ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် လင်ဂတ်ကို အပြောင်းအရွှေ့ရာသီမပိတ်ခင် ခေါ်ယူချင်နေတဲ့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား လင်ဂတ်ကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူချင်နေတာဖြစ်ပါတယ်။ လင်ဂတ်ဟာ မနေ့က လီဗာပူးလ်အသင်းနဲ့ ပွဲလူစာရင်းကနေလည်းခ ျန်လှပ်ခြင်းခံခဲ့ရပြီး အခြားကစားသမားတွေနဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာပဲ လေ့ကျင့်ရေးဆင်းခဲ့ရပါတယ်။

နယူးကာဆယ် နဲ့ ဝက်စ်ဘရွန်းအသင်းတို့ကလည်း အသက် ၂၈ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားပေမယ့် အငှားနဲ့ ပဲ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ဟာ ယူနိုက်တက်နည်းပြအဖြစ် ၂၀၁၃-၁၄ ခုနှစ်က တာဝန်ယူခဲ့တုန်းက လင်ဂတ်နဲ့ အတူတူ လက်တွဲလုပ်ခဲ့ပါသေးတယ်။

သို့သော်လည်း သူဟာ လင်ဂတ်နဲ့ ရာသီအကြို ကာလမှာပဲ လက်တွဲခဲ့ပြီး နောက်ပိုင်းမှာ ဘာမင်ဂမ် နဲ့ ဘရိုက်တန်အသင်းတို့ထံ အငှားချခံခဲ့ရတာဖြစ်ပါတယ်။ လင်ဂတ်ဟာ မိုယက်စ်နောက်ပိုင်း ဗန်ဟားလ်လက်ထက်မှာတော့ ပွဲထွက်ကစားခွင့်ရလာပြီးနောက် အသင်းအတွက် ပွဲပေါင်း ၂၁၀ ကစားပြီး (၃၃) ဂိုးအထ ိသွင်းပေးထားပါတယ်။

သို့သော်လည်း သူဟာ ဒီရာသီမှာတော့ ယူနိုက်တက်အသင်းမှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် တစ်ပွဲမှာ ကစားခွင့်မရသေးဘူး ဖြစ်ပါတယ်။ အင်တာမီလန်၊ စပါး ၊ နိုက်စ် နဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ကလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ မိုယက်စ်ကတော့ လင်ဂတ်ကို ဒီအပြောင်းအရွှေ့ ရာသီမပိတ်ခင် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။




