မန်စီးတီးတိုက်စစ်မှူး အဂူရို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

မန်စီးတီးတိုက်စစ်မှူး အဂူရိုဟာ ကြာသပတေးနေ့က စစ်ဆေးမှုအပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အသင်းက ကြေညာခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက ကိုဗစ်ပိုးရှိတဲ့သူနဲ့ ထိတွေ့ခဲ့လို့ သီးသန့်နေထိုင်နေရသူဖြစ်ပြီး ယခုအခါ ကွာရာတင်းကာလအပြီး တစ်ရက်အကြာ ရောဂါပိုး စစ်ဆေးခဲ့ချိန်၌ ပိုးရှိတယ်လို့ သိရတာ ဖြစ်ပါတယ်။

အဂူရိုဟာ ဒီရာသီမှာ အောက်တိုဘာလကတည်းက ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် (၃) ပွဲပဲ ပါဝင်ကစားထားခဲ့ပြီး နောက် ယခုအခါ (၂)ပတ်လောက် ထပ်ပြီး သီးသန့်နေရထိုင်ရဦးမှာပါ။ မန်စီးတီးအသင်းဟာ အဂူရိုကို အင်္ဂါနေ့ ဝက်စ်ဘရွန်းအသင်းနဲ့ ကစားမယ့် ပွဲအတွက် ပြန်ပါနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပေမယ့် ယခုအခါ အနားယူရဦးမှာပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ အဆင့် (၂) နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က ယူနိုက်တက်အသင်းထက် တစ်ပွဲလျော့ကစားထားပြီး (၁) မှတ်ပဲ ကွာဟနေပါတယ်။

မန္စီးတီးတိုက္စစ္မွဴး အဂူ႐ို ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိ

မန္စီးတီးတိုက္စစ္မွဴး အဂူ႐ိုဟာ ၾကာသပေတးေန႔က စစ္ေဆးမႈအၿပီး ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ အသင္းက ေၾကညာခဲ့ပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားဟာ ဇန္နဝါရီ ၁၀ ရက္ေန႔ကတည္းက ကိုဗစ္ပိုးရွိတဲ့သူနဲ႔ ထိေတြ႕ခဲ့လို႔ သီးသန္႔ေနထိုင္ေနရသူျဖစ္ၿပီး ယခုအခါ ကြာရာတင္းကာလအၿပီး တစ္ရက္အၾကာ ေရာဂါပိုး စစ္ေဆးခဲ့ခ်ိန္၌ ပိုးရွိတယ္လို႔ သိရတာ ျဖစ္ပါတယ္။

အဂူ႐ိုဟာ ဒီရာသီမွာ ေအာက္တိုဘာလကတည္းက ရခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ (၃) ပြဲပဲ ပါ၀င္ကစားထားခဲ့ၿပီး ေနာက္ ယခုအခါ (၂)ပတ္ေလာက္ ထပ္ၿပီး သီးသန္႔ေနရထိုင္ရဦးမွာပါ။ မန္စီးတီးအသင္းဟာ အဂူ႐ိုကို အဂၤါေန႔ ၀က္စ္ဘရြန္းအသင္းနဲ႔ ကစားမယ့္ ပြဲအတြက္ ျပန္ပါႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ေပမယ့္ ယခုအခါ အနားယူရဦးမွာပဲျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ လက္ရွိပရီးမီးယားလိဂ္ အမွတ္ေပးဇယား၌ အဆင့္ (၂) ေနရာမွာ ရပ္တည္ေနၿပီး ဇယားထိပ္က ယူႏိုက္တက္အသင္းထက္ တစ္ပြဲေလ်ာ့ကစားထားၿပီး (၁) မွတ္ပဲ ကြာဟေနပါတယ္။