လက်ရှိယူနိုက်တက်မှာ အကောင်းဆုံးတိုက်စစ်မှူးက ကာဗာနီဖြစ်ကြောင်း စစ်တမ်းတွေရဲ့မှတ်တမ်းတွေအရ သိရ


ယူနိုက်တက်အသင်းရဲ့ လက်ရှိတိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ်လ်၊ ဂရင်းဝုဒ်နဲ့ ကာဗာနီတို့ကို ကစားခဲ့တဲ့ပွဲ၊ စွမ်း ဆောင်ရည်အရ တွက်ချက်ကြည့်ရမှာတော့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ခေါ်ယူထားတဲ့ ကာဗာနီက စွမ်းဆောင် ရည်အကောင်းဆုံးဖြစ်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ကာဗာနီဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၅၀၆ မိနစ်ကစားပေးထားပြီး သွင်းဂိုး ၄ ဂိုးသွင်းယူထားနိုင်တာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းတိုက်စစ်မှူး လေးဦးရဲ့ကစားထားတဲ့အချိန်တွေကို တစ်ပွဲစာဖြစ်တဲ့ မိနစ် ၉၀ နဲ့တွက်ချက်ပြီး အချိုးချ ကြည့်ခဲ့ရာမှာတော့ ကာဗာနီက ဂိုးသွင်းအကောင်းဆုံး၊ ဂိုးဖန်တီးအကောင်းဆုံး၊ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်ခြိမ်းခြောက် မှုတွေမှာ အကောင်းဆုံးဖြစ်နေခဲ့တာကို အချက်အလက်မှတ်တမ်းတွေအရ သိရပါတယ်။ ကာဗာနီရဲ့နောက်မှာ ရက်ရှ်ဖို့ဒ် က ဒုတိယနေရာမှာ ရှိနေတာဖြစ်ပြီး မာရှယ်လ်နဲ့ ဂရင်းဝုဒ်တို့က အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။


အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ ပြီးခဲ့တဲ့ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် BT Sport ကပေးတဲ့ ပွဲအလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းကွင်း လယ်လူ ပေါ့ဘာက “ အက်ဒီ(ကာဗာနီ)က တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ သူရဲ့အရည်အချင်းတွေကို နာပိုလီနဲ့ ပီ အက်စ်ဂျီအသင်းတွေမှာ ပြခဲ့ပြီးပါပြီ။ အသင်းမှာ သူရှိနေတာက တိုက်စစ်အတွက် အကောင်းဆုံးပါပဲ” လို့ပြောသွားခဲ့ ပါတယ်။

zawgyi version

လက္ရွိယူႏိုက္တက္မွာ အေကာင္းဆံုးတိုက္စစ္မွဴးက ကာဗာနီျဖစ္ေၾကာင္း စစ္တမ္းေတြရဲ႕မွတ္တမ္းေတြအရ သိရ
ယူႏိုက္တက္အသင္းရဲ႕ လက္ရွိတိုက္စစ္မွဴးေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္၊ မာရွယ္လ္၊ ဂရင္းဝုဒ္နဲ႔ ကာဗာနီတို႔ကို ကစားခဲ့တဲ့ပြဲ၊ စြမ္း ေဆာင္ရည္အရ တြက္ခ်က္ၾကည့္ရမွာေတာ့ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကမွ ေခၚယူထားတဲ့ ကာဗာနီက စြမ္းေဆာင္ ရည္အေကာင္းဆံုးျဖစ္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ ကာဗာနီဟာ ယူႏိုက္တက္အတြက္ ၿပိဳင္ပြဲစံု ၁၂ ပြဲမွာ ၅၀၆ မိနစ္ကစားေပးထားၿပီး သြင္းဂိုး ၄ ဂိုးသြင္းယူထားႏိုင္တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းတိုက္စစ္မွဴး ေလးဦးရဲ႕ကစားထားတဲ့အခ်ိန္ေတြကို တစ္ပြဲစာျဖစ္တဲ့ မိနစ္ ၉၀ နဲ႔တြက္ခ်က္ၿပီး အခ်ိဳးခ် ၾကည့္ခဲ့ရာမွာေတာ့ ကာဗာနီက ဂိုးသြင္းအေကာင္းဆံုး၊ ဂိုးဖန္တီးအေကာင္းဆံုး၊ ဂိုးေပါက္ကန္သြင္းမႈနဲ႔ ဂိုးေပါက္ၿခိမ္းေျခာက္ မႈေတြမွာ အေကာင္းဆံုးျဖစ္ေနခဲ့တာကို အခ်က္အလက္မွတ္တမ္းေတြအရ သိရပါတယ္။ ကာဗာနီရဲ႕ေနာက္မွာ ရက္ရွ္ဖို႔ဒ္ က ဒုတိယေနရာမွာ ရွိေနတာျဖစ္ၿပီး မာရွယ္လ္နဲ႔ ဂရင္းဝုဒ္တို႔က အစဥ္လိုက္ရပ္တည္ေနၾကတာ ျဖစ္ပါတယ္။
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ကာဗာနီဟာ ၿပီးခဲ့တဲ့ဖူလ္ဟမ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာလည္း ေခ်ပဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ BT Sport ကေပးတဲ့ ပြဲအလိုက္အေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းကြင္း လယ္လူ ေပါ့ဘာက “ အက္ဒီ(ကာဗာနီ)က တိုက္စစ္မွဴးေကာင္းတစ္ေယာက္ပါ။ သူရဲ႕အရည္အခ်င္းေတြကို နာပိုလီနဲ႔ ပီ အက္စ္ဂ်ီအသင္းေတြမွာ ျပခဲ့ၿပီးပါၿပီ။ အသင္းမွာ သူရွိေနတာက တိုက္စစ္အတြက္ အေကာင္းဆံုးပါပဲ” လို႔ေျပာသြားခဲ့ ပါတယ္။