အပြောင်းအရွှေ့အတွက် အသုံးစရိတ်ကန့်သတ်ခံထားရတယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ လက်ရှိ အပြောင်းအရွှေ့ရာသီမှာ အသင်းက သူ့ကို အသုံးစရိတ် ကန့်သတ်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။ အာတီတာဟာ ရီးရဲလ်မက်ဒရစ်က ကွင်းလယ်ကစားသမား အိုဒီဂတ်ကို ဒီနေ့မှာ အငှားနဲ့ ခေါ်ယူနိုင်ရန် မျှော်လင့်နေတာ ဖြစ်ပါတယ်။

သူက “ကျွန်တော်တို့အနေနဲ့ ကွင်းထဲမှာ ပရိသတ်တွေ ပြန်ဝင်ခွင့် ပေးမယ်ဆိုရင် စပွန်ဆာတွေလည်း ပြန်လာမှာပါ။ အခုလက်ရှိအချိန်မှာတော့ ကျွန်တော်လည်း ဘာမှ လုပ်ပေးနိုင်စွမ်းမရှိသေးလို့ မတတ်နိုင်ပါဘူး။ ဘောလုံးဆိုတာက ငွေကြေးနဲ့ လည်ပတ်နေရတာပါ။ ရင်းနှီးမြုပ်နှံမှု နဲ့ ဝင်ငွေတွေ ရလာရင်တော့ လိုချင်သလောက် သုံးနိုင်ပါတယ်။ ကပ်ရောဂါကြီးက ကျွန်တော်တို့ကို ထိခိုက်နေပါတယ်” သတင်းထောက်များကို ပြောသွားခဲ့ပါတယ်။


