ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ တိုလစ်ဆိုကို ခေါ်ယူရန် ပစ်မှတ်ထားလာပြန်တဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား တိုလစ်ဆိုကို ခေါ်ယူရန် နောက်တစ်ကြိမ် ပစ်မှတ်ထားလာပြန်တယ်လို့ သတင်းများအရ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ပြင်သစ်လက်ရွေးစင်ကစားသမားကို ပြီးခဲ့တဲ့နွေရာသီကလည်း ခေါ်ယူရန် ရည်ရွယ်ခဲ့ပေမယ့် သူ့အစား ဗန်ဒီဘိခ်ကိုပဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ တိုလစ်ဆိုကို ရောင်းချရန် စိတ်ဝင်စားလာတာဖြစ်လို့ ယူနိုက်တက်အသင်းက ပြန်လည် စဉ်းစားလာတာလို့ သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းဟာ ကွင်းလယ်ကစားသမားရဲ့ စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် သူ့ကို ဒေးဗစ်အလာဘာလိုမျိုး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမယ့်အစား အခုကတည်းက ရောင်းချချင်နေတာ ဖြစ်ပါတယ်။ တိုလစ်ဆိုကို ပရီးမီးယားလိဂ်က အာဆင်နယ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့ပါသေးတယ်။



