လူတွေက ကျွန်တော်တို့ ရှုံးတာနဲ့ ပြောကြတာပဲ လို့ ဝေဖန်မှုတွေ တုံ့ပြန်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက မနေ့ညက ကစားခဲ့တဲ့ စပိန်ကိုပါဒဲလ်ရေးဖလားပြိုင်ပွဲမှာ လာလီဂါ တတိယတန်းက ကလပ်အသင်းလေးဖြစ်တဲ့ အဲလ်ကိုယန်နို အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အပေါ် အသင်းရဲ့ ကစားသမားတွေကို အပြစ်တင်ရန် ငြင်းဆန်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ် နဲ့ စပိန်လာလီဂါတွေမှာ ရလဒ်တွေ ဆိုးရွားခဲ့ကတည်းက ပြင်သစ်လူမျိုး နည်းပြအပေါ် မေးခွန်းထုတ်ခဲ့တာတွေက အစောကြီးကတည်းက ရှိနေခဲ့တာဖြစ်ပြီး မနေ့ညက ရှုံးပွဲကြောင့် ထပ်ပြီး ဖိအားတွေ တိုးခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ ရှုံးပြီးဆိုတာနဲ့ လူတွေက ပြောနေကျပါ။ ကျွန်တော်ကတော့ အေးဆေးပါပဲ။ ကစားသမားတွေကလည်း ကွင်းထဲမှာ ရှိတာနဲ့ အနိုင်လိုချင်နေကြတာပါပဲ။ နောက်လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်တာပေါ့။

ကစားသမားတွေက ကျွန်တော့်ကို ယုံကြည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒီရာသီမှာ ရလဒ်တွေ ကောင်းခဲ့တာတွေ အများကြီးရှိပါတယ်” လို့ ဇီဒန်းက ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဒီလိုအခြေအနေတွေအတွက် တာဝန်ရှိတယ်လို့ ခံစားရသလားလို့ မေးမြန်းခဲ့ရာ ဇီဒန်းက အပြစ်တင်တာတွေကို လက်ခံတယ်လို့ ပြောခဲ့ပါတယ်။

“နည်းပြအနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ဒါက ဘောလုံးပါ အခွင့်အရေးတွေကို ရသလိုယူရပါမယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါမျိုးက ဘောလုံးမှာ ဖြစ်တတ်ပါတယ်။ အခုက ကျွန်တော်တို့ ပြိုင်ပွဲက ထွက်သွားလို့ ခက်ခဲတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ အများကြီး ကြိုးစားသွားမယ်” လို့ ဇီဒန်းက ထပ်ပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။

လူေတြက ကၽြန္ေတာ္တို႔ ရႈံးတာနဲ႔ ေျပာၾကတာပဲ လို႔ ေ၀ဖန္မႈေတြ တံု႔ျပန္လိုက္တဲ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္း

ရီးရဲလ္မက္ဒရစ္နည္းျပ ဇီဒန္းက မေန႔ညက ကစားခဲ့တဲ့ စပိန္ကိုပါဒဲလ္ေရးဖလားၿပိဳင္ပြဲမွာ လာလီဂါ တတိယတန္းက ကလပ္အသင္းေလးျဖစ္တဲ့ အဲလ္ကိုယန္ႏို အသင္းကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့အေပၚ အသင္းရဲ႕ ကစားသမားေတြကို အျပစ္တင္ရန္ ျငင္းဆန္သြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ နဲ႔ စပိန္လာလီဂါေတြမွာ ရလဒ္ေတြ ဆိုးရြားခဲ့ကတည္းက ျပင္သစ္လူမ်ိဳး နည္းျပအေပၚ ေမးခြန္းထုတ္ခဲ့တာေတြက အေစာႀကီးကတည္းက ရွိေနခဲ့တာျဖစ္ၿပီး မေန႔ညက ရႈံးပြဲေၾကာင့္ ထပ္ၿပီး ဖိအားေတြ တိုးခဲ့တာျဖစ္ပါတယ္။

“ ကၽြန္ေတာ္တို႔ ရႈံးၿပီးဆိုတာနဲ႔ လူေတြက ေျပာေနက်ပါ။ ကၽြန္ေတာ္ကေတာ့ ေအးေဆးပါပဲ။ ကစားသမားေတြကလည္း ကြင္းထဲမွာ ရွိတာနဲ႔ အႏိုင္လိုခ်င္ေနၾကတာပါပဲ။ ေနာက္လာမယ့္ ရက္အနည္းငယ္အတြင္းမွာ ဘာေတြ ဆက္ျဖစ္လာမလဲဆိုတာ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္တာေပါ့။

ကစားသမားေတြက ကၽြန္ေတာ့္ကို ယံုၾကည္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ္တို႔ ႀကိဳးစားခဲ့ပါတယ္။ ဒီရာသီမွာ ရလဒ္ေတြ ေကာင္းခဲ့တာေတြ အမ်ားႀကီးရွိပါတယ္” လို႔ ဇီဒန္းက ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

ဒီလိုအေျခအေနေတြအတြက္ တာ၀န္ရွိတယ္လို႔ ခံစားရသလားလို႔ ေမးျမန္းခဲ့ရာ ဇီဒန္းက အျပစ္တင္တာေတြကို လက္ခံတယ္လို႔ ေျပာခဲ့ပါတယ္။

“နည္းျပအေနနဲ႔ ကၽြန္ေတာ့္မွာ တာ၀န္ရွိတယ္လို႔ ထင္ပါတယ္။ ဒါက ေဘာလံုးပါ အခြင့္အေရးေတြကို ရသလိုယူရပါမယ္။ ကၽြန္ေတာ္တို႔ အခြင့္အေရးေတြ ရခဲ့ပါတယ္။ ဒါမ်ိဳးက ေဘာလံုးမွာ ျဖစ္တတ္ပါတယ္။ အခုက ကၽြန္ေတာ္တို႔ ၿပိဳင္ပြဲက ထြက္သြားလို႔ ခက္ခဲတဲ့ အခ်ိန္ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ အမ်ားႀကီး ႀကိဳးစားသြားမယ္” လို႔ ဇီဒန္းက ထပ္ၿပီး ေျပာသြားခဲ့တာျဖစ္ပါတယ္။