ပရီးမီးယားလိဂ်ထိပ်သီး ၆ သင်းကို တစ်သင်းစီ ပေါင်သန်း ၃၁၀ ပေးပြီး ဥရောပစူပါလိဂ်မှာ ကစားဖို့ ကမ်းလှမ်းခံခဲ့ရ


ဖီဖာရဲ့နိုင်ငံတကာပွဲစဉ်တွေကြောင့် ဥရောပထိပ်သီးကလပ်အသင်းတာဝန်ရှိသူတွေဟာ ချန်ပီယံလိဂ်လိုမျိုး ဥရောပစူပါ လိဂ်ပြိုင်ပွဲကို ကျင်းပဖို့ စီစဉ်ခဲ့ကြပါတယ်။ ဥရောပထိပ်သီးလိဂ်တွေက နာမည်ကျော်ကလပ်တွေသာ ပါဝင်ယှဉ်ပြိုင်မယ့် စူပါလိဂ်မှာ ကစားဖို့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေကလည်း သဘောတူညီထားခဲ့တာကြောင့် ပြိုင်ပွဲကျင်းပဖို့ စီစဉ် သူတွေဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို ပေါင်သန်း ၃၁၀ ပေးပြီး ကစားပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။


The Times သတင်းစာရဲ့ဖော်ပြချက်အရတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ ယူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ စပါးနဲ့ အာဆင်နယ်တို့ဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ကစားဖို့အတွက် သဘောတူညီမှုပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ်ရဲ့ ပြောကြားမှုအရတော့ လီဗာပူး၊ ယူနိုက်တက်၊ အေစီမီလန်နဲ့ ရီးရဲလ်အသင်း တွေက စူပါလိဂ်ဖြစ်မြောက်ဖို့ အဓိကပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။


ဥရောပစူပါလိဂ်ပြိုင်ပွဲအတွက် ရန်ပုံငွေကို ပေါင် ၃.၁ ဘီလီယံအထိ သတ်မှတ်ထားတယ်လို့ သိရပြီး ကလပ်အသင်း ၁၅ သင်းပါဝင်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့အသင်းတွေကိုာအသုံးစရိတ်အဖြစ် ပေါင် ၈၉ သန်း ကနေ ပေါင်သန်း ၃၁၀ ကြား ထောက်ပံပေးသွားမယ်လို့လည်း သိရပါတယ်။ အသင်းကနေ နုတ်ထွက်သွားတဲ့ ဥက္ကဌ ဟောင်း ဘာတိုမီယူကလည်း ဥရောပစူပါလိဂ်ပြိုင်ပွဲအတွက် ဘာစီလိုနာက အမြဲတမ်းအဆင်သင့်ရှိနေတယ်လို့ ပြောခဲ့ဖူး တယ်လို့လည်း သိရပါတယ်။

zawgyi version

ပရီးမီးယားလိဂ္ထိပ္သီး ၆ သင္းကို တစ္သင္းစီ ေပါင္သန္း ၃၁၀ ေပးၿပီး ဥေရာပစူပါလိဂ္မွာ ကစားဖို႔ ကမ္းလွမ္းခံခဲ့ရ
ဖီဖာရဲ႕ႏိုင္ငံတကာပြဲစဥ္ေတြေၾကာင့္ ဥေရာပထိပ္သီးကလပ္အသင္းတာဝန္ရွိသူေတြဟာ ခ်န္ပီယံလိဂ္လိုမ်ိဳး ဥေရာပစူပါ လိဂ္ၿပိဳင္ပြဲကို က်င္းပဖို႔ စီစဥ္ခဲ့ၾကပါတယ္။ ဥေရာပထိပ္သီးလိဂ္ေတြက နာမည္ေက်ာ္ကလပ္ေတြသာ ပါဝင္ယွဥ္ၿပိဳင္မယ့္ စူပါလိဂ္မွာ ကစားဖို႔ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြကလည္း သေဘာတူညီထားခဲ့တာေၾကာင့္ ၿပိဳင္ပြဲက်င္းပဖို႔ စီစဥ္ သူေတြဟာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြကို ေပါင္သန္း ၃၁၀ ေပးၿပီး ကစားေပးဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။
The Times သတင္းစာရဲ႕ေဖာ္ျပခ်က္အရေတာ့ ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ ယူႏိုက္တက္၊ မန္စီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူး၊ စပါးနဲ႔ အာဆင္နယ္တို႔ဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ကစားဖို႔အတြက္ သေဘာတူညီမႈျပဳလုပ္ထားတယ္လို႔လည္း သိရပါတယ္။ ရီးရဲလ္အသင္းဥကၠဌ ပီရက္ဇ္ရဲ႕ ေျပာၾကားမႈအရေတာ့ လီဗာပူး၊ ယူႏိုက္တက္၊ ေအစီမီလန္နဲ႔ ရီးရဲလ္အသင္း ေတြက စူပါလိဂ္ျဖစ္ေျမာက္ဖို႔ အဓိကပါဝင္ေဆာင္ရြက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ဥေရာပစူပါလိဂ္ၿပိဳင္ပြဲအတြက္ ရန္ပံုေငြကို ေပါင္ ၃.၁ ဘီလီယံအထိ သတ္မွတ္ထားတယ္လို႔ သိရၿပီး ကလပ္အသင္း ၁၅ သင္းပါဝင္ယွဥ္ၿပိဳင္ဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။ ပါဝင္ယွဥ္ၿပိဳင္တဲ့အသင္းေတြကိုာအသံုးစရိတ္အျဖစ္ ေပါင္ ၈၉ သန္း ကေန ေပါင္သန္း ၃၁၀ ၾကား ေထာက္ပံေပးသြားမယ္လို႔လည္း သိရပါတယ္။ အသင္းကေန ႏုတ္ထြက္သြားတဲ့ ဥကၠဌ ေဟာင္း ဘာတိုမီယူကလည္း ဥေရာပစူပါလိဂ္ၿပိဳင္ပြဲအတြက္ ဘာစီလိုနာက အၿမဲတမ္းအဆင္သင့္ရွိေနတယ္လို႔ ေျပာခဲ့ဖူး တယ္လို႔လည္း သိရပါတယ္။