အာဆင်နယ်နဲ့ လမ်းခွဲလိုက်တဲ့ ဆိုခရာတစ် ဂရိကလပ် အိုလံပီယာကို့စ်ကို ပြောင်းရွှေ့

အာဆင်နယ်အသင်းက နှစ်ဦးသဘောတူညီမှုလမ်းခွဲပေးလိုက်တဲ့ နောက်ခံလူ ဆိုခရာတစ်ဟာ အိုလံပီယာကိုစ့်အသင်းဆီကို ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းကို ၂၀၁၈ ခုနှစ် အူနိုင်းအမ်မရီလက်ထက်တုန်းက ရောက်ရှိလာသူပါ။ သူရဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

နောက်ခံလူဟာ အာဆင်နယ်ကစားသမားဘဝအစ ပထမဆုံးရာသီမှာ ပွဲ (၄၀) အထိကစားပေးခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် အဆင့် (၅) နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။

သို့သော်လည်း အသင်းကို ၂၀၁၉ ဒီဇင်ဘာလမှာ နည်းပြသစ် အာတီတာ ရောက်လာပြီးကတည်းက ဂရိလက်ရွေးစင်ကစားသမားဟာ လက်ကျန်ရာသီမှာ (၄) ပွဲပဲ ကစားခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိဒီရာသီမှာတော့ ဆိုခရာတစ်ဟာ အာဆင်နယ်အသင်းအတွက် တစ်ပွဲမှာ ကစားခွင့်မရခဲ့ပဲ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် လူစာရင်းတွေကနေလည်း ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်က ထွက်ခွာတာနဲ့ ပတ်သက်ပြီး ဆိုခရာတစ်က “ကျွန်တော့်ကစားသမားဘ၀ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေထဲက တစ်ခု ဒီနေ့မှာ အဆုံးသတ်မှာပါ။ အာဆင်နယ်အသင်းအင်္ကျီကို ဝတ်ဆင်ပြီး ကစားခဲ့ရတာ တစ်ကယ်ကို ဂုဏ်ယူစရာပါ။ နည်းပြတွေ အားလုံး၊ အသင်းဖော်တွေအားလုံး ၊ ဝန်ထမ်းများနဲ့ လေးစားမှုတွေပေးတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ အာဆင်နယ်အတွက် ကျွန်တော်အရာရာပေးဆပ်ခဲ့ပါတယ်။ အာဆင်နယ်ကလည်း ကျွန်တော့်ကို ပြန်လည်ပေးခဲ့ပါတယ်။ အရာအားလုံး ကျန်းမာစွာနဲ့ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျေးဇူးပါ” လို့ ပြောသွားခဲ့ပါတယ်။

အာဆင္နယ္နဲ႔ လမ္းခြဲလိုက္တဲ့ ဆိုခရာတစ္ ဂရိကလပ္ အိုလံပီယာကို႔စ္ကို ေျပာငး္ေရႊ႕

အာဆင္နယ္အသင္းက ႏွစ္ဦးသေဘာတူညီမႈလမ္းခြဲေပးလိုက္တဲ့ ေနာက္ခံလူ ဆိုခရာတစ္ဟာ အိုလံပီယာကိုစ့္အသင္းဆီကို ေျပာင္းေရႊ႕သြားၿပီျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားဟာ အာဆင္နယ္အသင္းကို ၂၀၁၈ ခုႏွစ္ အူႏိုင္းအမ္မရီလက္ထက္တုန္းက ေရာက္ရွိလာသူပါ။ သူရဲ႕ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ေႏြရာသီမွာ ကုန္ဆံုးမွာျဖစ္ပါတယ္။

ေနာက္ခံလူဟာ အာဆင္နယ္ကစားသမားဘ၀အစ ပထမဆံုးရာသီမွာ ပြဲ (၄၀) အထိကစားေပးခဲ့ၿပီး အသင္းကို ပရီးမီးယားလိဂ္ အဆင့္ (၅) နဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲအထိ ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ပါတယ္။

သို႔ေသာ္လည္း အသင္းကို ၂၀၁၉ ဒီဇင္ဘာလမွာ နည္းျပသစ္ အာတီတာ ေရာက္လာၿပီးကတည္းက ဂရိလက္ေရြးစင္ကစားသမားဟာ လက္က်န္ရာသီမွာ (၄) ပြဲပဲ ကစားခဲ့ရၿပီး ႐ုန္းကန္ခဲ့ရပါတယ္။ လက္ရွိဒီရာသီမွာေတာ့ ဆိုခရာတစ္ဟာ အာဆင္နယ္အသင္းအတြက္ တစ္ပြဲမွာ ကစားခြင့္မရခဲ့ပဲ ပရီးမီးယားလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ လူစာရင္းေတြကေနလည္း ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္က ထြက္ခြာတာနဲ႔ ပတ္သက္ၿပီး ဆိုခရာတစ္က “ကၽြန္ေတာ့္ကစားသမားဘ၀ အေပ်ာ္ရႊင္ရဆံုး အခိုက္အတန္႔ေတြထဲက တစ္ခု ဒီေန႔မွာ အဆံုးသတ္မွာပါ။ အာဆင္နယ္အသင္းအက်ႌကို ၀တ္ဆင္ၿပီး ကစားခဲ့ရတာ တစ္ကယ္ကို ဂုဏ္ယူစရာပါ။ နည္းျပေတြ အားလံုး၊ အသင္းေဖာ္ေတြအားလံုး ၊ ၀န္ထမ္းမ်ားနဲ႔ ေလးစားမႈေတြေပးတဲ့ ပရိသတ္ေတြအားလံုးကိုလည္း ေက်းဇူးတင္ခ်င္ပါတယ္။ အာဆင္နယ္အတြက္ ကၽြန္ေတာ္အရာရာေပးဆပ္ခဲ့ပါတယ္။ အာဆင္နယ္ကလည္း ကၽြန္ေတာ့္ကို ျပန္လည္ေပးခဲ့ပါတယ္။ အရာအားလံုး က်န္းမာစြာနဲ႔ ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ ေက်းဇူးပါ” လို႔ ေျပာသြားခဲ့ပါတယ္။