လမ်းပတ်ကို ဒီနေ့မှာပဲ ထုတ်ပယ်ပြီး တူချယ်ကို ခန့်အပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာ

ချဲလ်ဆီးအသင်းဟာ လမ်းပတ်ကို ဒီနေ့မှာပဲ နည်းပြအဖြစ်ကနေ ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒေးလီးတယ်လီဂရပ်ဖ်သတင်းဌာနက ဖော်ပြချက်အရ ကစားသမားတွေဟာ ဒီနေ့မှာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ညနေအထိ ရောက်မလာခဲ့လို့ ချဲလ်ဆီးအသင်းဟာ အေဘရာမိုဗစ်လက်ထက်မှာ (၁၀) မြောက် နည်းပြဖြစ်တဲ့ လမ်းပတ်ကို ထုတ်ပယ်တော့မယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့က လူတန်တောင်းကို အက်ဖ်အေဖလားပွဲမှာ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပေမယ့်လည်း လမ်းပတ်အတွက်တော့ အာမခံချက်မရခဲ့ပါဘူး။ ချဲလ်ဆီးအသင်းဟာ ပီအက်စ်ဂျီ နဲ့ ဒေါ့မွန်နည်းပြဟောင်း တူချယ်ကို လမ်းပတ်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ရန် ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးနည်းပြအဖြစ် (၁၈) လကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ မနှစ်ကတော့ အသင်းကို အဆင့် (၄) နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကိုလည်း တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

သို့သော်လည်း အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကို ပေါင်သန်း ၂၀၀ ကျော်သုံးပြီး လူအင်အားဖြည့်တင်းခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ခြင်းမရှိသေးပဲ ရုန်းကန်နေရတာဖြစ်ပါတယ်။ သတင်းတွေ အတိုင်း ချဲလ်ဆီးနည်းပြ လမ်းပတ်တစ်ယောက် ဒီနေ့မှာ အထုတ်ခံရနိုင်မလားဆိုတာ အားလုံးပဲ စောင့်ကြည့်လိုက်ရအောင်။

လမ္းပတ္ကို ဒီေန႔မွာပဲ ထုတ္ပယ္ၿပီး တူခ်ယ္ကို ခန္႔အပ္ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚလာ

ခ်ဲလ္ဆီးအသင္းဟာ လမ္းပတ္ကို ဒီေန႔မွာပဲ နည္းျပအျဖစ္ကေန ထုတ္ပယ္မယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ေဒးလီးတယ္လီဂရပ္ဖ္သတင္းဌာနက ေဖာ္ျပခ်က္အရ ကစားသမားေတြဟာ ဒီေန႔မွာ အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို ညေနအထိ ေရာက္မလာခဲ့လို႔ ခ်ဲလ္ဆီးအသင္းဟာ ေအဘရာမိုဗစ္လက္ထက္မွာ (၁၀) ေျမာက္ နည္းျပျဖစ္တဲ့ လမ္းပတ္ကို ထုတ္ပယ္ေတာ့မယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ တနဂၤေႏြေန႔က လူတန္ေတာင္းကို အက္ဖ္ေအဖလားပြဲမွာ အႏိုင္ရၿပီး ေနာက္တစ္ဆင့္ကို တက္ႏိုင္ခဲ့ေပမယ့္လည္း လမ္းပတ္အတြက္ေတာ့ အာမခံခ်က္မရခဲ့ပါဘူး။ ခ်ဲလ္ဆီးအသင္းဟာ ပီအက္စ္ဂ်ီ နဲ႔ ေဒါ့မြန္နည္းျပေဟာင္း တူခ်ယ္ကို လမ္းပတ္ရဲ႕ ေနရာမွာ အစားထိုးခန္႔အပ္ရန္ ရည္ရြယ္ထားတယ္လို႔လည္း သိရပါတယ္။

လမး္ပတ္ဟာ ခ်ဲလ္ဆီးနည္းျပအျဖစ္ (၁၈) လၾကာ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ သူဟာ မႏွစ္ကေတာ့ အသင္းကို အဆင့္ (၄) ေနရာမွာ ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး အက္ဖ္ေအဖလား ဗိုလ္လုပြဲကိုလည္း တက္လွမ္းႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။

သို႔ေသာ္လည္း အေျပာင္းအေရႊ႕ေစ်းကြက္မွာ အသင္းကို ေပါင္သန္း ၂၀၀ ေက်ာ္သံုးၿပီး လူအင္အားျဖည့္တင္းခဲ့ေပမယ့္ အမွတ္ေပးဇယားထိပ္ပိုင္းမွာ ရပ္တည္ႏိုင္ျခင္းမရွိေသးပဲ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ သတင္းေတြ အတိုင္း ခ်ဲလ္ဆီးနည္းျပ လမ္းပတ္တစ္ေယာက္ ဒီေန႔မွာ အထုတ္ခံရႏိုင္မလားဆိုတာ အားလံုးပဲ ေစာင့္ၾကည့္လိုက္ရေအာင္။