လက်စတာတိုက်စစ်မှူး ဗာဒီ တင်ပါးပြဿနာအတွက် ခွဲစိတ်မှု ခံယူရမှာဖြစ်လို့ အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်မယ်

လက်စတာတိုက်စစ်မှူး ဗာဒီဟာ တင်ပါးဒဏ်ရာပြဿနာကို ခွဲစိတ်မှု ခံယူရမှာ ဖြစ်လို့ အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်မှာ ဖြစ်ပါတယ်။ အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဟာ ဒီရာသီတစ်လျှောက်လုံး အဲ့ဒီကိစ္စကိုရွှေ့ဆိုင်းနေခဲ့တာဖြစ်ပေမယ့် အခုအခါ အသင်းဆေးအဖွဲ့က ထပ်ပြီး ရွှေ့ဆိုင်းလို့ မရတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့ကြောင့် သူဟာ တနင်္ဂနွေနေ့ ဘရန့်ဖိုဒ့် နဲ့ကစားမယ့် အက်ဖ်အေဖလားပွဲနဲ့ ဗုဒ္ဓဟူးနေ့ အဲဗာတန်နဲ့ ပွဲအပြင် နောက်ထပ် လိဒ်ယူနိုက်တက် နဲ့ ပွဲတွေကိုပါ လွဲချော်မှာဖြစ်ပါတယ်။ နည်းပြ ဘရန်ဒန်ရော်ဂျာက “ ဒီကိစ္စက သူ့ကို အကြာကြီးတော့ မနားစေရတာဖြစ်ပေမယ့် အူနေရာ ကိစ္စဖြစ်လို့ လုပ်ရပါမယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားပါ” လို့ ပြောသွားခဲ့ပါတယ်။

ဗာဒီဟာ လက်စတာအသင်းအတွက် ဒီရာသီ ပြိုင်ပွဲစုံ (၁၃) ဂိုးသွင်းထားမေယ့် နောက်ဆုံး ကစားခဲ့တဲ့ (၅) ပွဲမှာ ဂိုးပေါက် တစ်ကြိမ်တောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ လက်စတာအသင်းဟာ လက်ရှိ အမှတ်ပေးဇယားမှာ အဆင့် (၃) နေရာ၌ ရပ်တည်နေပြီး ဇယားထိပ်က ယူနိုက်တက် နဲ့ (၂) မှတ်ကွာဟနေတာဖြစ်ပါတယ်။

လက္စတာတိုက္စစ္မွဴး ဗာဒီ တင္ပါးျပႆနာအတြက္ ခြဲစိတ္မႈ ခံယူရမွာျဖစ္လို႔ အသင္းရဲ႕ ပြဲစဥ္အခ်ိဳ႕ကို လြဲေခ်ာ္မယ္

လက္စတာတိုက္စစ္မွဴး ဗာဒီဟာ တင္ပါးဒဏ္ရာျပႆနာကို ခြဲစိတ္မႈ ခံယူရမွာ ျဖစ္လို႔ အသင္းရဲ႕ ပြဲစဥ္အခ်ိဳ႕ကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ အသင္းရဲ႕ ထိပ္တန္း ဂိုးသြင္းရွင္ဟာ ဒီရာသီတစ္ေလွ်ာက္လံုး အဲ့ဒီကိစၥကိုေရႊ႕ဆိုင္းေနခဲ့တာျဖစ္ေပမယ့္ အခုအခါ အသင္းေဆးအဖြဲ႕က ထပ္ၿပီး ေရႊ႕ဆိုင္းလို႔ မရေတာ့ဘူးလို႔ ဆံုးျဖတ္လိုက္ပါတယ္။

ဒါ့ေၾကာင့္ သူဟာ တနဂၤေႏြေန႔ ဘရန္႔ဖိုဒ့္ နဲ႔ကစားမယ့္ အက္ဖ္ေအဖလားပြဲနဲ႔ ဗုဒၶဟူးေန႔ အဲဗာတန္နဲ႔ ပြဲအျပင္ ေနာက္ထပ္ လိဒ္ယူႏိုက္တက္ နဲ ႔ ပြဲေတြကိုပါ လြဲေခ်ာ္မွာျဖစ္ပါတယ္။ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာက “ ဒီကိစၥက သူ႔ကို အၾကာႀကီးေတာ့ မနားေစရတာျဖစ္ေပမယ့္ အူေနရာ ကိစၥျဖစ္လို႔ လုပ္ရပါမယ္။ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ျပန္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူဟာ ကၽြန္ေတာ္တို႔အတြက္ အေရးပါတဲ့ ကစားသမားပါ” လို႔ ေျပာသြားခဲ့ပါတယ္။

ဗာဒီဟာ လက္စတာအသင္းအတြက္ ဒီရာသီ ၿပိဳင္ပြဲစံု (၁၃) ဂိုးသြင္းထားေမယ့္ ေနာက္ဆံုး ကစားခဲ့တဲ့ (၅) ပြဲမွာ ဂိုးေပါက္ တစ္ႀကိမ္ေတာင္ ကန္သြင္းႏိုင္ျခင္းမရွိခဲ့ပါဘူး။ လက္စတာအသင္းဟာ လက္ရွိ အမွတ္ေပးဇယားမွာ အဆင့္ (၃) ေနရာ၌ ရပ္တည္ေနၿပီး ဇယားထိပ္က ယူႏိုက္တက္ နဲ႔ (၂) မွတ္ကြာဟေနတာျဖစ္ပါတယ္။