မိသားစုပြဿနာကြောင့် ဒီနေ့ ကစားမယ့် ဆောက်သမ်တန်နဲ့ ပွဲကို လွဲချော်ဦးမယ့် အူဘာမီးယန်း

အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်းဟာ အသင်းရဲ့ ပွဲစဉ်ကို မိသားစုကိစ္စကြောင့် လွဲချော်ဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနေ့ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ပွဲမှာ အူဘာမီးယန်းမပါပဲ ရင်ဆိုင်ကစားရမှာပါ။ အူဘာမီးယန်းဟာ အာဆင်နယ်အသင်း ဆောက်သမ်တန်အသင်းကိုပဲ အက်ဖ်အေဖလားပွဲမှာ (၁-ဝ) နဲ့ ရှုံးခဲ့တဲ့ ပွဲမှာလည်း ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲတုန်းက အူဘာမီးယန်းမပါဝင်ခဲ့တဲ့အကြောင်းကို နည်းပြ အာတီတာက ပွဲမတိုင်ခင် “နာရီပိုင်းအလိုက သူ့မှာ ပုဂ္ဂိုလ်ရေးပြဿနာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ပြန်လွှတ်လိုက်ရပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။


