အခုအချိန် အမှတ်ပေးဖလားအကြောင်း မစဉ်းစားနိုင်တော့ဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က သူ့အသင်းဟာ အခုအချိန် အမှတ်ပေးဖလားအကြောင်းကိုတောင် မစဉ်းစားနိုင်တော့ဘူးလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် (၅) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး သူတို့ရဲ့ အဆိုးရွားဆုံး အချိန်ကာလကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

အိမ်ကွင်း (၆၈) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ဟာ မနေ့ညက ဘန်လေအသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပျက်ဆီးခဲ့ရတာဖြစ်ပြီး အမှတ်ပေးဇယားမှာလည်း အဆင့် (၄) နေရာကို ရောက်ရှိနေပါတယ်။

“” အခုအချိန်ဝေဖန်နေကြတဲ့စကားလုံးတိုင်းက မျက်နှာတည့်တည့်ကို ထိုးနေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါတွေက ကျွန်တော့်တာဝန်တွေပါ။

ကျွန်တော်တို့ဟာ ဘောလုံးပိုင်ဆိုင်မှုမှာ အသာရပေမယ့် အခွင့်အရေးတွေ နဲ့ အဆုံးသတ်ပိုင်းမှာ လိုအပ်ခဲ့ပါတယ်။ ပင်နယ်တီပေးခဲ့ရာမှာလည်း အလစ်ဆန်က သူမထိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ပြန်မကြည့်ဖြစ်ခဲ့ပါဘူး။ အခုကတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး။ ဘောလုံးမှာ အချိန်အများကြီးမရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ အများကြီး ကြိုးစားရမှာပါ။ အခုအချိန်မှာ ကျွန်တော်တို့ အမှတ်ပေးဖလားအကြောင်းတောင် စဉ်းစားလို့မရနိုင်ဘူး””လို့ ကလော့ပ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အခုအခ်ိန္ အမွတ္ေပးဖလားအေၾကာင္း မစဥ္းစားႏိုင္ေတာ့ဘူးလို႔ ဆိုလိုက္တဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က သူ႔အသင္းဟာ အခုအခ်ိန္ အမွတ္ေပးဖလားအေၾကာင္းကိုေတာင္ မစဥ္းစားႏိုင္ေတာ့ဘူးလို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္ (၅) ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆံုးေနၿပီး သူတို႔ရဲ႕ အဆိုးရြားဆံုး အခ်ိန္ကာလကို ျဖတ္သန္းေနရတာ ျဖစ္ပါတယ္။

အိမ္ကြင္း (၆၈) ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ဟာ မေန႔ညက ဘန္ေလအသင္းကို (၁-၀) နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပ်က္ဆီးခဲ့ရတာျဖစ္ၿပီး အမွတ္ေပးဇယားမွာလည္း အဆင့္ (၄) ေနရာကို ေရာက္ရွိေနပါတယ္။

“” အခုအခ်ိန္ေ၀ဖန္ေနၾကတဲ့စကားလံုးတိုင္းက မ်က္ႏွာတည့္တည့္ကို ထိုးေနသလိုပါပဲ။ ဘာပဲျဖစ္ျဖစ္ ဒါေတြက ကၽြန္ေတာ့္တာ၀န္ေတြပါ။

ကၽြန္ေတာ္တို႔ဟာ ေဘာလံုးပိုင္ဆိုင္မႈမွာ အသာရေပမယ့္ အခြင့္အေရးေတြ နဲ႔ အဆံုးသတ္ပိုင္းမွာ လိုအပ္ခဲ့ပါတယ္။ ပင္နယ္တီေပးခဲ့ရာမွာလည္း အလစ္ဆန္က သူမထိခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္လည္း ျပန္မၾကည့္ျဖစ္ခဲ့ပါဘူး။ အခုကေတာ့ ဘယ္သူ႔ကိုမွ အျပစ္တင္လို႔မရပါဘူး။ ေဘာလံုးမွာ အခ်ိန္အမ်ားႀကီးမရွိပါဘူး။ ကၽြန္ေတာ္တို႔ အေနနဲ႔ အမ်ားႀကီး ႀကိဳးစားရမွာပါ။ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ အမွတ္ေပးဖလားအေၾကာင္းေတာင္ စဥ္းစားလို႔မရႏိုင္ဘူး””လို႔ ကေလာ့ပ္က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။