လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မက်ဆီနဲ့ ဟာလန်းတို့ကို ခေါ်ယူပြီး အားလုံးအံအားသင့်အောင် တိုက်စစ်ဖြည့်သွား နိုင်တယ်လို့ ဖော်ပြခံရ


နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ The Sun ကတော့ တိုက်စစ်မှူးအားနည်းမှုကြောင့် ဝေဖန်ခံနေရတဲ့ မန်စီးတီး အသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ ဘယ်သူမှထင်မှတ်မထားတဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းတို့ နှစ်ယောက်ကိုခေါ်ယူပြီး အသင်းရဲ့တိုက်စစ်ကို အားဖြည့်သွားဖို့ ရှိနေတယ်ဆိုပြီး ဖော်ပြခဲ့ ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကတည်းက မက်ဆီကိုခေါ်ယူဖို့အတွက် ဆက်သွယ်နေခဲ့ တာပဲ ဖြစ်ပါတယ်။


Mail သတင်းစာကလည်း မန်စီးတီးအသင်းအမှုဆောင်အရာရှိအနေနဲ့ လာမယ့်ရာသီမှာအသင်းရဲ့တိုက်စစ်ကို အားဖြည့်မှု တွေပြုလုပ်သွားမယ်လို့ပြောခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ Sunsport ကတော့ မန်စီးတီးအသင်းအနေနဲ့ ဥရောပကလပ် အသင်းကြီးတွေက အလိုရှိနေတဲ့ ဒေါ့မန်တိုက်စစ်မှူး ဟာလန်းကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ အဓိကလုပ်ဆောင်မှာဖြစ် တယ်လို့လည်း ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။


၂၀၀၀ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးတဲ့ ဟာလန်းရဲ့ဖခင်ကြောင့် ဟာလန်းကို ခေါ်ယူနိုင်ဖို့ မန်စီးတီးအသင်းအနေနဲ့ အခွင့်အရေး ပိုများနေခဲ့သလို နည်းပြဂွါဒီယိုလာ၊ တိုက်စစ်မှူး အဂူရိုတို့နဲ့ မက်ဆီတို့ကြား ဆက် ဆံရေးကြောင့်လည်း မက်ဆီကိုခေါ်ယူနိုင်မှာဖြစ်တယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ပါတယ်။ လက်ရှိမန်စီးတီးတိုက်စစ် မှာတော့ တိုက်စစ်မှူးစစ်စစ်ဆိုလို့ အဂူရိုနဲ့ ဂျီးဆပ်စ်တို့ နှစ်ယောက်ပဲ ရှိတာဖြစ်ပါတယ်။

zawgyi version

လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ မက္ဆီနဲ႔ ဟာလန္းတို႔ကို ေခၚယူၿပီး အားလံုးအံအားသင့္ေအာင္ တိုက္စစ္ျဖည့္သြား ႏိုင္တယ္လို႔ ေဖာ္ျပခံရ
နာမည္ႀကီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ The Sun ကေတာ့ တိုက္စစ္မွဴးအားနည္းမႈေၾကာင့္ ေဝဖန္ခံေနရတဲ့ မန္စီးတီီး အသင္းအေနနဲ႔ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ ဘယ္သူမွထင္မွတ္မထားတဲ့ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီနဲ႔ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းတို႔ ႏွစ္ေယာက္ကိုေခၚယူၿပီး အသင္းရဲ႕တိုက္စစ္ကို အားျဖည့္သြားဖို႔ ရွိေနတယ္ဆိုၿပီး ေဖာ္ျပခဲ့ ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကတည္းက မက္ဆီကိုေခၚယူဖို႔အတြက္ ဆက္သြယ္ေနခဲ့ တာပဲ ျဖစ္ပါတယ္။
Mail သတင္းစာကလည္း မန္စီးတီးအသင္းအမႈေဆာင္အရာရွိအေနနဲ႔ လာမယ့္ရာသီမွာအသင္းရဲ႕တိုက္စစ္ကို အားျဖည့္မႈ ေတြျပဳလုပ္သြားမယ္လို႔ေျပာခဲ့တယ္ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။ Sunsport ကေတာ့ မန္စီးတီးအသင္းအေနနဲ႔ ဥေရာပကလပ္ အသင္းႀကီးေတြက အလိုရွိေနတဲ့ ေဒါ့မန္တိုက္စစ္မွဴး ဟာလန္းကို လက္ဦးမႈရယူၿပီး ေခၚယူႏိုင္ဖို႔ အဓိကလုပ္ေဆာင္မွာျဖစ္ တယ္လို႔လည္း ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
၂၀၀၀ ခုႏွစ္ကေန ၂၀၀၃ ခုႏွစ္အထိ မန္စီးတီးအသင္းမွာ ကစားခဲ့ဖူးတဲ့ ဟာလန္းရဲ႕ဖခင္ေၾကာင့္ ဟာလန္းကို ေခၚယူႏိုင္ဖို႔ မန္စီးတီးအသင္းအေနနဲ႔ အခြင့္အေရး ပိုမ်ားေနခဲ့သလို နည္းျပဂြါဒီယိုလာ၊ တိုက္စစ္မွဴး အဂူ႐ိုတို႔နဲ႔ မက္ဆီတို႔ၾကား ဆက္ ဆံေရးေၾကာင့္လည္း မက္ဆီကိုေခၚယူႏိုင္မွာျဖစ္တယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ပါတယ္။ လက္ရွိမန္စီးတီးတိုက္စစ္ မွာေတာ့ တိုက္စစ္မွဴးစစ္စစ္ဆိုလို႔ အဂူ႐ိုနဲ႔ ဂ်ီးဆပ္စ္တို႔ ႏွစ္ေယာက္ပဲ ရွိတာျဖစ္ပါတယ္။