ပရီးမီးယားလိဂ်ဖလား ယူပေးနိုင်မှ တူချယ်လ်ကို နည်းပြအဖြစ်ခန့်အပ်မယ့် အေဘရာမိုဗစ်


ပြီးခဲ့တဲ့နေ့က ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် အသင်းရဲ့ဂန္တဝင်ကစားသမား တစ်ဦးဖြစ်ပြီး နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ လမ်းပတ်ကိုထုတ်ပယ်ခဲ့ပါတယ်။ လမ်းပတ်ကို ထုတ်ပယ်ပြီးနောက် ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ သေချာသလောက်ရှိနေတယ်လို့ သတင်းတွေကဖော်ပြ နေပေမယ့် အေဘရာမိုဗစ်ကတော့ တူချယ်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပေးနိုင်မှ နည်းပြအဖြစ်ခန့်အပ်မယ် လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာဂရန်နော့ဗ်စကီးနဲ့ အသင်းဥက္ကဌ ဘရုစ်ဘတ်ခ်တို့ဟာ နည်းပြဟောင်းလမ်းပတ်နဲ့ မျက် နှာချင်းဆိုင်ဆွေးနွေးမှုအပြီးမှာ လမ်းခွဲခဲ့တာဖြစ်ပြီး မနက်ဖြန်မှာကစားမယ့် ဝုလ်ဗာဟမ်တန်နဲ့ ကစားမယ့်ပွဲမတိုင်ခင်မှာ တူ ချယ်ကို နည်းပြသစ်အဖြစ်ခန့်အပ်မယ်လို့လည်း ယုံကြည်နေခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ တူချယ်ကို တရား ဝင်နည်းပြအဖြစ်ခန့်အပ်ခြင်းမရှိသေးတာက အသင်းပိုင်ရှင်ဖြစ်တဲ့ အေဘရာမိုဗစ်ရဲ့ တောင်းဆိုချက်ကြောင့်လို့လည်း သိရ ပါတယ်။


လက်ရှိအချိန်မှာတော့ အသင်းကို လက်ထောက်နည်းပြ ဂျိုးအက်ဝပ်က တာဝန်ယူပြီး လေ့ကျင့်မှုတွေပြုလုပ်နေတယ်လို့ လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ပေါင်သန်း ၂၃၀ ကျော်အသုံး ပြုထားတာကြောင့် ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယား အဆင့်-၉ နေရာ မှာရှိနေပြီး ယူနိုက်တက်နဲ့ ၁၁ မှတ်ကွာနေသလို ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့လည်း ၅ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

zawgyi version
