ဘရာဇီး နေမာလက်သစ်ကို ယူနိုက်တက် နဲ့ မန်စီးတီးအပြိုင် စိတ်ဝင်စားနေ

ယူနိုက်တက် နဲ့ မန်စီးတီးအသင်းတို့ဟာ ဥရောပထိပ်သီးအသင်းတွေနဲ့အပြိုင် ဂါဘရီရယ်လ်ဗာရွန်ကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ် ။ နေမာလက်သစ်ဆိုပြီး နာမည်ကြီးနေတဲ့ ဘရာဇီး ဆယ်ကျော်သက်ကစားသမားဟာ ပဲလ်မီးရက်စ်အသင်းနဲ့ အသက် ၁၈ နှစ်အရွယ်မှာပဲ ပွဲထွက်ကစားနေပါတယ်။

အခုအခါ ဗာရွန်ကို ဥရောပထိပ်သီးအသင်းတွေက စိတ်ဝင်စားလာပေမယ့် ပရီးမီးယားလိဂ် ဘီလူး (၂) သင်းဖြစ်တဲ့ ယူနိုက်တက် နဲ့ မန်စီးတီးအသင်းတို့က ပိုပြီး လက်သွက်နေတယ်လို့ သတင်းများက ဖော်ပြနေတာ ဖြစ်ပါတယ်။ အခြားသတင်းများအရ ဘာစီလိုနာအသင်းက ကစားသမားရဲ့ ငယ်ဘဝကို ထိန်းချုပ်ထားတယ်လို့ သိရပြီး ကစားသမားလေးကလည်း နူးကမ့်မှာ ကစားရန် ငယ်ငယ်တုန်းက ရည်ရွယ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

သို့သော်လည်း ဘာစီလိုနာအသင်းဟာ အခုအချိန်မှာတော့ ဘဏ္ဍာရေး ကျပ်တည်းမှုကို ကြီးကြီးမားမား ရင်ဆိုင်နေရလို့ အပြောင်းအရွှေ့မှာ လှုပ်ရှားလို့ မရနိုင်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် ဗာရွန်ကို မန်စီးတီး နဲ့ ယူနိုက်တက်အသင်းတို့ကပဲ ခေါ်ယူနိုင်ရန် အခွင့်အရေးပိုရနေပါတယ်။ သူဟာ လက်ရှိ ကလပ်မှာ (၃၃) ပွဲကစားထားပြီး (၈) ဂိုးသွင်း (၃) ဂိုး ဖန်တီးပေးထားသူဖြစ်ပါတယ်။

ဒါ့အပြင် ဘရာဇီး အသက် ၁၆ နှစ် နဲ့ အသက် ၂၀ အောက်လက်ရွေးစင်အသင်းတွေမှာလည်း ပါဝင်ကစားထားခဲ့ပါတယ်။ အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားမှာတုန်းက သူဟာ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆု ရွှေဘောလုံးကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ဗာရွန်ဟာ ပဲလ်မီရက်စ်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ကျန်ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၃ သန်းရှိပါတယ်။ သို့သော်လည်း လက်ရှိ ဈေးကွက်ပေါက်ကြေးအရ ယူရို သန်း ၂၀ ပဲ ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် အဆိုပါတန်ကြေးကို ယူနိုက်တက် နဲ့ မန်စီးတီးအသင်းတို့က ပျော်ပျော်ကြီး ပေးပြီး ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ဘရာဇီး ေနမာလက္သစ္ကို ယူႏိုက္တက္ နဲ႔ မန္စီးတီးအၿပိဳင္ စိတ္၀င္စားေန

ယူႏိုက္တက္ နဲ႔ မန္စီးတီးအသင္းတို႔ဟာ ဥေရာပထိပ္သီးအသင္းေတြနဲ႔အၿပိဳင္ ဂါဘရီရယ္လ္ဗာရြန္ကို ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္ ။ ေနမာလက္သစ္ဆိုၿပီး နာမည္ႀကီးေနတဲ့ ဘရာဇီး ဆယ္ေက်ာ္သက္ကစားသမားဟာ ပဲလ္မီးရက္စ္အသင္းနဲ႔ အသက္ ၁၈ ႏွစ္အရြယ္မွာပဲ ပြဲထြက္ကစားေနပါတယ္။

အခုအခါ ဗာရြန္ကို ဥေရာပထိပ္သီးအသင္းေတြက စိတ္၀င္စားလာေပမယ့္ ပရီးမီးယားလိဂ္ ဘီလူး (၂) သင္းျဖစ္တဲ့ ယူႏိုက္တက္ နဲ႔ မန္စီးတီးအသင္းတို႔က ပိုၿပီး လက္သြက္ေနတယ္လို႔ သတင္းမ်ားက ေဖာ္ျပေနတာ ျဖစ္ပါတယ္။ အျခားသတင္းမ်ားအရ ဘာစီလိုနာအသင္းက ကစားသမားရဲ႕ ငယ္ဘ၀ကို ထိန္းခ်ဳပ္ထားတယ္လို႔ သိရၿပီး  ကစားသမားေလးကလည္း ႏူးကမ့္မွာ ကစားရန္ ငယ္ငယ္တုန္းက ရည္ရြယ္ခဲ့ဖူးတယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း ဘာစီလိုနာအသင္းဟာ အခုအခ်ိန္မွာေတာ့ ဘ႑ာေရး က်ပ္တည္းမႈကို ႀကီးႀကီးမားမား ရင္ဆိုင္ေနရလို႔ အေျပာင္းအေရႊ႕မွာ လႈပ္ရွားလို႔ မရႏိုင္ဘူးျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဗာရြန္ကို မန္စီးတီး နဲ႔ ယူႏိုက္တက္အသင္းတို႔ကပဲ ေခၚယူႏိုင္ရန္ အခြင့္အေရးပိုရေနပါတယ္။ သူဟာ လက္ရွိ ကလပ္မွာ (၃၃) ပြဲကစားထားၿပီး (၈) ဂိုးသြင္း (၃) ဂိုး ဖန္တီးေပးထားသူျဖစ္ပါတယ္။

ဒါ့အျပင္ ဘရာဇီး အသက္ ၁၆ ႏွစ္ နဲ႔ အသက္ ၂၀ ေအာက္လက္ေရြးစင္အသင္းေတြမွာလည္း ပါ၀င္ကစားထားခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္ေအာက္ ကမာၻ႕ဖလားမွာတုန္းက သူဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆံုးကစားသမားဆု ေရႊေဘာလံုးကို ရရွိခဲ့သူ ျဖစ္ပါတယ္။ ဗာရြန္ဟာ ပဲလ္မီရက္စ္အသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္က်န္ရွိေနၿပီး စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၅၃ သန္းရွိပါတယ္။ သို႔ေသာ္လည္း လက္ရွိ ေစ်းကြက္ေပါက္ေၾကးအရ ယူ႐ို သန္း ၂၀ ပဲ ရွိတယ္လို႔လည္း သိရပါတယ္။ ဒါ့ေၾကာင့္ အဆိုပါတန္ေၾကးကို ယူႏိုက္တက္ နဲ႔ မန္စီးတီးအသင္းတို႔က ေပ်ာ္ေပ်ာ္ႀကီး ေပးၿပီး ေခၚယူႏိုင္ဖြယ္ရွိေနပါတယ္။