ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခွင့် မပိတ်ပင်ရန် စပါးအသင်းဥက္ကဌ လီဗိုင်းကို တောင်းပန်လိုက်တဲ့ ဒယ်လီအလီ

စပါးကွင်းလယ်လူ ဒယ်လီအလီဟာ အသင်းကနေ ပြောင်းရွှေ့ချင်နေသူဖြစ်ပါတယ်။ အလီဟာ လက်ရှိမှာ နည်းပြ မော်ရင်ဟို လက်အောက်၌ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေပြီး ရုန်းကန်နေရပါတယ်။ ပွဲကစားချိန်နည်းပါးလွန်းနေတဲ့အတွက် အလီဟာ ဒီလအပြောင်းအရွှေ့မှာပဲ အသင်းကနေ အငှားနဲ့ ဖြစ်ဖြစ်၊ အပြီးသတ်ဖြစ်ဖြစ် ပြောင်းရွှေ့ချင်နေသူဖြစ်ပါတယ်။

သတင်းများအရ အင်္ဂလိပ်ကစားသမားကို သူ့ရဲ့ ဆရာဟောင်းပိုချက်တီနို လက်ရှိအချိန်မှာ ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူနိုင်ရန် မျှော်လင့်နေတယ်လို့ သိရပါတယ်။ စပါးအသင်းဥက္ကဌ လီဗိုင်းကတော့ အပြောင်းအရွှေ့ မဖြစ်ပေါ်စေရန်အတွက် ဒယ်လီအလီအတွက် ပြောင်းရွှေ့ကြေးကို မြင့်မြင့်မားမားတောင်းဆိုနေတာ ဖြစ်ပါတယ်။

လီဗိုင်းကတော့ အလီဟာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်နေသေးတဲ့အတွက် ဈေးပေါပေါ နဲ့ လက်လွှတ်မခံချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ သူက အနည်းဆုံး (၆) လလောက်ပဲ အငှားချချင်နေတာဖြစ်ပြီး ဝယ်ယူခွင့်လည်း မပေးချင်ဘူး ဖြစ်နေပါတယ်။ ပီအက်စ်ဂျီအသင်းဘက်ကတော့ အနည်းဆုံး (၁၈) လ အငှားနဲ့ ခေါ်ယူချင်နေတာလို့ သိရပါတယ်။

ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ခြင့္ မပိတ္ပင္ရန္ စပါးအသင္းဥကၠဌ လီဗိုင္းကို ေတာင္းပန္လိုက္တဲ့ ဒယ္လီအလီ

စပါးကြင္းလယ္လူ ဒယ္လီအလီဟာ အသင္းကေန ေျပာင္းေရႊ႕ခ်င္ေနသူျဖစ္ပါတယ္။ အလီဟာ လက္ရွိမွာ နည္းျပ ေမာ္ရင္ဟို လက္ေအာက္၌ ပံုမွန္ကစားခြင့္ ေပ်ာက္ဆံုးေနၿပီး ႐ုန္းကန္ေနရပါတယ္။ ပြဲကစားခ်ိန္နည္းပါးလြန္းေနတဲ့အတြက္ အလီဟာ ဒီလအေျပာင္းအေရႊ႕မွာပဲ အသင္းကေန အငွားနဲ႔ ျဖစ္ျဖစ္၊ အၿပီးသတ္ျဖစ္ျဖစ္ ေျပာင္းေရႊ႕ခ်င္ေနသူျဖစ္ပါတယ္။

သတင္းမ်ားအရ အဂၤလိပ္ကစားသမားကို သူ႔ရဲ႕ ဆရာေဟာင္းပိုခ်က္တီႏို လက္ရွိအခ်ိန္မွာ ကိုင္တြယ္ေနတဲ့ ပီအက္စ္ဂ်ီအသင္းကလည္း ေခၚယူႏိုင္ရန္ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။ စပါးအသင္းဥကၠဌ လီဗိုင္းကေတာ့ အေျပာင္းအေရႊ႕ မျဖစ္ေပၚေစရန္အတြက္ ဒယ္လီအလီအတြက္ ေျပာင္းေရႊ႕ေၾကးကို ျမင့္ျမင့္မားမားေတာင္းဆိုေနတာ ျဖစ္ပါတယ္။

လီဗိုင္းကေတာ့ အလီဟာ ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္ေနေသးတဲ့အတြက္ ေစ်းေပါေပါ နဲ႔ လက္လႊတ္မခံခ်င္ေနတာ ျဖစ္တယ္လို႔ သိရပါတယ္။ သူက အနည္းဆံုး (၆) လေလာက္ပဲ အငွားခ်ခ်င္ေနတာျဖစ္ၿပီး ၀ယ္ယူခြင့္လည္း မေပးခ်င္ဘူး ျဖစ္ေနပါတယ္။ ပီအက္စ္ဂ်ီအသင္းဘက္ကေတာ့ အနည္းဆံုး (၁၈) လ အငွားနဲ႔ ေခၚယူခ်င္ေနတာလို႔ သိရပါတယ္။