အိုဒီဂတ်ကို အာဆင်နယ်အသင်း အငှားနဲ့ ခေါ်ယူသွားနိုင်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဒီဂတ်ကို အာဆင်နယ်အသင်းက အငှားနဲ့ ခေါ်ယူလို့ ရနိုင်ဖွယ်ရှိနေပါတယ်။ အီတလီက အပြောင်းအရွှေ့ နာမည်ကြီး သတင်းထောက် ဖေဘရီဇီယိုရိုမန်နိုကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲကစားခွင့် ပျောက်ဆုံးနေတဲ့ အသက် ၂၂ နှစ်အရွယ်ကစားသမားကို မိုက်ကယ်အာတီတာရဲ့ အသင်းက အငှားနဲ့ ကမ်းလှမ်းရန် စဉ်းစားနေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီလမကုန်ခင် အသင်းသစ်ကို ပြောင်းရွှေ့မယ့်ကိစ္စအတွက် မိသားစုဝင်တွေနဲ့ ပြန်လည်တိုင်ပင်ဦးမယ်လို့ သိရပါတယ်။ အိုဒီဂတ်ကိုယ်တိုင်ကလည်း ဒီရာသီ ပြိုင်ပွဲစုံ (၉) ပွဲသာ ကစားခွင့်ရထားလို့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပါတယ်။ နော်ဝေးလက်ရွေးစင်ကစားသမားကို ဆိုစီဒက်အသင်းက ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဆိုစီဒက်အသင်းမှာ (၃) နှစ် အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ခြေစွမ်းတွေ ပြသခဲ့သူ ဖြစ်ပါတယ်။

အေဂျက်အသင်းကလည်း အိုဒီဂတ်ကို ကမ်းလှမ်းမှု လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ အာဆင်နယ် ၊ ဆိုစီဒက် နဲ့ အေဂျက်အသင်းတို့ဟာ ကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူရန် လက်ရှိမှာ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကိုအသက် ၁၆ နှစ် ၂၀၁၅ ခုနှစ်တုန်းက ရောက်ရှိလာခဲ့သူပါ။

အိုဒီဂတ္ကို အာဆင္နယ္အသင္း အငွားနဲ႔ ေခၚယူသြားႏိုင္ဖြယ္ရွိေန

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ကစားသမား အိုဒီဂတ္ကို အာဆင္နယ္အသင္းက အငွားနဲ႔ ေခၚယူလို႔ ရႏိုင္ဖြယ္ရွိေနပါတယ္။ အီတလီက အေျပာင္းအေရႊ႕ နာမည္ႀကီး သတင္းေထာက္ ေဖဘရီဇီယို႐ိုမန္ႏိုကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းမွာ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနတဲ့ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို မိုက္ကယ္အာတီတာရဲ႕ အသင္းက အငွားနဲ႔ ကမ္းလွမ္းရန္ စဥ္းစားေနတယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

သူ႔အေနနဲ႔ ဒီလမကုန္ခင္ အသင္းသစ္ကို ေျပာင္းေရႊ႕မယ့္ကိစၥအတြက္ မိသားစု၀င္ေတြနဲ႔ ျပန္လည္တိုင္ပင္ဦးမယ္လို႔ သိရပါတယ္။ အိုဒီဂတ္ကိုယ္တိုင္ကလည္း ဒီရာသီ ၿပိဳင္ပြဲစံု (၉) ပြဲသာ ကစားခြင့္ရထားလို႔ ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့သူျဖစ္ပါတယ္။ ေနာ္ေ၀းလက္ေရြးစင္ကစားသမားကို ဆိုစီဒက္အသင္းက ေခၚယူႏိုင္ရန္ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ အိုဒီဂတ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းကေန ဆိုစီဒက္အသင္းမွာ (၃) ႏွစ္ အငွားနဲ႔ သြားေရာက္ကစားခဲ့ၿပီး ေျခစြမး္ေတြ ျပသခဲ့သူ ျဖစ္ပါတယ္။

ေအဂ်က္အသင္းကလည္း အိုဒီဂတ္ကို ကမ္းလွမ္းမႈ လုပ္ခဲ့ေသးတယ္လို႔ သိရပါတယ္။ အာဆင္နယ္ ၊ ဆိုစီဒက္ နဲ႔ ေအဂ်က္အသင္းတို႔ဟာ ကြင္းလယ္ဖန္တီးရွင္ကို ေခၚယူရန္ လက္ရွိမွာ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။ အိုဒီဂတ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းဆီကိုအသက္ ၁၆ ႏွစ္ ၂၀၁၅ ခုႏွစ္တုန္းက ေရာက္ရွိလာခဲ့သူပါ။