အားလုံးက ကျွန်တော်အမှားတွေပါ လို့ ဘန်လေကို ရှုံးတဲ့ပွဲအပြီးမှာ ပြောခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လီဗာပူးဟာ အိမ်ကွင်းမှာကစားရတာဖြစ်ပေမယ့် ဘန်လေကို ရှုံးခဲ့တာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ယူနိုက်တက်နဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ လီဗာပူးဟာ ဘန်လေနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်အထိ ကန်သွင်းနိုင်ခဲ့ပေမယ့် ဂိုးရရှိအောင်သွင်းယူနိုင်ခြင်းမရှိ တာကြောင့် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။


လီဗာပူးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာဖြစ်သလို ဒီငါးပွဲမှာလည်း ဂိုးမသွင်းနိုင်တဲ့ပွဲက လေးပွဲ အထိရှိခဲ့တာကြောင့် ပြစ်တင်ဝေဖန်ခံမှုတွေ ခံခဲ့ရတာဖြစ်ပြီး ဒီအပြစ်တွေအားလုံးက သူကြောင့်သာဖြစ်တယ်လို့ ကလော့ပ် က ပွဲအပြီးမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲမှာ လီဗာပူးဟာ အဓိက,ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဆာ လက်နဲ့ ဖာမီနိုတို့ကို ပွဲထွက်စာရင်းမှာ အသုံးမပြုခဲ့ဘဲ ဆာလက်နဲ့ ဖာမီနိုတို့ကို လူစားဝင်ကစားစေခဲ့ပေမယ့် အနိုင်မရခဲ့တာ ပဲ ဖြစ်ပါတယ်။


Sky Sports ကနေတဆင့် ပွဲအပြီးမှာတော့ ကလော့ပ်က “ ရှုံးပွဲအတွက် တာဝန်အရှိဆုံးက ကျွန်တော်ပါ။ အားလုံး ကျွန်တော်အမှားတွေကြောင့်ပါ။ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် အကောင်းဆုံးမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ရှုံးပွဲက ပထမဆုံးနဲ့ နောက်ဆုံးဖြစ်တာလည်း မဟုတ်ပါဘူး။ လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးပြန်လာနိုင်ဖို့ လုပ်ဆောင်သွား မှာပါ” လို့ ပြောခဲ့ပါတယ်။ လီဗာပူးဟာ လာမယ့်အက်ဖ်အေဖလားပွဲစဉ်မှာလည်း ခြေစွမ်းကောင်းရနေတဲ့ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

အားလံုးက ကၽြန္ေတာ္အမွားေတြပါ လို႔ ဘန္ေလကို ရႈံးတဲ့ပြဲအၿပီးမွာ ေျပာခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ လီဗာပူးဟာ အိမ္ကြင္းမွာကစားရတာျဖစ္ေပမယ့္ ဘန္ေလကို ရႈံးခဲ့တာေၾကာင့္ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ယူႏိုက္တက္နဲ႔ ၆ မွတ္အထိ ကြာဟသြားခဲ့ပါတယ္။ လီဗာပူးဟာ ဘန္ေလနဲ႔ပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ ၂၇ ႀကိမ္အထိ ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဂိုးရရွိေအာင္သြင္းယူႏိုင္ျခင္းမရွိ တာေၾကာင့္ ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။
လီဗာပူးဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၅ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့တာျဖစ္သလို ဒီငါးပြဲမွာလည္း ဂိုးမသြင္းႏိုင္တဲ့ပြဲက ေလးပြဲ အထိရွိခဲ့တာေၾကာင့္ ျပစ္တင္ေဝဖန္ခံမႈေတြ ခံခဲ့ရတာျဖစ္ၿပီး ဒီအျပစ္ေတြအားလံုးက သူေၾကာင့္သာျဖစ္တယ္လို႔ ကေလာ့ပ္ က ပြဲအၿပီးမွာ ေျပာခဲ့တာပဲ ျဖစ္ပါတယ္။ ဘန္ေလနဲ႔ပြဲမွာ လီဗာပူးဟာ အဓိက,ကစားသမားေတြျဖစ္တဲ့ ဟန္ဒါဆန္၊ ဆာ လက္နဲ႔ ဖာမီႏိုတို႔ကို ပြဲထြက္စာရင္းမွာ အသံုးမျပဳခဲ့ဘဲ ဆာလက္နဲ႔ ဖာမီႏိုတို႔ကို လူစားဝင္ကစားေစခဲ့ေပမယ့္ အႏိုင္မရခဲ့တာ ပဲ ျဖစ္ပါတယ္။
Sky Sports ကေနတဆင့္ ပြဲအၿပီးမွာေတာ့ ကေလာ့ပ္က “ ရႈံးပြဲအတြက္ တာဝန္အရွိဆံုးက ကၽြန္ေတာ္ပါ။ အားလံုး ကၽြန္ေတာ္အမွားေတြေၾကာင့္ပါ။ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ေပမယ့္ အေကာင္းဆံုးမလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။ ရႈံးပြဲက ပထမဆံုးနဲ႔ ေနာက္ဆံုးျဖစ္တာလည္း မဟုတ္ပါဘူး။ လက္က်န္ပြဲစဥ္ေတြမွာ အေကာင္းဆံုးျပန္လာႏိုင္ဖို႔ လုပ္ေဆာင္သြား မွာပါ” လို႔ ေျပာခဲ့ပါတယ္။ လီဗာပူးဟာ လာမယ့္အက္ဖ္ေအဖလားပြဲစဥ္မွာလည္း ေျခစြမ္းေကာင္းရေနတဲ့ ယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။