ဘရူနိုဖာနန်ဒက်စ်က ကန်တိုနာလို အဆင့်မျိုး ရောက်တော့မယ်လို့ ဆိုလိုက်တဲ့ ရိုင်ယန်ဂစ်

ယူနိုက်တက်ကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်က လက်ရှိ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အဲရစ်ကန်တိုနာလိုမျိုး ယူနိုက်တက်အသင်းကို အောင်မြင်မှု ယူပေးမယ်လို့ ပြောသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မနေ့ညက လီဗာပူးလ်အသင်းကို ယူနိုက်တက်အသင်းက (၃-၂) နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ အနိုင်ဂိုးကို လူစားဝင်ကစားပြီး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ “အဲရစ်ဟာ အက်ဖ်အေဖလားကို ၉၅-၉၆ တုန်းက ကျွန်တော်တို့နဲ့ အတူ ရခဲ့ပါတယ်။ သူရှိနေတာ ကျွန်တော်တို့အတွက် ထူးခြားမှုဖြစ်စေပါတယ်။ ပွဲကြီးတွေမှာဆိုရင် သူဟာ ထူးထူးခြားခြားလုပ်ပြလေ့ရှိပါတယ်” လို့ ဂစ်က ပြောသွားခဲ့ပါတယ်။

“အခုလည်း ဖာနန်ဒက်စ်က ယူနိုက်တက်အသင်းအတွက် သံသယဖြစ်စရာမရှိလောက်အောင်ကို အကောင်းဆုံး စွမ်းဆောင်ပေးနေပါတယ်။ အဲရစ် နဲ့ နှိုင်းယှဉ်ရလောက်အောင်ကို သူ့မှာ အထင်ကြီးစရာတွေ ရှိနေပါတယ်။ သူ့ရဲ့ အရည်အသွေးကြောင့်ပဲ မဟုတ်ပါဘူး။ သူနဲ့ အတူတူ တွဲကစားနေတဲ့ ကစားသမားတွေအပေါ် သူ့ရဲ့ သက်ရောက်မှုလည်း ပါပါတယ်။

သူ့ကို အောင်နိုင်သူတစ်ယောက်လို မြင်ရနိုင်ပါတယ်။ တစ်ခုခု မှားနေတာဆိုရင် သူဟာ အဲ့ဒီကစားသမားကို ပြောပြီး သူက လည်း ဒိုင်လူကြီးကို ပြောပါတယ်။ သူဟာ အနိုင်ရဖို့အတွက်ဆိုရင် သိသာထင်ရှားလောက်အောင်ကို ငြီးတွားလေ့ရှိပါတယ်။ သူရောက်လာကတည်းက ယူနိုက်တက်ဟာ ပြောင်းလဲလာပါတယ်။ အခြားသော ထိပ်တန်းကစားသမားတွေလည်း ပွဲကြီးမှာဆိုရင် ပြောင်းလဲလာပါတယ်။ နောက်ထပ်လိုအပ်နေတာကတော့ ဆုဖလားတွေပါပဲ” လို့ ဂစ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘရူႏိုဖာနန္ဒက္စ္က ကန္တိုနာလို အဆင့္မ်ိဳး ေရာက္ေတာ့မယ္လို႔ ဆိုလိုက္တဲ့ ႐ိုင္ယန္ဂစ္

ယူႏိုက္တက္ကစားသမားေဟာင္းႀကီး ႐ိုင္ယန္ဂစ္က လက္ရွိ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က အဲရစ္ကန္တိုနာလိုမ်ိဳး ယူႏိုက္တက္အသင္းကို ေအာင္ျမင္မႈ ယူေပးမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ မေန႔ညက လီဗာပူးလ္အသင္းကို ယူႏိုက္တက္အသင္းက (၃-၂) နဲ႔ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ အႏိုင္ဂိုးကို လူစား၀င္ကစားၿပီး သြင္းယူေပးခဲ့သူ ျဖစ္ပါတယ္။ “အဲရစ္ဟာ အက္ဖ္ေအဖလားကို ၉၅-၉၆ တုန္းက ကၽြန္ေတာ္တို႔နဲ႔ အတူ ရခဲ့ပါတယ္။ သူရွိေနတာ ကၽြန္ေတာ္တို႔အတြက္ ထူးျခားမႈျဖစ္ေစပါတယ္။ ပြဲႀကီးေတြမွာဆိုရင္ သူဟာ ထူးထူးျခားျခားလုပ္ျပေလ့ရွိပါတယ္” လို႔ ဂစ္က ေျပာသြားခဲ့ပါတယ္။

“အခုလည္း ဖာနန္ဒက္စ္က ယူႏိုက္တက္အသင္းအတြက္ သံသယျဖစ္စရာမရွိေလာက္ေအာင္ကို အေကာင္းဆံုး စြမ္းေဆာင္ေပးေနပါတယ္။ အဲရစ္ နဲ႔ ႏိႈင္းယွဥ္ရေလာက္ေအာင္ကို သူ႔မွာ အထင္ႀကီးစရာေတြ ရွိေနပါတယ္။ သူ႔ရဲ႕ အရည္အေသြးေၾကာင့္ပဲ မဟုတ္ပါဘူး။ သူနဲ႔ အတူတူ တြဲကစားေနတဲ့ ကစားသမားေတြအေပၚ သူ႔ရဲ႕ သက္ေရာက္မႈလည္း ပါပါတယ္။

သူ႔ကို ေအာင္ႏိုင္သူတစ္ေယာက္လို ျမင္ရႏိုင္ပါတယ္။ တစ္ခုခု မွားေနတာဆိုရင္ သူဟာ အဲ့ဒီကစားသမားကို ေျပာၿပီး သူက လည္း ဒိုင္လူႀကီးကို ေျပာပါတယ္။ သူဟာ အႏိုင္ရဖို႔အတြက္ဆိုရင္ သိသာထင္ရွားေလာက္ေအာင္ကို ၿငီးတြားေလ့ရွိပါတယ္။ သူေရာက္လာကတည္းက ယူႏိုက္တက္ဟာ ေျပာင္းလဲလာပါတယ္။ အျခားေသာ ထိပ္တန္းကစားသမားေတြလည္း ပြဲႀကီးမွာဆိုရင္ ေျပာင္းလဲလာပါတယ္။ ေနာက္ထပ္လိုအပ္ေနတာကေတာ့ ဆုဖလားေတြပါပဲ” လို႔ ဂစ္က ေျပာသြားခဲ့တာျဖစ္ပါတယ္။