ဒေးဗစ်မိုယက်စ်ကို စာချုပ်သစ်ကမ်းလှမ်းတော့မယ့် ဝက်စ်ဟမ်းအသင်း

ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီမှာ အသင်းကို အကောင်းဆုံး ဦးဆောင်လမ်းပြပေးနေတဲ့ နည်းပြ ဒေးဗစ်မိုယက်စ်ကို ရာသီအကုန်မှာ စာချုပ်သစ်ကမ်းလှမ်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မိုယက်စ်ရဲ့ အသင်းဟာ လက်ရှိမှာ အဆင့် (၇) နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့် (၄) နေရာက လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနဲ့ (၂) မှတ်ပဲ ကွာဟနေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဝက်စ်ဟမ်းအသင်းဟာ မိုယက်စ်ကို အသင်းမှာ ဆက်ရှိစေမယ့် စာချုပ်သစ်တစ်ရပ်ကို ထပ်မံ ချုပ်ဆိုရန် ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။ မိုယက်စ်ကတော့ စာချုပ်ကိစ္စအတွက် အေးဆေးဖြစ်နေပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို တိုးတက်ရန်အတွက် ဘုန်းမောက်တိုက်စစ်မှူး ဂျိုရှုအာကင်းကို ခေါ်ယူရန် လက်ရှိမှာ ပစ်မှတ်ထားနေတာပဲ ဖြစ်ပါတယ်။

ဘလက်ဘန်းအသင်းရဲ့ ကစားသမား အဒမ်အမ်းစထရောင်းကိုလည်း အသက် ၅၇ နှစ်အရွယ်နည်းပြကြီးက အသင်းကနေ အေဂျက်ကို ရောင်းချလိုက်တဲ့ ဟယ်လာနေရာမှာ အစားထိုးရန် တိုက်စစ်မှူးအသစ်ရှာဖွေနေတာပါ။



