တပည့်ဟောင်း လင်ဂတ်ကို စပါးအသင်းဆီ ခေါ်ယူချင်နေတဲ့ နည်းပြ မော်ရင်ဟို

စပါးနည်းပြ မော်ရင်ဟိုဟာ တပည့်ဟောင်း လင်ဂတ်ကို ယူနိုက်တက်အသင်းဆီ ကနေ အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ လင်ဂတ်ကို ရှက်ဖီးယူနိုက်တက် ၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ အပြိုင်ခေါ်ယူရမှာ ဖြစ်ပါတယ်။ သတင်းများအရ ပရီးမီးယားလိဂ် (၃) သင်းက စိတ်ဝင်စားနေတဲ့အပြင် ပြင်သစ်ကလပ် နိုက်စ် နဲ့ ပေါ်တူဂီကလပ် ပေါ်တိုတို့ကလည်း လင်ဂတ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

သို့သော် စပါးကို ပြောင်းရွှေ့မယ်ဆိုပါက သူ့အကြောင်းကို အိုးထရက်ဖိုဒ့်မျာ ကောင်းကောင်းနားလည်တဲ့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပြန်လည် လက်တွဲရမှာပဲ ဖြစ်ပါတယ်။ သူတို့ (၂) ယောက်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၇ ခုနှစ်တုန်းက ကာရာဘောင်ဖလား နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး လင်ဂတ်လည်း အဲ့ဒီရာသီတုန်းက (၁၃) ဂိုးသွင်းခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

၂၀၂၀-၂၁ ဘောလုံးရာသီမှာတော့ လင်ဂတ်ဟာ ယူနိုက်တက်အသင်းအတွက် (၃) ပွဲသာ ကစားခွင့်ရထားပြီး အဲ့ဒီ (၃) ပွဲကလည်း ပြည်တွင်း ဖလားပွဲတွေပဲဖြစ်ပါတယ်။ လင်ဂတ်ကို ယူနိုက်တက်အသင်းဘက်က လည်း စာချုပ်သက်တမ်း တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်လို့ သူ့ရဲ့ အိုးထရက်ဖိုဒ့် စာချုပ်သက်တမ်းက (၁၈) လ ကျန်သေးတယ်လို့ ဆိုရမှာပါ။ လင်ဂတ်အနေနဲ့ တနင်္ဂနွေနေ့ လီဗာပူးလ်အသင်းနဲ့ ကစားမယ့် အက်ဖ်အေဖလားပွဲမှာတော့ ပါဝင်ကစားရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

တပည့္ေဟာင္း လင္ဂတ္ကို စပါးအသင္းဆီ ေခၚယူခ်င္ေနတဲ့ နည္းျပ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုဟာ တပည့္ေဟာင္း လင္ဂတ္ကို ယူႏိုက္တက္အသင္းဆီ ကေန အငွားနဲ႔ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုဟာ လင္ဂတ္ကို ရွက္ဖီးယူႏိုက္တက္ ၊ ၀က္စ္ဟမ္းအသင္းတို႔နဲ႔ အၿပိဳင္ေခၚယူရမွာ ျဖစ္ပါတယ္။ သတင္းမ်ားအရ ပရီးမီးယားလိဂ္ (၃) သင္းက စိတ္၀င္စားေနတဲ့အျပင္ ျပင္သစ္ကလပ္ ႏိုက္စ္ နဲ႔ ေပၚတူဂီကလပ္ ေပၚတိုတို႔ကလည္း လင္ဂတ္ကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

သို႔ေသာ္ စပါးကို ေျပာင္းေရႊ႕မယ္ဆိုပါက သူ႔အေၾကာင္းကို အိုးထရက္ဖိုဒ့္မ်ာ ေကာင္းေကာင္းနားလည္တဲ့ နည္းျပေဟာင္း ေမာ္ရင္ဟိုနဲ႔ ျပန္လည္ လက္တြဲရမွာပဲ ျဖစ္ပါတယ္။ သူတို႔ (၂) ေယာက္ဟာ ယူႏိုက္တက္အသင္းမွာ ၂၀၁၇ ခုႏွစ္တုန္းက ကာရာေဘာင္ဖလား နဲ႔ ယူ႐ိုပါလိဂ္ဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့ၿပီး လင္ဂတ္လည္း အဲ့ဒီရာသီတုန္းက (၁၃) ဂိုးသြင္းခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

၂၀၂၀-၂၁ ေဘာလံုးရာသီမွာေတာ့ လင္ဂတ္ဟာ ယူႏိုက္တက္အသင္းအတြက္ (၃) ပြဲသာ ကစားခြင့္ရထားၿပီး အဲ့ဒီ (၃) ပြဲကလည္း ျပည္တြင္း ဖလားပြဲေတြပဲျဖစ္ပါတယ္။ လင္ဂတ္ကို ယူႏိုက္တက္အသင္းဘက္က လည္း စာခ်ဳပ္သက္တမ္း တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိေနတာျဖစ္လို႔ သူ႔ရဲ႕ အိုးထရက္ဖိုဒ့္ စာခ်ဳပ္သက္တမ္းက (၁၈) လ က်န္ေသးတယ္လို႔ ဆိုရမွာပါ။ လင္ဂတ္အေနနဲ႔ တနဂၤေႏြေန႔ လီဗာပူးလ္အသင္းနဲ႔ ကစားမယ့္ အက္ဖ္ေအဖလားပြဲမွာေတာ့ ပါ၀င္ကစားရဖြယ္ရွိေနတာ ျဖစ္ပါတယ္။