အလီကို မော်ရင်ဟိုက ပြောင်းခွင့်ပေးထားပေမယ့် ဥက္ကဌ လီဗိုင်းက တားဆီးပိတ်ပင်နေတယ်လို့ သတင်းတွေကဖော်ပြ


စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာဖြစ်နေတဲ့ ကွင်းလယ်လူ ဒယ်လီအလီကို နည်းပြဖြစ်တဲ့ မော်ရင်ဟိုက ပီ အက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့အတွက် ခွင့်ပြုထားပေမယ့် ဥက္ကဌ ဖြစ်တဲ့လီဗိုင်းကတော့ သူတို့ရဲ့ကစားသမားကို ပြောင်း ရွှေ့ခွင့်မပြုဘဲ အသင်းမှာ ဆက်ထိန်းထားချင်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ နောက်ဆုံးရ သတင်းတွေအရတော့ လီဗိုင်းအနေနဲ့ အလီကို အပြီးသတ်ရောင်းချဖို့ထက် အဌားချထားဖို့ ပိုပြီးအလိုရှိနေတယ်လို့လည်း သိရပါတယ်။


အလီဟာ ဒီနှစ်ဘောလုံးရာသီမှာ စပါးအတွက် လိဂ်ပွဲစဉ်တွေမှာတစ်ပွဲသာ ပွဲထွက်ခွင့်ကစားရခဲ့တာကြောင့် အသင်းပြောင်း ရွှေ့ချင်နေတာပဲ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဥက္ကဌလီဗိုင်းအနေနဲ့ အလီရဲ့အပြောင်းအရွှေ့အတွက် အပြီးသတ်ရော၊ အဌားအတွက်ပါ လက်ခံခဲ့ခြင်းမရှိပေမယ့် ကစားသမားရဲ့ အသင်းပြောင်းရွှေ့ချင်နေတဲ့စိတ်ကြောင့် အဌားသွားရောက်က စားတာကို ခွင့်ပြုဖို့ ရှိနေတယ်လို့လည်း The Athlic သတင်းစာက ဖော်ပြခဲ့ပါတယ်။


The Sun သတင်းစာရဲ့ ဖော်ပြမှုအရတော့ အလီဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး ပီအက်စ်ဂျီအ သင်းနည်းပြသစ် ပိုချက်တီနိုကလည်း တပည့်ဟောင်းအလီကို ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ ပိုချက်တီနို ဟာ စပါးမှာ နေရာမရဖြစ်နေတဲ့ အလီအပြင် အင်တာမီလန်မှာလည်း ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေတဲ့ကွင်းလယ်လူ အဲရစ်ဆင်ကို လည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

အလီကို ေမာ္ရင္ဟိုက ေျပာင္းခြင့္ေပးထားေပမယ့္ ဥကၠဌ လီဗိုင္းက တားဆီးပိတ္ပင္ေနတယ္လို႔ သတင္းေတြကေဖာ္ျပ
စပါးအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ မေသခ်ာျဖစ္ေနတဲ့ ကြင္းလယ္လူ ဒယ္လီအလီကို နည္းျပျဖစ္တဲ့ ေမာ္ရင္ဟိုက ပီ အက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ခြင့္ျပဳထားေပမယ့္ ဥကၠဌ ျဖစ္တဲ့လီဗိုင္းကေတာ့ သူတို႔ရဲ႕ကစားသမားကို ေျပာင္း ေရႊ႕ခြင့္မျပဳဘဲ အသင္းမွာ ဆက္ထိန္းထားခ်င္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ေနာက္ဆံုးရ သတင္းေတြအရေတာ့ လီဗိုင္းအေနနဲ႔ အလီကို အၿပီးသတ္ေရာင္းခ်ဖို႔ထက္ အဌားခ်ထားဖို႔ ပိုၿပီးအလိုရွိေနတယ္လို႔လည္း သိရပါတယ္။
အလီဟာ ဒီႏွစ္ေဘာလံုးရာသီမွာ စပါးအတြက္ လိဂ္ပြဲစဥ္ေတြမွာတစ္ပြဲသာ ပြဲထြက္ခြင့္ကစားရခဲ့တာေၾကာင့္ အသင္းေျပာင္း ေရႊ႕ခ်င္ေနတာပဲ ျဖစ္ပါတယ္။ အေစာပိုင္းတုန္းက ဥကၠဌလီဗိုင္းအေနနဲ႔ အလီရဲ႕အေျပာင္းအေရႊ႕အတြက္ အၿပီးသတ္ေရာ၊ အဌားအတြက္ပါ လက္ခံခဲ့ျခင္းမရွိေပမယ့္ ကစားသမားရဲ႕ အသင္းေျပာင္းေရႊ႕ခ်င္ေနတဲ့စိတ္ေၾကာင့္ အဌားသြားေရာက္က စားတာကို ခြင့္ျပဳဖို႔ ရွိေနတယ္လို႔လည္း The Athlic သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
The Sun သတင္းစာရဲ႕ ေဖာ္ျပမႈအရေတာ့ အလီဟာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ခ်င္ေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီအ သင္းနည္းျပသစ္ ပိုခ်က္တီႏိုကလည္း တပည့္ေဟာင္းအလီကို ေခၚယူဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။ ပိုခ်က္တီႏို ဟာ စပါးမွာ ေနရာမရျဖစ္ေနတဲ့ အလီအျပင္ အင္တာမီလန္မွာလည္း ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနတဲ့ကြင္းလယ္လူ အဲရစ္ဆင္ကို လည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။