ဗန်ဒီဘိခ်နေရာမှာဆို ကျွန်တော်ဆိုရင်လည်း ပျော်မှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

မနေ့ညက အက်ဖ်အေဖလားပွဲ၌ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က ဗန်ဒီဘိခ်ကို ချီးကျူးစကားပြောသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်က ယူနိုက်တက်အသင်းကစားပုံဟာ ဖျော်ဖြေမှု အပြည့်အဝပေးခဲ့ပြီး အသင်းဖော်ဗန်ဒီဘိခ်နေရာမှာ အစားဝင်ရောက်မကစားခင်အထိ ဗန်ဒီဘိခ်ရဲ့ ကစားပုံကို သေချာကြည့်ရှုခဲ့တာလည်း ဖြစ်ပါတယ်။

“ ကျွန်တော်တို့အသင်းမှာ အရမ်းကောင်းတဲ့ လူစာရင်းလည်းရှိပြီး ရွေးချယ်စရာတွေလည်း ရှိနေပါတယ်။ ဒီနေ့ ပွဲထွက် (၁၁) ယောက်နဲ့ အရန်ခုံကို ကြည့်လိုက်ပါ။ အသင်းမှာ တစ်ကယ်ကို ကောင်းတဲ့ လူစာရင်းရှိပါတယ်။ တစ်ယောက်ယောက် ပင်ပန်းနေရင်လည်း အစားထိုးစရာ လူတွေ ရှိနေပါတယ်။ ဒွန်နီကတော့ တစ်ကယ်ကို ကောင်းခဲ့ပါတယ်။

သူကစားတဲ့နေရာကို ကျွန်တော်ကြည့်နေခဲ့ပြီး သူ့လှုပ်ရှားမှုက အရမ်းကောင်းပါတယ်။ သူဟာ တစ်ကယ်ကို ကောင်းကောင်းကစားခဲ့တာပါ။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒွန်နီ နေရာမှာ ကျွန်တော်ဆိုရင်လည်း ပျော်ရွှင်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရေးအကြီးဆုံးက သူဒီနေ့ အသင်းအတွက် ဘယ်လိုကူညီပေးခဲ့သလဲဆိုတာပါပဲ””လို့ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်တီဗွီအစီအစဉ်မျာ ပြောသွားခဲ့ပါတယ်။



