ဘရိုက်တန်ဂိုးသမား မတ်ရိုင်ယန်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ဘရိုက်တန်ဂိုးသမား မတ်ရိုင်ယန်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ ဟာ အသင်းရဲ့ နံပါတ် (၂) ဂိုးသမား ဖြစ်တဲ့ ရန်နာဆန်ဟာ လီနိုနေရာအတွက် အထောက်အကူမဖြစ်လို့ အခုလိုမျိုး နောက်ထပ် ဂိုးသမား တစ်ယောက်ကို ခေါ်ယူခဲ့တာပါ။

သောကြာနေ့မှာပဲ အသက် ၂၈ နှစ်အရွယ် ရိုင်ယန်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့သွားပြီလို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သြစတေးလျ လက်ရွေးစင်ဂိုးသမားဟာ ဘရိုက်တန်အသင်းရဲ့ပထမဂိုးသမားအဖြစ် (၃) နှစ်ကျော်ကြာ ကစားပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီကတည်းက အသင်းဆီကို ဆန်းချက်ဇ် ရောက်လာလို့ ပွဲကစားခွင့် ပျောက်ဆုံးနေသူပါ။

ရိုင်ယန်ဟာ ၂၀၁၇ ခုနှစ်က ဗလင်စီယာအသင်းကနေ ဘရိုက်တန်ကို အဲ့ဒီအချိန်က ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေး နဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ သူဟာ ဘရိုက်တန်အတွက် (၁၂၁) ပွဲကစားပေးခဲ့ပါတယ်။ ဒီရာသီမှာတော့ အသင်းအတွက် ပရီးမီးယားလိဂ်မှာ (၁၁) ပွဲကစားပေးခဲ့ပေမယ့် လက်စတာကို (၃-ဝ) နဲ့ ရှုံးပြီးကတည်းက ပါဝင်ကစားခွင့် မရတော့သူ ဖြစ်ပါတယ်။

ဘ႐ိုက္တန္ဂိုးသမား မတ္႐ိုင္ယန္ကို ရာသီကုန္အထိ အငွားနဲ႔ ေခၚယူလိုက္တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ဘ႐ိုက္တန္ဂိုးသမား မတ္႐ိုင္ယန္ကို ရာသီကုန္အထိ အငွားနဲ႔ ေခၚယူလိုက္ၿပီ ျဖစ္ပါတယ္။ အာဆင္နယ္နည္းျပ အာတီတာ ဟာ အသင္းရဲ႕ နံပါတ္ (၂) ဂိုးသမား ျဖစ္တဲ့ ရန္နာဆန္ဟာ လီႏိုေနရာအတြက္ အေထာက္အကူမျဖစ္လို႔ အခုလိုမ်ိဳး ေနာက္ထပ္ ဂိုးသမား တစ္ေယာက္ကို ေခၚယူခဲ့တာပါ။

ေသာၾကာေန႔မွာပဲ အသက္ ၂၈ ႏွစ္အရြယ္ ႐ိုင္ယန္ဟာ အာဆင္နယ္ကို ေျပာင္းေရႊ႕သြားၿပီလို႔ အတည္ျပဳသတင္းထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ၾသစေတးလ် လက္ေရြးစင္ဂိုးသမားဟာ ဘ႐ိုက္တန္အသင္းရဲ႕ပထမဂိုးသမားအျဖစ္ (၃) ႏွစ္ေက်ာ္ၾကာ ကစားေပးခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ရာသီကတည္းက အသင္းဆီကို ဆန္းခ်က္ဇ္ ေရာက္လာလို႔ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနသူပါ။

႐ိုင္ယန္ဟာ ၂၀၁၇ ခုႏွစ္က ဗလင္စီယာအသင္းကေန ဘ႐ိုက္တန္ကို အဲ့ဒီအခ်ိန္က ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ ေၾကး နဲ႔ ေရာက္ရွိလာသူျဖစ္ပါတယ္။ သူဟာ ဘ႐ိုက္တန္အတြက္ (၁၂၁) ပြဲကစားေပးခဲ့ပါတယ္။ ဒီရာသီမွာေတာ့ အသင္းအတြက္ ပရီးမီးယားလိဂ္မွာ (၁၁) ပြဲကစားေပးခဲ့ေပမယ့္ လက္စတာကို (၃-၀) နဲ႔ ရႈံးၿပီးကတည္းက ပါ၀င္ကစားခြင့္ မရေတာ့သူ ျဖစ္ပါတယ္။