တံကောက်ကြောဒဏ်ရာကြောင့် ဒီဘရိုင်း (၆) ပတ်လောက်အထိ အနားယူရနိုင်တယ်လို့ ဆိုလိုက်တဲံ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာ အသင်းရဲ့အဓိက ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ တံကောက်ကြောဒဏ်ရာကြောင့် (၆) ပတ်လောက် အနားယူရနိုင်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးေ့က အက်စတွန်ဗီလာအသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒီဘရိုင်းဟာ ထော့နင်းထော့နင်း ဖြစ်ခဲ့ပြီးနောက် ကြာသပတေးနေ့က စစ်ဆေးခဲ့ရာ မျှော်လင့်ထားတာထက် ဒဏ်ရာက ပိုပြီးပြင်းထန်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အသင်းရဲ့ အဓိက ကစာသမားကို လီဗာပူးလ်၊ စပါး နဲ့ အာဆင်နယ်တို့နဲ့ နောက်လမှာ ကစားမယ့် အရေးပါတဲ့ ပွဲ (၃) ပွဲမှာ လက်လွှွတ်ရတော့မှာပါ။

“ ကီဗင်ရဲ့ ဒဏ်ရာကို ဆရာဝန်တွေ စစ်ဆေးပြီးတဲ့ နောက်မှာ သူဟာ (၄) ပတ်ကနေ (၆) ပတ်အထိ အနားယူရနိုင်ပါတယ်။ ဒါက သူအတွက်ရော ကျွန်တော်တို့ အတွက်ပါ ကံမကောင်တာပါ။

သူဟာ အရေးပါတဲ့ ပွဲတွေကို လွဲချော်ရတော့မှာပါ။ ကျွန်တော်တို့ အဖြေရှာသွားမှာပါ။ ဒါကို လက်ခံပြီး ရှေ့ကို ဆက်သွားရမှာဖြစ်ပါတယ်။ ကစားသမားတွေ ကျန်းမာစွာ ရှိနေဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် (၃) ရက် (၁) ပွဲလောက်ကစားနေရချိန်မှာ သူတို့တွေ (၁၁) လ လောက် ကြံ့ခိုင်မှု ပြည့်ဝနေဖို့က မဖြစ်နိုင်ပါဘူး။ သူတို့ဟာ လူသားတွေ ဖြစ်ပါတယ်” လို့ ဂွါဒီယိုလာက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဘ႐ိုင္း တံေကာက္ေၾကာဒဏ္ရာေၾကာင့္ (၆) ပတ္ေလာက္အထိ အနားယူရႏိုင္တယ္လို႔ ဆိုလိုက္တဲံ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာ အသင္းရဲ႕အဓိက ကြင္းလယ္ဖန္တီးရွင္ ဒီဘ႐ိုင္းဟာ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ (၆) ပတ္ေလာက္ အနားယူရႏိုင္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ဗုဒၶဟူးေ႔က အက္စတြန္ဗီလာအသင္းကို (၂-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဒီဘ႐ိုင္းဟာ ေထာ့နင္းေထာ့နင္း ျဖစ္ခဲ့ၿပီးေနာက္ ၾကာသပေတးေန႔က စစ္ေဆးခဲ့ရာ ေမွ်ာ္လင့္ထားတာထက္ ဒဏ္ရာက ပိုၿပီးျပင္းထန္ေနတာျဖစ္ပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ အသင္းရဲ႕ အဓိက ကစာသမားကို လီဗာပူးလ္၊ စပါး နဲ႔ အာဆင္နယ္တို႔နဲ႔ ေနာက္လမွာ ကစားမယ့္ အေရးပါတဲ့ ပြဲ (၃) ပြဲမွာ လက္လႊြတ္ရေတာ့မွာပါ။

“ ကီဗင္ရဲ႕ ဒဏ္ရာကို ဆရာ၀န္ေတြ စစ္ေဆးၿပီးတဲ့ ေနာက္မွာ သူဟာ (၄) ပတ္ကေန (၆) ပတ္အထိ အနားယူရႏိုင္ပါတယ္။ ဒါက သူအတြက္ေရာ ကၽြန္ေတာ္တို႔ အတြက္ပါ ကံမေကာင္တာပါ။

သူဟာ အေရးပါတဲ့ ပြဲေတြကို လြဲေခ်ာ္ရေတာ့မွာပါ။ ကၽြန္ေတာ္တို႔ အေျဖရွာသြားမွာပါ။ ဒါကို လက္ခံၿပီး ေရွ႕ကို ဆက္သြားရမွာျဖစ္ပါတယ္။ ကစားသမားေတြ က်န္းမာစြာ ရွိေနဖို႔က အေရးႀကီးပါတယ္။ ဒါေပမယ့္ (၃) ရက္ (၁) ပြဲေလာက္ကစားေနရခ်ိန္မွာ သူတို႔ေတြ (၁၁) လ ေလာက္ ၾကံ့ခိုင္မႈ ျပည့္၀ေနဖို႔က မျဖစ္ႏိုင္ပါဘူး။ သူတို႔ဟာ လူသားေတြ ျဖစ္ပါတယ္” လို႔ ဂြါဒီယိုလာက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။