လမ်းပတ် ကို ချဲလ်ဆီးအသင်းထုတ်ပယ်လိုက်တာက ဘောလုံးလောကရဲ့ လူမဆန်တဲ့ လူရပ်ပဲ လို့ ဆိုလိုက်တဲ့ စပါးနည်းပြ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုက လမ်းပတ်ကို ချဲလ်ဆီးအသင်း ထုတ်ပယ်လိုက်တာက ဘောလုံးလောကရဲ့ စီမံ ခန့်ခွဲမှုဟာ လူမဆန်လာပြီလို့ ပြောသွားခဲ့ပါတယ်။စတန်းဖိုဒ့်ဘရစ်ချ်မှာ ပရီးမီးယားလိဂ်ဖလား (၃) လုံးကို လမ်းပတ်နဲ့ အတူ ရယူပေးခဲ့တဲ့ ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက သူ့ကစားသမားဘ၀ အောင်မြင်ခဲ့တဲ့ အသင်းမှာ သူအထုတ်ခံခဲ့ရတာက ဝမ်းနည်းစရာကောင်းတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်နဲ့ လက်တွဲခဲ့ဖူးတဲ့သူတွေ သူတို့ အလုပ်တွေကနေ အထုတ်ခံရရင် ကျွန်တော် အမြဲ ဝမ်းနည်းတတ်ပါတယ်။ လမ်းပတ်က လက်တွဲဖော်တစ်ယောက်တောင် မကပါဘူး။ သူဟာ ကျွန်တော့်နည်းပြဘဝမှာ အရေးပါတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် သူ့အထုတ်ခံရလို့ ကျွန်တော်ခံစားနေရပါတယ်။

ဒါပေမယ့် ဒါက ဘောလုံးလောကရဲ့ လူမဆန်တဲ့ လုပ်ရပ်ပါပဲ။ အထူးသဖြင့် ခေတ်သစ်ဘောလုံးလောကမှာပေါ့။ ဒါကြောင့် နည်းပြတစ်ယောက်ဖြစ်လာရင် ဒါမျိုးက သင်ကိုယ်တိုင်လည်း အနှေးနဲ့ အမြန်ကြုံတွေ့လာရမယ်အရာဆိုတာပဲဆိုတာကို သိသွားမှာပါ”လို့ မော်ရင်ဟိုက ဝိုင်ကမ်ဘီကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

လမ္းပတ္ ကို ခ်ဲလ္ဆီးအသင္းထုတ္ပယ္လိုက္တာက ေဘာလံုးေလာကရဲ႕ လူမဆန္တဲ့ လူရပ္ပဲ လို႔ ဆိုလိုက္တဲ့ စပါးနည္းျပ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုက လမ္းပတ္ကို ခ်ဲလ္ဆီးအသင္း ထုတ္ပယ္လိုက္တာက ေဘာလံုးေလာကရဲ႕ စီမံ ခန္႔ခြဲမႈဟာ လူမဆန္လာၿပီလို႔ ေျပာသြားခဲ့ပါတယ္။စတန္းဖိုဒ့္ဘရစ္ခ်္မွာ ပရီးမီးယားလိဂ္ဖလား (၃) လံုးကို လမ္းပတ္နဲ႔ အတူ ရယူေပးခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပေဟာင္း ေမာ္ရင္ဟိုက သူ႔ကစားသမားဘ၀ ေအာင္ျမင္ခဲ့တဲ့ အသင္းမွာ သူအထုတ္ခံခဲ့ရတာက ၀မ္းနည္းစရာေကာင္းတယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

“ကၽြန္ေတာ္နဲ႔ လက္တြဲခဲ့ဖူးတဲ့သူေတြ သူတို႔ အလုပ္ေတြကေန အထုတ္ခံရရင္ ကၽြန္ေတာ္ အၿမဲ ၀မ္းနည္းတတ္ပါတယ္။ လမ္းပတ္က လက္တြဲေဖာ္တစ္ေယာက္ေတာင္ မကပါဘူး။ သူဟာ ကၽြန္ေတာ့္နည္းျပဘ၀မွာ အေရးပါတဲ့ လူတစ္ေယာက္ပါ။ ဒါေၾကာင့္ သူ႔အထုတ္ခံရလို႔ ကၽြန္ေတာ္ခံစားေနရပါတယ္။

ဒါေပမယ့္ ဒါက ေဘာလံုးေလာကရဲ႕ လူမဆန္တဲ့ လုပ္ရပ္ပါပဲ။ အထူးသျဖင့္ ေခတ္သစ္ေဘာလံုးေလာကမွာေပါ့။ ဒါေၾကာင့္ နည္းျပတစ္ေယာက္ျဖစ္လာရင္ ဒါမ်ိဳးက သင္ကိုယ္တိုင္လည္း အေႏွးနဲ႔ အျမန္ၾကံဳေတြ႕လာရမယ္အရာဆိုတာပဲဆိုတာကို သိသြားမွာပါ”လို႔ ေမာ္ရင္ဟိုက ဝိုင္ကမ္ဘီကို အႏိုင္ရခဲ့တဲ့ ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။