ယူနိုက်တက်က ဗန်ဒိုက်ချ်အစား လင်ဒီလော့ဖ်ကို ရွေးချယ်ခဲ့တာလို့ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်း ချာလီအော်စတင် ထုတ်ဖော်ပြောဆို

လက်ရှိ ဝက်စ်ဘရွန်းအသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး ချာလီအော်စတင်က ၂၀၁၇ ခုနှစ် နွေရာသီတုန်းက ယူနိုက်တက်အသင်းဟာ ဗန်ဒိုက်ချ်အစား လင်ဒီလော့ဖ်ကို ရွေးချယ်ခေါ်ယူသွားခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်းဟာ ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိ လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဗန်ဒိုက်ချ်ကို ခေါ်ယူရန် ငြင်းပယ်ခဲ့တဲ့အပေါ် မယုံကြည်နိုင်ဘူးဖြစ်နေပါတယ်။

ကျူပီအာအသင်းဆီမှာ အငှားနဲ့ သွားကစားနေတဲ့ ချာလီအော်စတင်က “သူ့ရဲ့ ကစားသမားဘ၀ ဆောက်သမ်တန်မှာတုန်းက ချဲလ်ဆီးအသင်းကွင်းဆီ သွားကစားတဲ့ ပွဲမှာ ကျွန်တော်တို့ အရန်ခုံမှာ ရှိခဲ့တာကို မှတ်မိပါသေးတယ်။ ကျွန်တော်လည်း အဲ့မှာ ထိုင်နေပြီး “ဗာဂျယ် မင်းဘာတွေဖြစ်နေတာလဲဆိုပြီး ပြောခဲ့ပါတယ်။ ယူနိုက်တက်က မင်းကို ဆက်သွယ်နေတာ သေချာလား၊ သူတို့က အင်္ဂလန်ရဲ့ အကြီးမားဆုံ းကလပ်အသင်းပဲ လို့ ပြောခဲ့ပါတယ်။

ပြီးတော့ သူက ထပ်ပြောပါတယ်။ နွေရာသီတုန်းက သူတို့က ငါ နဲ့ လင်ဒီလော့ဖ် ကြားမှာ သူတို့က လင်ဒီလော့ဖ်ကို ခေါ်သွားခဲ့တယ်။ ဒါကို ဘယ်သူမှ မသိဘူး” အဲ့ဒါကို ကျွန်တော် မယုံနိုင်ဘူးဖြစ်နေပါတယ်။ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ယူႏိုက္တက္က ဗန္ဒိုက္ခ်္အစား လင္ဒီေလာ့ဖ္ကို ေရြးခ်ယ္ခဲ့တာလို႔ ေဆာက္သမ္တန္တိုက္စစ္မွဴးေဟာင္း ခ်ာလီေအာ္စတင္ ထုတ္ေဖာ္ေျပာဆို

လက္ရွိ ၀က္စ္ဘရြန္းအသင္းမွာ ကစားေနတဲ့ တိုက္စစ္မွဴး ခ်ာလီေအာ္စတင္က ၂၀၁၇ ခုႏွစ္ ေႏြရာသီတုနး္က ယူႏိုက္တက္အသင္းဟာ ဗန္ဒိုက္ခ်္အစား လင္ဒီေလာ့ဖ္ကို ေရြးခ်ယ္ေခၚယူသြားခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ေဆာက္သမ္တန္တိုက္စစ္မွဴးေဟာင္းဟာ ယူႏိုက္တက္အသင္းအေနနဲ႔ လက္ရွိ လီဗာပူးလ္အသင္းမွာ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့တဲ့ ဗန္ဒိုက္ခ်္ကို ေခၚယူရန္ ျငင္းပယ္ခဲ့တဲ့အေပၚ မယံုၾကည္ႏိုင္ဘူးျဖစ္ေနပါတယ္။

က်ဴပီအာအသင္းဆီမွာ အငွားနဲ႔ သြားကစားေနတဲ့ ခ်ာလီေအာ္စတင္က “သူ႔ရဲ႕ ကစားသမားဘ၀ ေဆာက္သမ္တန္မွာတုန္းက ခ်ဲလ္ဆီးအသင္းကြင္းဆီ သြားကစားတဲ့ ပြဲမွာ ကၽြန္ေတာ္တို႔ အရန္ခံုမွာ ရွိခဲ့တာကို မွတ္မိပါေသးတယ္။ ကၽြန္ေတာ္လည္း အဲ့မွာ ထိုင္ေနၿပီး “ဗာဂ်ယ္ မင္းဘာေတြျဖစ္ေနတာလဲဆိုၿပီး ေျပာခဲ့ပါတယ္။ ယူႏိုက္တက္က မင္းကို ဆက္သြယ္ေနတာ ေသခ်ာလား၊ သူတို႔က အဂၤလန္ရဲ႕ အႀကီးမားဆံု းကလပ္အသင္းပဲ လို႔ ေျပာခဲ့ပါတယ္။

ၿပီးေတာ့ သူက ထပ္ေျပာပါတယ္။ ေႏြရာသီတုနး္က သူတို႔က ငါ နဲ႔ လင္ဒီေလာ့ဖ္ ၾကားမွာ သူတို႔က လင္ဒီေလာ့ဖ္ကို ေခၚသြားခဲ့တယ္။ ဒါကို ဘယ္သူမွ မသိဘူး” အဲ့ဒါကို ကၽြန္ေတာ္ မယံုႏိုင္ဘူးျဖစ္ေနပါတယ္။ ကၽြန္ေတာ္ ပါးစပ္အေဟာင္းသားျဖစ္သြားတယ္” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။