာ့္အနာဂတ္မွာ ဆက္ၿပီး ပါဝင္ေနမလားဆိုတာကို ေစာင့္ေမွ်ာ္သြားမယ္” လို႔ ေရးသားခဲ့ပါတယ္။