ဆမ်အလာဒွိုက်စ်က ပါရမီရှင်တစ်ယောက်ဆိုပြီး ချီးကျူးမှု ပြုလုပ်ခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ


ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မန်စီးတီးနည်းပြ ဂွါဒီ ယိုလာက ဝက်စ်ဘရွန်းနည်းပြ ဖြစ်တဲ့ ဆမ်အလာဒွိုက်စ်ဟာ အတွေ့အကြုံများတဲ့နည်းပြတစ်ဦးဖြစ်တဲ့အပြင် ပါရမီရှင်တစ် ယောက်လည်း ဖြစ်တယ်ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။ ဆမ်အလာဒွိုက်စ်ဟာ သူရဲ့နည်းပြဘဝမှာ သူကိုင်တွယ်ခဲ့တဲ့အသင်း တွေကို တန်းမဆင်းရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် နာမည်ကျော်တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။


လက်ရှိဝက်စ်ဘရွန်းအသင်းဟာ အမှတ်ပေးဇယားအဆင့်-၁၉ နေရာမှာ ရောက်နေတယ်ဆိုပေမယ့် ဆမ်အလာဒွိုက်စ်ရဲ့ နည်းဗျူဟာတွေကြောင့် တန်းဆင်းရမယ့်အရေးကနေ လွတ်မြောက်နိုင်တယ်လို့လည်း ဂွါဒီယိုလာက ပြောခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်ပိုင်းကို ရောက်ဖို့ ကြိုးစားနေတဲ့ မန်စီးတီးအတွက် ဝက်စ်ဘရွန်းက အတားအဆီးတစ်ခုဖြစ်လာနိုင်ပြီး ပေါ့ပေါ့ဆဆ ကစားလို့မရကြောင်း ဂွါဒီယိုလာက အသင်းသားတွေကို သတိပေးခဲ့ပါတယ်။ ဒီရာသီပထမအကျော့တွေ့ဆုံမှု မှာတော့ ဒီနှစ်သင်းဟာ တစ်ဂိုးစီသရေကျခဲ့ပါတယ်။


ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက “ ဝက်စ်ဘရွန်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး နည်းပြဆမ်အလာဒွိုက်စ်ကလည်း ထူးချွန်တဲ့သူပါ။ ဒါထက်သူက ပါရမီရှင်တစ်ယောက်ဆိုရင် ပိုမှန်ပါတယ်။ အသင်းကို သူ ကိုင်တွယ်ပြီးနောက် လိဒ်၊ အာဆင်နယ်တို့ကို ဂိုးပြတ်ရှုံးခဲ့တယ်ဆိုပေမယ့် လီဗာပူးကို သရေနဲ့ ဝုလ်ဗာဟမ်တန်ကို အနိုင်ရ ခဲ့တာကြောင့် မန်စီးတီးအသင်းအနေနဲ့ ပေါ့ဆလို့မရပါဘူး” ဆိုပြီး ပြောသွားခဲ့ပါတယ်။

zawgyi version

ဆမ္အလာဒြိဳက္စ္က ပါရမီရွင္တစ္ေယာက္ဆိုၿပီး ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ
ဒီေန႔ည ယွဥ္ၿပိဳင္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ မန္စီးတီးနည္းျပ ဂြါဒီ ယိုလာက ဝက္စ္ဘရြန္းနည္းျပ ျဖစ္တဲ့ ဆမ္အလာဒြိဳက္စ္ဟာ အေတြ႕အၾကံဳမ်ားတဲ့နည္းျပတစ္ဦးျဖစ္တဲ့အျပင္ ပါရမီရွင္တစ္ ေယာက္လည္း ျဖစ္တယ္ဆိုၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။ ဆမ္အလာဒြိဳက္စ္ဟာ သူရဲ႕နည္းျပဘဝမွာ သူကိုင္တြယ္ခဲ့တဲ့အသင္း ေတြကို တန္းမဆင္းရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ နာမည္ေက်ာ္တဲ့ နည္းျပတစ္ဦးလည္း ျဖစ္ပါတယ္။
လက္ရွိဝက္စ္ဘရြန္းအသင္းဟာ အမွတ္ေပးဇယားအဆင့္-၁၉ ေနရာမွာ ေရာက္ေနတယ္ဆိုေပမယ့္ ဆမ္အလာဒြိဳက္စ္ရဲ႕ နည္းဗ်ဴဟာေတြေၾကာင့္ တန္းဆင္းရမယ့္အေရးကေန လြတ္ေျမာက္ႏိုင္တယ္လို႔လည္း ဂြါဒီယိုလာက ေျပာခဲ့ပါတယ္။ အမွတ္ေပးဇယားထိပ္ပိုင္းကို ေရာက္ဖို႔ ႀကိဳးစားေနတဲ့ မန္စီးတီးအတြက္ ဝက္စ္ဘရြန္းက အတားအဆီးတစ္ခုျဖစ္လာႏိုင္ၿပီး ေပါ့ေပါ့ဆဆ ကစားလို႔မရေၾကာင္း ဂြါဒီယိုလာက အသင္းသားေတြကို သတိေပးခဲ့ပါတယ္။ ဒီရာသီပထမအေက်ာ့ေတြ႕ဆံုမႈ မွာေတာ့ ဒီႏွစ္သင္းဟာ တစ္ဂိုးစီသေရက်ခဲ့ပါတယ္။
ပြဲမတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ဂြါဒီယိုလာက “ ဝက္စ္ဘရြန္းက အသင္းေကာင္းတစ္သင္းျဖစ္ၿပီး နည္းျပဆမ္အလာဒြိဳက္စ္ကလည္း ထူးခၽြန္တဲ့သူပါ။ ဒါထက္သူက ပါရမီရွင္တစ္ေယာက္ဆိုရင္ ပိုမွန္ပါတယ္။ အသင္းကို သူ ကိုင္တြယ္ၿပီးေနာက္ လိဒ္၊ အာဆင္နယ္တို႔ကို ဂိုးျပတ္ရႈံးခဲ့တယ္ဆိုေပမယ့္ လီဗာပူးကို သေရနဲ႔ ဝုလ္ဗာဟမ္တန္ကို အႏိုင္ရ ခဲ့တာေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ ေပါ့ဆလို႔မရပါဘူး” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။