တိုမိုရီအေစီမီလန်အသင်းဆီ ပြောင်းသွားပြီလို့ ချဲလ်ဆီးအသင်းဘက်ကလည်း အတည်ပြု

ချဲလ်ဆီးနောက်ခံလူ တိုမိုရီဟာ အေစီမီလန်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့သွား ပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ အေစီမီလန်နဲ့ ရာသီကုန်အထိ လက်တွဲသွားမှာ ဖြစ်တယ်လို့ ချဲလ်ဆီးအသင်းဘက်က သောကြာနေ့ ညနေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ တိုမိုရီကို နွေရာသီအပြောင်းအရွှေ့မှာ ပေါင် ၂၅ သန်းနဲ့ ဝယ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။ စီးရီးအေ အမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့ အေစီမီလန်အသင်းဟာ တိုမိုရီလို လူငယ်နောက်တန်းကစားသမားကို အင်အားဖြည့်တင်းပြီး သူဟာ မီလန်မှာ ကျောနံပါတ် (၂၃) ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။

“တိုမိုရီဟာ စီးရီးအေ အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နေတဲ့ အေစီမီလန်အသင်းဆီမှာ ရာသီကုန်အထိ ကစားသွားမှာဖြစ်ပါတယ်။ အကယ်ဒမီထွက်ကစားသမားဟာ ချဲလ်ဆီးအသင်းမှာ အသက် (၈) နှစ်အရွယ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး သူ့ရဲ့ တိုးတက်မှုလမ်းကြောင်းအတွက် အခုဆန်စီရိုမှာ ဆက်ပြီး ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်” လို့ ချဲလ်ဆီးအသင်းဘက်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ တိုမိုရီဟာ ချဲလ်ဆီးအသင်းမှာ ကစားခဲ့စဉ် ဒီရာသီ (၄) ပွဲအပါအဝင် ပြိုင်ပွဲစုံ (၂၇) ပွဲကစားခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲက အက်ဖ်အေဖလား တတိယအဆင့် မိုကမ်ဘီအသင်းနဲ့ ပွဲမှာ လူစားဝင်ရောက်ကစားခဲ့တာပဲ ဖြစ်ပါတယ်။

တိုမိုရီေအစီမီလန္အသင္းဆီ ေျပာင္းသြားၿပီလို႔ ခ်ဲလ္ဆီးအသင္းဘက္ကလည္း အတည္ျပဳ

ခ်ဲလ္ဆီးေနာက္ခံလူ တိုမိုရီဟာ ေအစီမီလန္အသင္းဆီကို အငွားနဲ႔ ေျပာင္းေရႊ႕သြား ၿပီ ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ေအစီမီလန္နဲ႔ ရာသီကုန္အထိ လက္တြဲသြားမွာ ျဖစ္တယ္လို႔ ခ်ဲလ္ဆီးအသင္းဘက္က ေသာၾကာေန႔ ညေနက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ေအစီမီလန္အသင္းဟာ တိုမိုရီကို ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္ ၂၅ သန္းနဲ႔ ၀ယ္ယူခြင့္ရွိတယ္ဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။ စီးရီးေအ အမွတ္ေပးဖလားကို စိန္ေခၚေနတဲ့ ေအစီမီလန္အသင္းဟာ တိုမိုရီလို လူငယ္ေနာက္တန္းကစားသမားကို အင္အားျဖည့္တင္းၿပီး သူဟာ မီလန္မွာ ေက်ာနံပါတ္ (၂၃) ကို ၀တ္ဆင္ကစားသြားမယ္လို႔ သိရပါတယ္။

“တိုမိုရီဟာ စီးရီးေအ အမွတ္ေပးဇယားထိပ္ကို ဦးေဆာင္ေနတဲ့ ေအစီမီလန္အသင္းဆီမွာ ရာသီကုန္အထိ ကစားသြားမွာျဖစ္ပါတယ္။ အကယ္ဒမီထြက္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းမွာ အသက္ (၈) ႏွစ္အရြယ္ကတည္းက ေရာက္ရွိလာသူျဖစ္ၿပီး သူ႔ရဲ႕ တိုးတက္မႈလမ္းေၾကာင္းအတြက္ အခုဆန္စီ႐ိုမွာ ဆက္ၿပီး ေရွ႕ဆက္သြားမွာ ျဖစ္ပါတယ္” လို႔ ခ်ဲလ္ဆီးအသင္းဘက္က ေၾကညာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ တိုမိုရီဟာ ခ်ဲလ္ဆီးအသင္းမွာ ကစားခဲ့စဥ္ ဒီရာသီ (၄) ပြဲအပါအ၀င္ ၿပိဳင္ပြဲစံု (၂၇) ပြဲကစားခဲ့ၿပီး ေနာက္ဆံုးကစားခဲ့တဲ့ပြဲက အက္ဖ္ေအဖလား တတိယအဆင့္ မိုကမ္ဘီအသင္းနဲ႔ ပြဲမွာ လူစား၀င္ေရာက္ကစားခဲ့တာပဲ ျဖစ္ပါတယ္။