အသင်းမှာ ပိုက်ဆံမရှိတာကြောင့် ကစားသမားသစ် မခေါ်နိုင်ဘူးလေလို့ ပြောခဲ့တဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်


လီဗာပူးအသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လက်ရှိမှာ ရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် ဝေဖန်ခံနေရတဲ့အသင်း အနေနဲ့ ပိုက်ဆံမရှိတာကြောင့် ကစားသမားသစ် မခေါ်နိုင်တာဖြစ်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ လီဗာပူးအသင်းပိုင်ရှင် တွေဖြစ်တဲ့ Fenway Sports Group အနေနဲ့လည်း အသင်းကို လက်ရှိပုံစံနဲ့ အကောင်းဆုံးလည်ပတ်နိုင်ဖို့ အလိုရှိနေပြီး ဒါကိုလည်း နည်းပြကလော့ပ်က လက်ခံထားတာကြောင့် အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ် မခေါ်ယူတာ ဖြစ်တယ်လို့လည်း အိုဝင်က ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်ခ်နဲ့ ဂိုမက်ဇ်တို့ ဒဏ်ရာရနေတာကြောင့် ဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူဖို့ လုပ်ဆောင်နေပြီး နာပိုလီနောက်ခံလူ ကူလီဘာလီနဲ့ လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုတို့ကို ခေါ်ယူဖို့ စိတ်ဝင် စားနေပေမယ့် ကစားသမားတွေရဲ့ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် မခေါ်ယူနိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ခံစစ်ပိုင်းအား နည်းမှုတွေရှိနေတာကြောင့် ကလော့ပ်အနေနဲ့ တိုက်စစ်ကို အားအပြည့်အဝမစိုက်နိုင်ဘဲ ဖြစ်နေတယ်လို့လည်း အိုဝင်က ပြောသွားခဲ့ပါတယ်။


ဆက်လက်ပြီး အိုဝင်က တစ်ကမ္ဘာ့လုံးမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ဘောလုံးအသင်းတွေအနေနဲ့ ငွေကြေးဆုံးရှုံး မှုတွေရှိခဲ့တယ်ဆိုပေမယ့် လက်ရှိချန်ပီယံအသင်းတစ်သင်းအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်နေတဲ့ ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာတော့ လီဗာပူးအသင်း ဟာ အဆင့်- ၄နေရာမှာ ရှိနေပြီး ဇယားထိပ်က ယူနိုက်တက်နဲ့ ၆ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။

zawgyi version

အသင္းမွာ ပိုက္ဆံမရွိတာေၾကာင့္ ကစားသမားသစ္ မေခၚႏိုင္ဘူးေလလို႔ ေျပာခဲ့တဲ့ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အိုဝင္
လီဗာပူးအသင္းတိုက္စစ္မွဴးေဟာင္း မိုက္ကယ္အိုဝင္က လက္ရွိမွာ ရလဒ္ပိုင္းဆိုးရြားေနမႈေၾကာင့္ ေဝဖန္ခံေနရတဲ့အသင္း အေနနဲ႔ ပိုက္ဆံမရွိတာေၾကာင့္ ကစားသမားသစ္ မေခၚႏိုင္တာျဖစ္တယ္ဆိုၿပီး ေျပာသြားခဲ့ပါတယ္။ လီဗာပူးအသင္းပိုင္ရွင္ ေတြျဖစ္တဲ့ Fenway Sports Group အေနနဲ႔လည္း အသင္းကို လက္ရွိပံုစံနဲ႔ အေကာင္းဆံုးလည္ပတ္ႏိုင္ဖို႔ အလိုရွိေနၿပီး ဒါကိုလည္း နည္းျပကေလာ့ပ္က လက္ခံထားတာေၾကာင့္ အသင္းအေနနဲ႔ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ မေခၚယူတာ ျဖစ္တယ္လို႔လည္း အိုဝင္က ေျပာခဲ့ပါတယ္။
လီဗာပူးအသင္းဟာ အဓိကေနာက္ခံလူေတြျဖစ္တဲ့ ဗန္ဒိုက္ခ္နဲ႔ ဂိုမက္ဇ္တို႔ ဒဏ္ရာရေနတာေၾကာင့္ ဗဟိုေနာက္ခံလူတစ္ဦး ေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး နာပိုလီေနာက္ခံလူ ကူလီဘာလီနဲ႔ လစ္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုတို႔ကို ေခၚယူဖို႔ စိတ္ဝင္ စားေနေပမယ့္ ကစားသမားေတြရဲ႕ေျပာင္းေရႊ႕ေၾကးျမင့္မားမႈေၾကာင့္ မေခၚယူႏိုင္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ခံစစ္ပိုင္းအား နည္းမႈေတြရွိေနတာေၾကာင့္ ကေလာ့ပ္အေနနဲ႔ တိုက္စစ္ကို အားအျပည့္အဝမစိုက္ႏိုင္ဘဲ ျဖစ္ေနတယ္လို႔လည္း အိုဝင္က ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး အိုဝင္က တစ္ကမ႓ာ့လံုးမွာ ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ေဘာလံုးအသင္းေတြအေနနဲ႔ ေငြေၾကးဆံုးရႈံး မႈေတြရွိခဲ့တယ္ဆိုေပမယ့္ လက္ရွိခ်န္ပီယံအသင္းတစ္သင္းအေနနဲ႔ ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔အတြက္ လိုအပ္ေနတဲ့ ကစားသမားေခၚယူမႈေတြကို ျပဳလုပ္ရမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ လက္ရွိအမွတ္ေပးဇယားမွာေတာ့ လီဗာပူးအသင္း ဟာ အဆင့္- ၄ေနရာမွာ ရွိေနၿပီး ဇယားထိပ္က ယူႏိုက္တက္နဲ႔ ၆ မွတ္အထိ ကြာဟေနတာ ျဖစ္ပါတယ္။