အသင်းမှာရှိတဲ့ ကစားသမားကောင်းတွေကို ထိန်းထားနိုင်ဖို့ စီစဉ်ရတာ ခက်ခဲ့ကြောင်း ပြောခဲ့တဲ့ အာတီတာ


အာဆင်နယ်နည်းပြ အာတီတာက အသင်းကနေ ကစားသမားကောင်းတွေဖြစ်တဲ့ အိုဇေးလ်၊ ကိုလာဆီနက်စ်နဲ့ ဆိုကရာ တစ်တို့ ထွက်သွားပြီးနောက် အသင်းမှာရှိတဲ့ကစားသမားကောင်းတွေကို ထိန်းထားနိုင်ဖို့ စီစဉ်ရတာ ခက်ခဲကြောင်းပြောခဲ့ ပါတယ်။ အသင်းမှာ ပုံမှန်နေရာမရဖြစ်နေပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် လူစာရင်းကနေ ဖယ်ရှားခံခဲ့ရတဲ့ အိုဇေးလ်ဟာ တူရကီကလပ် ဖီနာဘာချီကို ပြောင်းရွှေ့ကစားတော့မှာပဲ ဖြစ်ပါတယ်။


နောက်ခံလူတစ်ဦးဖြစ်တဲ့ ကိုလာဆီနက်စ်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ရှော်ကေးအသင်းနဲ့ အဌားနဲ့ပြောင်းရွှေ့သွားခဲ့ တာဖြစ်ပြီး ဆိုကရာတစ်ကတော့ ရာသီအကုန်မှာ ကုန်ဆုံးမယ့်စာချုပ်သက်တမ်းကို စောပြီးဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ သိ ရပါတယ်။ အာဆင်နယ်နည်းပြ အာတီတာက အသင်းကနေကစားသမားကောင်းတွေ ထွက်သွားပေးမယ့် ရလဒ်ကောင်း တွေရရှိအောင် အသင်းမှာကျန်တဲ့ကစားသမားတွေက အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။


အာတီတာက “ အသင်းကနေ ကစားသမားတွေထွက်သွားတာကြောင့် ကျွန်တော်အတွက်အရေးကြီးပါတယ်။ တကယ်က အသင်းမှာရှိတဲ့သူတွေက ကစားခွင့်ရမယ့်နေရာအတွက် တိုက်ပွဲဝင်ရမှာပဲဖြစ်ပါတယ်။ အိုဇေးလ်ဆိုရင်လည်း ကစားသမား ကောင်းတစ်ယောက်ဖြစ်ပေမယ့် ရုန်းကန်နေရပါတယ်။ နောက်ဆုံးမှာတော့ အသင်းပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ တူရ ကီကလပ် ဖီနာဘာချီမှာ သူအဆင်ပြေဖို့အတွက် ဆုတောင်းပေးရမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

အသင္းမွာရွိတဲ့ ကစားသမားေကာင္းေတြကို ထိန္းထားႏိုုင္ဖို႔ စီစဥ္ရတာ ခက္ခဲ့ေၾကာင္း ေျပာခဲ့တဲ့ အာတီတာ
အာဆင္နယ္နည္းျပ အာတီတာက အသင္းကေန ကစားသမားေကာင္းေတြျဖစ္တဲ့ အိုေဇးလ္၊ ကိုလာဆီနက္စ္နဲ႔ ဆိုကရာ တစ္တို႔ ထြက္သြားၿပီးေနာက္ အသင္းမွာရွိတဲ့ကစားသမားေကာင္းေတြကို ထိန္းထားႏိုင္ဖို႔ စီစဥ္ရတာ ခက္ခဲေၾကာင္းေျပာခဲ့ ပါတယ္။ အသင္းမွာ ပံုမွန္ေနရာမရျဖစ္ေနၿပီး ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ လူစာရင္းကေန ဖယ္ရွားခံခဲ့ရတဲ့ အိုေဇးလ္ဟာ တူရကီကလပ္ ဖီနာဘာခ်ီကို ေျပာင္းေရႊ႕ကစားေတာ့မွာပဲ ျဖစ္ပါတယ္။
ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ကိုလာဆီနက္စ္ကလည္း ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ေရွာ္ေကးအသင္းနဲ႔ အဌားနဲ႔ေျပာင္းေရႊ႕သြားခဲ့ တာျဖစ္ၿပီး ဆိုကရာတစ္ကေတာ့ ရာသီအကုန္မွာ ကုန္ဆံုးမယ့္စာခ်ဳပ္သက္တမ္းကို ေစာၿပီးဖ်က္သိမ္းခဲ့တာျဖစ္တယ္လို႔ သိ ရပါတယ္။ အာဆင္နယ္နည္းျပ အာတီတာက အသင္းကေနကစားသမားေကာင္းေတြ ထြက္သြားေပးမယ့္ ရလဒ္ေကာင္း ေတြရရွိေအာင္ အသင္းမွာက်န္တဲ့ကစားသမားေတြက အေကာင္းဆံုးလုပ္ေဆာင္ႏိုင္မယ္လို႔လည္း ေျပာခဲ့ပါတယ္။
အာတီတာက “ အသင္းကေန ကစားသမားေတြထြက္သြားတာေၾကာင့္ ကၽြန္ေတာ္အတြက္အေရးႀကီးပါတယ္။ တကယ္က အသင္းမွာရွိတဲ့သူေတြက ကစားခြင့္ရမယ့္ေနရာအတြက္ တိုက္ပြဲဝင္ရမွာပဲျဖစ္ပါတယ္။ အိုေဇးလ္ဆိုရင္လည္း ကစားသမား ေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ ႐ုန္းကန္ေနရပါတယ္။ ေနာက္ဆံုးမွာေတာ့ အသင္းေျပာင္းေရႊ႕ဖို႔ ျဖစ္လာခဲ့ပါတယ္။ တူရ ကီကလပ္ ဖီနာဘာခ်ီမွာ သူအဆင္ေျပဖို႔အတြက္ ဆုေတာင္းေပးရမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။