ဆာနေး ရောင်းချမယ်ဆိုတဲ့ သတင်းတွေက ပေါက်ကရတွေလို့ ဆိုလိုက်တဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ

ဘိုင်ယန်မြူးနစ်အကြီးအကဲ ရူမင်နစ်ဂီက ပြီးခဲ့တဲ့ (၆) လကမှ မန်စီးတီးအသင်းကနေ ခေါ်ယူထားတဲ့ ဆာနေးကို ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ အီတီဟတ်ကွင်းကနေ ပေါင် ၅၅ သန်းနဲ့ ရောက်ရှိလာကတည်းက အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ (၇) ပွဲသာ ပွဲထွက်ကစားထားရသူဖြစ်ပါတယ်။

မန်ချက်စတာက ထွက်ပေါ်လာတဲ့ သတင်းများအရ ရူမင်နစ်ဂီကတော့ ဆာနေး အသင်းက ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ “သူဟာ အသင်းနဲ့ (၅) နှစ်စာချုပ်ချုပ်ထားသူပါ။ ဒီသတင်းတွေက အဓိပါ္ပယ်မရှိပါဘူး။ ကျွန်တော်တို့ အသင်းမှာ သူ့လို ကစားသမားမျိုး လိုအပ်ပါတယ်။ သေချာတာကတော့ သူဟာ ဘိုင်ယန်မြူးနစ်အသင်းမှာဆက်ရှိနေမှာပါ။ ဒါကို ကျွန်တော်ယုံကြည်ပါတယ်။ သူဒီမှာ အောင်မြင်မယ့်သူဖြစ်ပါတယ်” လို့ ရူမင်နစ်ဂီက ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆာေနး ေရာင္းခ်မယ္ဆိုတဲ့ သတင္းေတြက ေပါက္ကရေတြလို႔ ဆိုလိုက္တဲ့ ဘိုင္ယန္ျမဴးနစ္အႀကီးအကဲ

ဘိုင္ယန္ျမဴးနစ္အႀကီးအကဲ ႐ူမင္နစ္ဂီက ၿပီးခဲ့တဲ့ (၆) လကမွ မန္စီးတီးအသင္းကေန ေခၚယူထားတဲ့ ဆာေနးကို ေရာင္းခ်ေတာ့မယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။ အီတီဟတ္ကြင္းကေန ေပါင္ ၅၅ သန္းနဲ႔ ေရာက္ရွိလာကတည္းက အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီ ဘြန္ဒက္စ္လီဂါမွာ (၇) ပြဲသာ ပြဲထြက္ကစားထားရသူျဖစ္ပါတယ္။

မန္ခ်က္စတာက ထြက္ေပၚလာတဲ့ သတင္းမ်ားအရ ႐ူမင္နစ္ဂီကေတာ့ ဆာေနး အသင္းက ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။ “သူဟာ အသင္းနဲ႔ (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ထားသူပါ။ ဒီသတင္းေတြက အဓိပါၸယ္မရွိပါဘူး။ ကၽြန္ေတာ္တို႔ အသင္းမွာ သူ႔လို ကစားသမားမ်ိဳး လိုအပ္ပါတယ္။ ေသခ်ာတာကေတာ့ သူဟာ ဘိုင္ယန္ျမဴးနစ္အသင္းမွာဆက္ရွိေနမွာပါ။ ဒါကို ကၽြန္ေတာ္ယံုၾကည္ပါတယ္။ သူဒီမွာ ေအာင္ျမင္မယ့္သူျဖစ္ပါတယ္” လို႔ ႐ူမင္နစ္ဂီက ေျပာသြားခဲ့တာျဖစ္ပါတယ္။