နွေရာသီမှာ အဂူရို နဲ့ အလာဘာ တို့လို အလွတ်ခေါ်လို့ရမယ့် ကစားသမားတွေကို အလစ်ခေါ်ရန် ရည်ရွယ်နေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ မန်စီးတီးန ဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အဂူရို နဲ့ အလာဘာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ရန် မျှော်လင့်နေပါတယ်။ မန်စီးတီးအသင်းမှာ (၁၀) နှစ်ကစားခဲ့တဲ့ အဂူရိုဟာ အသင်းအတွက် (၂၅၆) ဂိုးသွင်းယူပေးထားပြီး ပရီးမီးယားလိဂ်ဖလား (၄) ကြိမ်ရရှိထားတဲ့ ဂိုးအများဆုံး သွင်းထားသူ ဖြစ်ပါတယ်။

သို့သော်လည်း အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာတစ်လျှောက်လုံး ဒဏ်ရာမကြာခဏ ရရှိနေပြီး ပရီးမီးယားလိဂ်မှာ (၁) ဂိုးတောင် မသွင်းထားနိုင်ပါဘူး။ ဘာစီလိုနာအသင်းကတော့ အသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားတဲ့ ကျောနံပါတ် (၉) တိုက်စစ် ဆွာရက်ဇ်နေရာမှာ အစားထိုးရန် တိုက်စစ်မှူး တစ်ယောက် ရှာဖွေနေတယ်လို့ သိရပါတယ်။

ကိုဗစ် ကပ်ရောဂါကြောင့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရှိထားလို့ အခြားသော လူငယ်တိုက်စစ်မှူးတွေအစား အဂူရိုလိုမျိုး အသက်အရွယ်ကြီးပြီး အလွတ်ရမယ့် ကစားသမားကိုပဲ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက အလွတ်ခေါ်ရန် ပစ်မှတ်ထားနေတဲ့ နောက်ထပ် ကစားသမားတစ်ယောက်ကတော့ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပုံမှန်ကစားထားပြီး ဘွန်ဒက်စ်လီဂါအသင်းအတွက် (၁၆) ပွဲပါဝင်ကစားပေးထားပါတယ်။

ေႏြရာသီမွာ အဂူ႐ို နဲ႔ အလာဘာ တို႔လို အလြတ္ေခၚလို႔ရမယ့္ ကစားသမားေတြကို အလစ္ေခၚရန္ ရည္ရြယ္ေနတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ မန္စီးတီးန ဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းေတြက ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ အဂူ႐ို နဲ႔ အလာဘာတို႔ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ရန္ ေမွ်ာ္လင့္ေနပါတယ္။ မန္စီးတီးအသင္းမွာ (၁၀) ႏွစ္ကစားခဲ့တဲ့ အဂူ႐ိုဟာ အသင္းအတြက္ (၂၅၆) ဂိုးသြင္းယူေပးထားၿပီး ပရီးမီးယားလိဂ္ဖလား (၄) ႀကိမ္ရရွိထားတဲ့ ဂိုးအမ်ားဆံုး သြင္းထားသူ ျဖစ္ပါတယ္။

သို႔ေသာ္လည္း အသက္ ၃၂ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာတစ္ေလွ်ာက္လံုး ဒဏ္ရာမၾကာခဏ ရရွိေနၿပီး ပရီးမီးယားလိဂ္မွာ (၁) ဂိုးေတာင္ မသြင္းထားႏိုင္ပါဘူး။ ဘာစီလိုနာအသင္းကေတာ့ အသင္းကေန အက္သလက္တီကိုမက္ဒရစ္အသင္းဆီ ေျပာင္းေရႊ႕သြားတဲ့ ေက်ာနံပါတ္ (၉) တိုက္စစ္ ဆြာရက္ဇ္ေနရာမွာ အစားထိုးရန္ တိုက္စစ္မွဴး တစ္ေယာက္ ရွာေဖြေနတယ္လို႔ သိရပါတယ္။

ကိုဗစ္ ကပ္ေရာဂါေၾကာင့္ ဘာစီလိုနာအသင္းဟာ ဘ႑ာေရး ထိခိုက္ဆံုးရႈံးမႈေတြ ရွိထားလို႔ အျခားေသာ လူငယ္တိုက္စစ္မွဴးေတြအစား အဂူ႐ိုလိုမ်ိဳး အသက္အရြယ္ႀကီးၿပီး အလြတ္ရမယ့္ ကစားသမားကိုပဲ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။  ဘာစီလိုနာအသင္းက အလြတ္ေခၚရန္ ပစ္မွတ္ထားေနတဲ့ ေနာက္ထပ္ ကစားသမားတစ္ေယာက္ကေတာ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာ ျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ပံုမွန္ကစားထားၿပီး ဘြန္ဒက္စ္လီဂါအသင္းအတြက္ (၁၆) ပြဲပါ၀င္ကစားေပးထားပါတယ္။