ဆိုစီဒက်တိုက်စစ်မှူး ဝီလီယံဂျိုစ့်ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်တဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်အသင်းဟာ ဆိုစီဒက်တိုက်စစ်မှူး ဝီလီယံဂျိုစ့်ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန်တိုက်စစ်မှူးဟာ ဝုလ်ဗ်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့မယ်လို့ မျှော်လင့်နေကြပေမယ့် အလုပ်ခွင့်ပြုချက်အထောက်အထား စာရွက်စာတမ်းတွေ လိုအပ်နေပါသေးတယ်။

သဘောတူညီမှုမှာ ပေါင် ၁၈ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုမယ်လို့ သိရပါတယ်။ ဝီလီယံဂျိုစ့်ဟာ ဗုဒ္ဓဟူးနေ့ညက ဆိုစီဒက်အသင်း ကော်ဒိုဘာကို (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂) ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။

ဝုလ်ဗ်နည်းပြ နူနိုဆန်းတိုစ့်က “ အပြောင်းအရွှေ့အတွက် လုပ်နေတာတွေတော့ ရှိပေမယ့် အခုချိန်အထိ ဘယ်သူ့ကိုမှ မခေါ်နိုင်သေးပါဘူး။ ဒါကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်းကို ပြောလို့ မရပါဘူး။ သူသာ ဝုလ်ဗ်ကစားသမားတစ်ယောက်ဖြစ်လာပြီဆိုရင် သူ့အကြောင်း အများကြီး ပြောပြမှာပါ။ စာချုပ်ချုပ်ဖို့ ကိစ္စတွေက အားလုံး အဆင်သင့်ဖြစ်နေပါပြီ” လို့ ပြောသွားခဲ့ပါတယ်။

ဆိုစီဒက္တိုက္စစ္မွဴး ဝီလီယံဂ်ိဳစ့္ကို ေခၚယူႏိုင္ရန္ နီးစပ္ေနၿပီျဖစ္တဲ့ ဝုလ္ဗ္အသင္း

ဝုလ္ဗ္အသင္းဟာ ဆိုစီဒက္တိုက္စစ္မွဴး ဝီလီယံဂ်ိဳစ့္ကို ေခၚယူႏိုင္ရန္ နီးစပ္ေနၿပီျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ စပိန္တိုက္စစ္မွဴးဟာ ဝုလ္ဗ္အသင္းဆီကို အငွားနဲ႔ ေျပာင္းေရႊ႕မယ္လို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ အလုပ္ခြင့္ျပဳခ်က္အေထာက္အထား စာရြက္စာတမ္းေတြ လိုအပ္ေနပါေသးတယ္။

သေဘာတူညီမႈမွာ ေပါင္ ၁၈ သန္းနဲ႔ အၿပီးသတ္၀ယ္ယူခြင့္ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုမယ္လို႔ သိရပါတယ္။ ဝီလီယံဂ်ိဳစ့္ဟာ ဗုဒၶဟူးေန႔ညက ဆိုစီဒက္အသင္း ေကာ္ဒိုဘာကို (၂-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ (၂) ဂိုးသြင္းယူခဲ့သူ ျဖစ္ပါတယ္။

ဝုလ္ဗ္နည္းျပ ႏူႏိုဆန္းတိုစ့္က “ အေျပာင္းအေရႊ႕အတြက္ လုပ္ေနတာေတြေတာ့ ရွိေပမယ့္ အခုခ်ိန္အထိ ဘယ္သူ႔ကိုမွ မေခၚႏိုင္ေသးပါဘူး။ ဒါေၾကာင့္ ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ အရမ္းကို ေျပာလို႔ မရပါဘူး။ သူသာ ဝုလ္ဗ္ကစားသမားတစ္ေယာက္ျဖစ္လာၿပီဆိုရင္ သူ႔အေၾကာင္း အမ်ားႀကီး ေျပာျပမွာပါ။ စာခ်ဳပ္ခ်ဳပ္ဖို႔ ကိစၥေတြက အားလံုး အဆင္သင့္ျဖစ္ေနပါၿပီ” လို႔ ေျပာသြားခဲ့ပါတယ္။