ဖရီးကစ် ဘယ်နေရာကို ကန်ရမလဲဆိုတာ ကာဗာနီက ပြောပြခဲ့တာလို့ ဆိုလိုက်တဲ့ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာ လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ သူသွင်းယူပေးခဲ့တဲ့ ဖရီးကစ်ကို ဘယ်နေရာကို ကန်ရမလဲဆိုတာ အသင်းဖော် ကာဗာနီက ပြောပြခဲ့တာလို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်ကစားသမားဟာ အိုးထရက်ဖိုဒ့်မှာကစားခဲ့တဲ့ပွဲ၌ အရေးပါတဲ့ အချိန်မှာ ယူနိုက်တက်အသင်းအတွက် လူစားဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက် အစောပိုင်းသွင်းဂိုးတွေကိုတော့ ဂရင်းဝုဒ် နဲ့ ရပ်ရှ်ဖိုဒ့်တို့က သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ် လက်ရှိချန်ပီယံအသင်းကို ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာစေခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို မနှစ်ကမှ ရောက်လာခဲ့သူဖြစ်ပေမယ့် အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့သူပါ။

“ကျွန်တော်တို့ အနိုင်ရခဲ့လို့ ဝမ်းသာပါတယ်။ ဘယ်သူ ဂိုးသွင်းသလဲဆိုတာက အရေးမကြီးပါဘူး။ ကျွန်တော်ဂိုးသွင်းရင် ကျွန်တော်ပျော်ရွှင်ပါတယ်။ ဒီလို ဂိုးမျိုး သွင်းနိုင်ဖို့ ကျွန်တော် အများကြီး ကြိုးစားခဲ့ပါတယ်။ ဒီတစ်လုံးကလည်း ကောင်းပါတယ်။ ကာဗာနီက ကျွန်တော့်ကို အဲ့ဒီနေရာကို ကန်ဖို့ ပြောခဲ့ပါတယ်။ သူပြောသလိုလည်း ကန်နိုင်ခဲ့ပြီး ဂိုးလည်း ဝင်သွားပါတယ်” လို့ ဘရူနိုဖာနန်ဒက်စ်က ဘီဘီစီ သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

ဖရီးကစ္ ဘယ္ေနရာကို ကန္ရမလဲဆိုတာ ကာဗာနီက ေျပာျပခဲ့တာလို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္အသင္းအတြက္ အႏိ္ုင္ဂိုးသြင္းေပးခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လီဗာပူးလ္ကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ သူသြင္းယူေပးခဲ့တဲ့ ဖရီးကစ္ကို ဘယ္ေနရာကို ကန္ရမလဲဆိုတာ အသင္းေဖာ္ ကာဗာနီက ေျပာျပခဲ့တာလို႔ ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။ ေပၚတူဂီကြင္းလယ္ကစားသမားဟာ အိုးထရက္ဖိုဒ့္မွာကစားခဲ့တဲ့ပြဲ၌ အေရးပါတဲ့ အခ်ိန္မွာ ယူႏိုက္တက္အသင္းအတြက္ လူစား၀င္ခဲ့ၿပီး အႏိုင္ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ အေစာပိုင္းသြင္းဂိုးေတြကိုေတာ့ ဂရင္းဝုဒ္ နဲ႔ ရပ္ရွ္ဖိုဒ့္တို႔က သြင္းယူေပးခဲ့ၿပီး ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံအသင္းကို ၿပိဳင္ပြဲကေန ေစာေစာစီးစီး ထြက္ခြာေစခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကို မႏွစ္ကမွ ေရာက္လာခဲ့သူျဖစ္ေပမယ့္ အသင္းအတြက္ အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္လာခဲ့သူပါ။

“ကၽြန္ေတာ္တို႔ အႏိုင္ရခဲ့လို႔ ၀မ္းသာပါတယ္။ ဘယ္သူ ဂိုးသြင္းသလဲဆိုတာက အေရးမႀကီးပါဘူး။ ကၽြန္ေတာ္ဂိုးသြင္းရင္ ကၽြန္ေတာ္ေပ်ာ္ရႊင္ပါတယ္။ ဒီလို ဂိုးမ်ိဳး သြင္းႏိုင္ဖို႔ ကၽြန္ေတာ္ အမ်ားႀကီး ႀကိဳးစားခဲ့ပါတယ္။ ဒီတစ္လံုးကလည္း ေကာင္းပါတယ္။ ကာဗာနီက ကၽြန္ေတာ့္ကို အဲ့ဒီေနရာကို ကန္ဖို႔ ေျပာခဲ့ပါတယ္။ သူေျပာသလိုလည္း ကန္ႏိုင္ခဲ့ၿပီး ဂိုးလည္း ၀င္သြားပါတယ္” လို႔ ဘ႐ူႏိုဖာနန္ဒက္စ္က ဘီဘီစီ သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။